Wednesday, November 30, 2011

လူငယ်တို့အတွက် စာပေဟောပြာပွဲများ.......

  1. အိုင်တီ၊ ပညာနှင့် စိန်ခေါ်မှုများ – ဆရာကျော်ဝင်း
  2. ဘဝမှစာ၊ စာမှဘဝ – လယ်တွင်းသား စောချစ်
  3. သုတရသစာပေ – မောင်စိန်ဝင်း (ပုတီးကုန်း)
  4. မျက်ကြည်လွှာ – သန်းမြင့်အောင်
  5. အကြည်တော်(မြောက်ဥက္ကလာစာပေဟောပြောပွဲ)
  6. အကြည်တော် စာပေဟောပြောပွဲ (၂)
  7. အောင်သင်း (မြောက်ဥက္ကလာစာပေဟောပြောပွဲ)
  8. ချစ်ဦးညို – ကျွန်တော်ခံစားမိသလိုပြောဆိုပါမည်
  9. သို့ အုန်းနှဲ မှချစ်ဦးညို – ချစ်ဦးညို
  10. သို့ကျောက်ပန်းတောင်း – ချစ်ဦးညို
  11. စကားလုံးများဖြင့် ကခုန်ခြင်း – ငြိမ်းမင်း
  12. သုတရသစာပေ – မောင်စိန်ဝင်း (ပုတီးကုန်း)
  13. ကျွန်မနှင့် စာဖတ်ခြင်း၊ စာရေးခြင်း – နုနုရည် (အင်းဝ)
  14. စာရေးသူမှ စာဖတ်သူသို့ – နွမ်ဂျာသိုင်း
  15. စာကောင်းပေကောင်း – ဦးသိန်းလွင်
  16. လူသစ် စိတ်သစ် – ချစ်နိုင် (စိတ်ပညာ)
  17. ဘဝအလှအတွက် စာအလှများ – မောင်သာချို
  18. စာအလှမှ ရွာအလှသို့ – မောင်သာချို
  19. တကယ့်လူ – မောင်သာချို
  20. အိမ် – ဦးဘုန်း (ဓါတု)
  21. အဖိုးပြောသော ပုံပြင်များ – ဦးဘုန်း (ဓါတု)
  22. သရက်စေ့ – ဦးဘုန်း (ဓါတု)
  23. စိတ်မျက်စိကို ဖွင့်ရအောင် – အတ္တကျော်
  24. စာဖတ်ပါ၊ တွေးပါ – ကောင်းသန့်
  25. ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ – ဂျူး
  26. အညာဓလေ့ ရွာဓလေ့ – ခင်ခင်ထူး
  27. လမ်းပေါ်မှာ – ကျော်ရင်မြင့် (ဖေလင်းသစ်)
  28. သုတရသစာပေ – မောင်စိန်ဝင်း (ပုတီးကုန်း)
  29. ကျွန်တော်တို့ငယ်ငယ်က – နေဝင်းမြင့်
  30. ကျွန်မဖတ်တဲ့စာ၊ ကျွန်မရေးတဲ့စာ – နုနုရည် (အင်းဝ)လူမှုဘဝ လူမှုဝန်းကျင် – သန်းမြင့်အောင်
  31. လူနှင့် ပညာ – အောင်သင်း
  32. လူငယ်တွေနဲ့ အနာဂတ် – အောင်သင်း
  33. အသိပညာဖြင့် မောင်းနှင်သော – အော်ပီကျယ်
  34. သို့ တောင်ငူ၊ မှ ချစ်ဦးညို – ချစ်ဦးညို

Monday, November 28, 2011

အင်္ဂလိပ်စာအသံ ထွက်တွေကိုမှန်မှန်ကန်ကန်သိချင်ပါသလား.....













