Sunday, November 6, 2011

ခန္ဓာငါးပါး ဆိုတာ....


မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရုပ်၊ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်ဆိုပြီး ဒေသနာအစဉ်အားဖြင့်သာ ဟောကြားတော်မူတာပါ။ အာရုံဖြစ်ပေါ်တဲ့အခါ ငါးပါးလုံး အတူတူဖြစ်ကြတယ်လို့ပဲ ဆိုရပါ့မယ်။ ရှင်းပြပါဦးမယ်။ ဥပမာ….အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာသုံးပါဟာ တစ်ခုစီဟောထားပေမယ့် အနိစ္စလက္ခဏာဖြစ်ပြီဆိုလျှင်ကျန်သည့် လက္ခာဏာနှစ်ပါးလည်း ပါဝင်ပြီးဖြစ်တော့သည်။ (ပထ၀ီ အာပေါ တေဇော ၀ါယော၊ ၀ဏ္ဏ ဂန္ဓ ရသ သြဇာ)ဆိုတဲ့ အ၀ိနိဗ္ဘောဂ ရှစ်ပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ တစ်ခုစီခွဲထားပေမယ့်လို့ ဒီရှစ်ပါးဟာ ရုပ်ဝတ္ထုပစ္စည်းတစ်ခုမှာ တပေါင်းတည်း ဖြစ်ကြပါတယ်။ တစ်ခုပီးတစ်ခုဖြစ်တယ်ဆိုပြီး ခွဲလို့မရပါဘူး။ ဝေနယျများ သိစေရန်အတွက်သာ ခွဲခြမ်းပြခြင်းသာဖြစ်တယ်လို့ မှတ်ရမယ်။

ထို့အတူ ခန္ဓာငါးပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါ၊၀ိညာဏ်လို့ စီအစဉ်အတိုင်း ခွဲပြထားပေမယ့်လို့ တကယ်တမ်း အာရုံပေါ်တိုင်းမှာ ခန္ဓာငါးပါး ရုပ်နာမ်တရားများဟာ တပြိုင်နက်ဖြစ်ပြီး ချူပ်ပျောက်ကြပါတယ်။ သည်လို ရုပ်နာမ်များ ချူပ်ပျောက်တဲ့နေရာမှာ တောင်မှလက်ဖျစ်တစ်တွက်တွင် ကုဋေတစ်သိန်းချုပ်တယ်ဆိုတာကို မြတ်ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့သာ မြင်တာပါ။ သာမာန်ပုဂ္ဂိုလ်များ မမြင်နိုင်ပေ။ အကယ်၍ ခန္ဓာငါးရဲ့ ဖြစ်စဉ်ကို ခွဲခြမ်းလို့ရတယ်ဆိုဦးတော့ မြတ်ဘုရားရဲ့ အရာတော်သာဖြစ်
တယ်လို့သာမှတ်ယူရပါမယ်....

No comments:

Post a Comment