Monday, August 6, 2012

Learning English.....

အင်္ဂလိပ်စာကိုလေ့လာလိုသူတွေအတွက်ဖြစ်ပါတယ်....England က Misterduncan ကစိတ်ရှည်စွာ
ရှင်းပြထားတာကိုတွေ့ရ..နားဆင်ရမှာဖြစ်ပါတယ်..ကောင်းပါတယ်..ကျွန်တော်ကတော့တော်တော်
လေးကိုသဘောကျတယ်...ဘာ့ကြောင့်လဲဆိုတာကိုတော့ ဒီ website မှာရယ် ဒီ youtube မှာရယ်
ဝင်ရောင်လေ့လာကြည့်နိုင်ကြပါတယ်ခင်ဗျာ...

Thursday, August 2, 2012

"ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)

"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ"

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။

• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။

• ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။

• ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]

• ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။