ကျွန်တော်ဒီနေ့တော့အသုံးဝင်တဲ့ဆိုဒ်လေးတစ်ခုကိုပြန်ပြီးတော့မျှဝေချင်ပါတယ်။ကျွန်တော်တို့အင်္ဂလိပ်စာအသံ
ထွက်တွေကိုမှန်မှန်ကန်ကန်နဲ့သိချင်သူများအတွက်အချိန်တိုင်းလိုအပ်မယ်ဆို၇င်တောင်အသံဖိုင်လေးနဲ့သိမ်း
ထားချင်သူများအတွက်အ၇မ်းကိုအသုံးဝင်ပါတယ်။ကိုနားထောင်ချင်တဲ့အချိန်မှာနားထောင်လို့၇တာပေါ့ဗျာ..။
အသံဖိုင်ကိုလဲ အမျိုးသားအသံနဲ့ အမျိုးသမီးအသံနှစ်မျိုးနားထောင်လို့၇ပါတယ်။MP 3 ဖိုင်လေးကိုလိုချင်တယ်
ဆို၇င်တော့ Download ဆိုတာလေးကိုနှိပ်ပြီးယူလိုက်ယုံပါပဲ။လိုအပ်တဲ့သူတွေအတွက်တော့အ၇မ်းအသုံးတဲ့
မှာပါ။ 

ဒီလင့်လေး   ကိုနှိပ်ပြီးသွားရောက်လေ့လာနိုင်ကြပါပြီခင်ဗျာ......
ဒီ Post လေးကို "ကိုနေမင်းမောင်" ၏ Blog ထဲမှကူးယူမျှဝေပေး
လိုက်ပါသည်.... 





Saturday, November 26, 2011

Gmail ,Gtalk အတွက်စိတ်မပူရတော့.....




    Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း  အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....
မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး  019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။

English For All......

Office Basics
Late or No Show
Computer Related
Email
Explanations and Presentations
Meetings
Phone Calls
Talking to Coworkers
Talking to the Boss
Talking to Subordinates
Business Trips
Offices and Cubicles
Review Process
Quitting or Leaving Work

Interview english Lessons

Basic Interview Questions I
Basic Interview Questions II
School Related Interview Q's
Work Related Interview Q's I
Work Related Interview Q's II
Work Related Interview Q's III
Working with People Interview Q's
Miscellaneous Interview Q's

Travel English lessons

Airport
Car Rental
Hotel
Directions
Restaurant
Store and More
Talking to Strangers

Idioms and Phrases Lessons 

Section I
Section II
Section III
Section IV
Section V
Section VI
Section VII
Section VIII
Section IX
Section X

Special topics

Purchasing a Home

Overview
How much can I afford?
What house and Where?
Finding an Agent
Looking at and Evaluating Houses
Making an Offer

Mortgages

Mortgage Explanation
Arm Loans
Eighty Twenty Loan
Interest Only Loan
Refinancing

Computer

Computer Jobs
Computer Certificates

Buying a Car

Buying a New Car
Buying a Used Car

Money Matters

At the Bank
Credit Cards




















  

ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာ.....

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူပေင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဆုံးဘာသာအဖြစ် (18-11-2011)ရက်နေ့က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် 200ကျော်က မဲပေးရွေးချယ်ခဲ့ရာတွင် မဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ “ဘာသာရေးခေါင်းဆောင်အများစုသည် မိမိတို့၏ ဘာသာများထက် ဗုဒ္ဓဘာသာကိုမဲပေးခဲ့ခြင်းသည် အလွန်ပင်အံ့သြဖွယ်ကောင်းခဲ့ကြောင်း” အဆိုပါ အဖွဲ့၏ ညွှန်ကြားရေးမှူး Mr.Jonna Hult က ပြောကြားခဲ့ပြီး “ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာတရားဘွဲ့ကို ဗုဒ္ဓဘာသာရရှိခဲ့တာဟာ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားရတဲ့ စစ်ပွဲဆိုတာ မရှိခဲ့ဘူး။ ဗုဒ္ဓဘာသာကြောင့် သွေးချောင်းမစီးခဲ့ပါဘူး။ ဒီအချက်က တခြားဘာသာတွေထက် အသာလွန်ဆုံး အချက်ပါ” ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။ ဂျူးဘုန်းတော်ကြီး Shmuel Wasserstein က “ကျွန်တော်တို့ရဲ့ ဂျူးဒါလစ်ဇင်ကိုဘဲ အမွန်မြတ်ဆုံးလို့ ထင်ပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် နေ့စဉ်ကျွန်တော်ဂျူးဘာသာအရ ၀တ်ပြုရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့ ဂျူးဘာသာ အရ ၀တ်ပြုခြင်း မပြုခင်မှာ ၀ိပသနာတရားကို ကျင့်ကြံအားထုတ်ခဲ့တာ (၁၉၉၃)ခုနှစ်ကတည်းကပါ။ အဲဒါကြောင့် ကျွန်တော်လည်း ဗုဒ္ဓဘာသာကိုဘဲ မဲပေးခဲ့တာပါ” ဟု ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် အာဖရိကနိုင်ငံမျိုးကပင် ဗုဒ္ဓဘာသာဝင် အာဖရိကန်အရေအတွက် အများအပြားရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

 နိုဝင်ဘာလ 25, 2011 10:43amတွင်lwin lay ဖူးစာရှင်လေးတွင် တင်ထားသော ဘလော့ပို့(စ်)အားပြန်လည်မျှဝေဂုဏ်ယူလိုက်ပါသည်...

