အဘိဓမ္မာသဘောအရမှာ....ခန္ဓာ(၅)ပါး ရဲ့ အနက်သဘောကို ဘယ်လိုဖွင့်သလဲ...ဟုဆိုလျှင်......
ငါ၊သူတစ်ပါး၊ယောကျာင်္း၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါ....ဟူသော သညာ=ပညတ်ခံ နာမ မှန်သမျှသည် ခန္ဓာ(၅)ပါး ----ရုပ်နာမ် အစုအဝေး နှင့်သာ တည်ဆောက်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်..။
ခန္ဓာ(၅)ပါး ဆိုသည်မှာ----
(၁)။ ရူပက္ခန္ဓာ=ဖောက်ပြန်တတ်သော ရုပ်တရား အစု။(မတည်မငြိမ် ဖြစ်နေသော ခန္ဓာ..။)
(၂)။ဝေဒနာက္ခန္ဓာ=ခံစားတတ်သော တရားအစု။(ခံစားမှု့ကို သိသောခန္ဓာ..။)
(၃)။သညာက္ခန္ဓာ=မှတ်တတ်သော တရားအစု။(သူပဲ၊ငါပဲ၊ဟိုဟာပဲ၊ဒီဟာပဲ မှတ်တတ်တဲ့ခန္ဓာ..။)
(၄)။သင်္ခါရက္ခန္ဓာ=ပြုပြင် စီရင်တတ်သော နာမ်တရားအစု..။(တခဏ အချိန်အတွင်း အမျိုးမျိုးပြောင်းလဲ ဖြစ်ပျက်နေသော ခန္ဓာ..။)
(၅)။ဝိညာဏက္ခန္ဓာ=သိတတ်သော နာမ်တရားအစု။(ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်သော သိစိတ်ခန္ဓာ..။)