Monday, August 6, 2012

Learning English.....

အင်္ဂလိပ်စာကိုလေ့လာလိုသူတွေအတွက်ဖြစ်ပါတယ်....England က Misterduncan ကစိတ်ရှည်စွာ
ရှင်းပြထားတာကိုတွေ့ရ..နားဆင်ရမှာဖြစ်ပါတယ်..ကောင်းပါတယ်..ကျွန်တော်ကတော့တော်တော်
လေးကိုသဘောကျတယ်...ဘာ့ကြောင့်လဲဆိုတာကိုတော့ ဒီ website မှာရယ် ဒီ youtube မှာရယ်
ဝင်ရောင်လေ့လာကြည့်နိုင်ကြပါတယ်ခင်ဗျာ...

Thursday, August 2, 2012

"ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)

"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ"

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။

• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။

• ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။

• ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]

• ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။

Saturday, July 28, 2012

သမိုင်း နှင့် ရာဇ၀င် ဆိုတာ.....

မြန်မာ့သမိုင်း အကြောင်းအရာများနှင့် ရာဇ၀င် အကြောင်းအရာများကို လေ့လာချင်သူ၊ ဖတ်ရှုချင်သူတို့အတွက်တော့ ဒီ Website  မှာလေ့လာဖတ်ရှု နိုင်သလို Download လဲ
ရယူနိုင်ကြပါတယ်ခင်ဗျာ..သမိုင်းအထောက်အထားဆို တာနောင်လာနောက်သားတွေအ
တွက်တော့အလွန်မှတန်ဖိုးရှိလှတဲ့စာပေတွေပဲဖြစ်ပါတယ်..ဒါ့ကြောင့်လဲလေ့လာသင့်
ပါတယ်လို့အကြံပြုပါတယ်....

Friday, July 20, 2012

လွယ်ကူလေ့လာ အင်္ဂလိပ်စာ....

ဒီ website မှာအင်္ဂလိပ်စာကိုလေ့လာသင့်ပါတယ်..ဘာဖြစ်လို့လဲဆိုတော့အသံထွက်ရော၊အဓိပါယ်
ပါ ရှင်းရှင်းလင်းလင်းသိရမှာဖြစ်တဲ့အတွက်ကြောင့်ပါ...ဒါပေမယ့် Myanmar 3 နဲ့သာကြည့်ရှုလေ့
လာခွင့်ရမှာဖြစ်ပါတယ်..ဘယ်လိုပဲဖြစ်ဖြစ်ဝင်ရောက်လေ့လာသင့်ပါတယ်..


Thursday, July 19, 2012

အင်္ဂလိပ်စာကျွမ်းကျင်ဖို့အတွက်ဆိုရင်....

အင်္ဂလိပ်စာကျွမ်းကျင်ဖို့အတွက်ဆိုရင်တော့ဒီနေရာမှာ လေ့လာနိုင်ကြပါပြီခင်ဗျာ..
ဒီနေ့ခေတ်ရဲ့အနေအထားအရ အင်္ဂလိပ်စာဆိုတာမတတ်မဖြစ်,မသိမဖြစ်တဲ့အရာတစ်ခုဖြစ်နေ
တာကြောင့်လိုအပ်တဲ့အပိုင်းအလိုက်လေ့လာနိုင်ကြပါပြီခင်ဗျာ..   



Saturday, March 31, 2012

IP Address ကြည့်ရအောင်.....

G talk မှာ ကိုယ်နဲ့ ပြောနေတဲ့ သူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့
G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ
ကြည့်လို့ ရပါတယ်နော် ။

တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီး
အသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ Setting ကို
် Click လုပ်ပြီး အရင်သွားလိုက်ပါ။
ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့
မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။
အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။


ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့ မှင်နီဝိုင်းထားတဲ့ Connection Monitor ဘောက်စ်ကျလာပါမယ်။
အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို
 
သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
ပီးရင် ကိုယ်ပြောနေတဲ့ သူကို  Call ခေါ်ပါ ။လက်ခံလာအောင် ခေါ်ပါ ။သူလက်မခံရင်တော့ မရ၀ူးပေါ့နော်။
တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ
တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။


သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး
 Google ထဲကနေ IP address locator ကိုသွားရပါမယ်။
ဒီလင့် လေးကနေ သွားလိုက်နော် (http://www.ipaddresslocation.org/ ) ။
အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ
 မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး
တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့
အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။


မှတ်ချက် ၊။   ၊။။တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့
 ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။
များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။

မတ်လ 31, 2012 3:03amတွင်♫♪♥ ကိုကို ╬ Σrror - 1 ╬ ♥♪♫ မှတင်ပြသောဘလော့ပို့(စ်)အားပြန်
လည်မျှဝေပါသည်....