Tuesday, November 22, 2011

"ပဋိစ္စသမုပ္ပါဒ်" အမေးအဖြေ....


(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။

ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။

(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။

မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။

မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။

မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။

မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။

မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။

မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

Monday, November 21, 2011

သောတာပန်၏ ထူးခြားချက် (၇) ရပ်....

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စ သဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ ၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံပဲ။ ဉာဏ်နဲ့ကြည့်လိုက်တော့ ၀ိပရိဏာမလက္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။ အထည်မကျန် ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန် ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး 

Sunday, November 20, 2011

Window ပေါ်မှာအလွယ်တကူ format ချနည်း....

ကျွန်တော်ဒီနေ့တော့ Windows ပေါ်မှာပဲ Drive တွေကိုအလွယ်တကူ Format ချုလို့၇တဲ့နည်း
လေးကိုပြန်ပြီးတော့မျှဝေချင်ပါတယ်..။ကျွန်တော်တို့အသုံးပြုနေတဲ့ Hard Drive တွေထဲမှ
ဥပမာ။  ။မိမိက D ဆိုတဲ့ Partation ကိုသိမ်းထားတဲ့ Data တွေပါအသုံးမလိုတော့တဲ့အတွက်
အဲ့ဒီ D ဆိုတဲ့ Drive ကို Format ချချင်တယ်ဆို၇င်အခုကျွန်တော်ပြောပြမယ့်နည်းလေးအတိုင်း
အလွယ်တကူဆောင်၇ွက်နိုင်မှာဖြစ်ပါတယ်..။အခုကျွန်တော်ပြောပြမယ့်နည်းလမ်းလေးက
တော့ Windows 7 နဲ့ Windows Visita မှာပဲ Support လုပ်မှာဖြစ်ပါတယ်..။
1.အ၇င်ဆုံးကျွန်တော်တို့ My Computer ကို Right Click ထောက်လိုက်ပါ.။ပြီး၇င် Manage ကိုသွား
    လိုက်ပါ..။
2.ဒါဆို၇င် Computer Management Box လေးကျလာပါလိမ့်မယ်..။အောက်ကပုံမှာပြထားတဲ့အတိုင်း
   Storage ထဲက Disk management  ကိုသွားပါ..။ဒါဆို၇င်ကျွန်တော်တို့၇ဲ့ Windows မှာ၇ှိတဲ့ Hard
    Disk ၇ဲ့ Partation  Drive လေးတွေပေါ်လာပါလိမ့်မယ်..။

ကိုနေမင်းမောင် ၏ Post အားပြန်လည်မျှဝေလိုက်ပါသည်....
 

Window 7 မှာအသံမလားဘူးဆိုရင်....

ကျွန်တော်ဒီနေ့တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..
 
အရင်ဆုံး Windows 7 တင်ပြီးတဲ့အခါမှာအသံမလာတာနဲ့ပါတ်သတ်ပြီး  Windows Update ပေးပြီးဖြေရှင်းလို့ရ
မယ့်နည်းလမ်းလေးကိုအရင်ဆုံးရှင်းပြပါမယ်.။အဲ့ဒီနည်းလေးကတော့လွယ်ပါတယ်..။ဘာမှလုပ်စရာမလိုပါဘူး..။
Windows Update ပေးလိုက်ပြီဆိုတာနဲ့လိုအပ်တဲ့ Sound Driver ကိုဒေါင်းလော့ချပြီး Install လုပ်ပေးသွားပါ
လိမ့်မယ်..။Windows Update  ပေးလိုက်ယုံပါပဲ..။ဒီလိုမျိုး Audio ပြသနာတွေဖြစ်တာကစက်ကပါပြီးသား
Sound Card ကိုမသုံးပဲ  Sound  Card သက်သက်တပ်ထားတဲ့စက်တွေမှာဖြစ်တက်ပါတယ်။မိမိတို့တက်
ထားတဲ့ Sound Card Driver ကို Install လုပ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။
နောက်တစ်နည်းကတော့ Motherboard နံပါတ်ကိုကြည့်ပြီး  Google မှာမိမိစက်မှာလိုအပ်မဲ့  Sound  Driver
ကိုရှာပြီးအသုံးပြုလို့ရမဲ့နည်းလမ်းလေးကိုရှင်းပြပေးပါမယ်..။အရင်ဆုံး Motherboard  နံပါတ်ကိုဘယ်လို
ကြည့်ရမယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..။
အပေါ်မှာပြထားတဲ့နည်းအတိုင်းမိမိတို့ရဲ့ Motherboard  နံပါတ်ကိုသိပြီဆိုရင် Google မှာ Mother နံပါတ်
နောက်မှာ  Audio  Driver  လို့ရိုက်ထည့်ပြီးရှာပေးလိုက်ယုံပါပဲ..။ဒါဆိုရင်မိမိရဲ့စက်မှာအသံမလာတဲ့အခါ
Audio Driver ကိုရှာပြီးဖြေရှင်းတက်သွားမယ်လို့ထင်ပါတယ်..။
နောက်တစ်နည်းကတော့ Realtek ဆိုတဲ့ Driver လေးကိုသုံးပြီးဖြေရှင်းနည်းပါ..။ဒီကောင်လေးကအရမ်းကိုအ
သုံးဝင်ပါတယ်..။ဘယ်လို Audio အခက်အခဲမျိုးဖြစ်နေပါစေဒီကောင်လေးကိုမိမိတို့စက်မှာ Install လုပ်ပေး
လိုက်တာနဲ့တင်အဆင်ပြေသွားပါလိမ့်မယ်..။မှတ်ချက် ။  ။ Sound  Card  သက်သက်တပ်ပြီးသုံးတဲ့လူတွေ
အတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး..။အဲ့ဒီအတွက်ဘယ်လိုနည်းလမ်းသုံးရမယ်ဆိုတာအပေါ်မှာရှင်းပြ
ခဲ့ပြီးပါပြီ..။
အရင်ဆုံး  http://152.104.125.41/Default.aspx  ကိုသွားပါ..။ပြီးရင်အောက်ကပုံမှာပြထားသလို 
HD Audio Codec Driver ကို Click  ပေးလိုက်ပါ.။ပြီးရင်  I accept the above ကိုအမှန်ခြစ်လေးပေး
ပြီး Next ကိုနှိပ်လိုက်ပါ..။  ပီးရင်တော့  မိမိတို့ Windows အမျိုးအစားကိုရွေးပြီးဒေါင်းလော့ချလိုက်ယုံပါပဲ.. ။
ဒေါင်းလော့ချပြီးသွား လို့Realtek Driver လေးရလာပြီဆိုရင်တော့ဒီကောင်လေးကိုမိမိတို့စက်မှာ Install 
လုပ်ပေးလိုက်ယုံနဲ့မိမိစက်မှာဖြစ်နေတဲ့  Audio ပြသနာတွေအဆင်ပြေသွားပါလိမ့်မယ်...။အောက်မှာပုံလေးတွေ
နဲ့ဘယ်လိုလုပ်ရ မယ်ဆိုတာကိုလဲရှင်းပြပေးထားပါတယ်..။
ဒီလောက်ဆိုရင်တော့  Windows  7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးအဆင်ပြေသွားလမ့်
မယ်လို့ထင်ပါတယ်....

ကိုနေမင်းမောင် ၏ Post အားပြန်လည်မျှဝေလိုက်ပါသည်...

Window 7 နှင့် မြန်မာ Fonts....

For Window 7

  • Destop ပေါ်မှာ Right Click ထောက်လိုက်ပါ။
  • ပြီး၇င် Personalize ကိုသွားလိုက်ပါ။ Windows Color ကို၇ှာပါ။ပြီး၇င် Window Color ကိုနှိပ်လိုက်ပါ။
  • Window Color and Appearance ဘောက်လေးကျလာပါလိမ့်မယ်။
  • Item ကို Icon လို့ပြောင်းလိုက်ပါ။ Font ကို Zawgyi-One သို့ပြောင်းလိုက်ပါ။ပြီး၇င် Apply ပေးလိုက်ပါ။ OK ကိုနှိပ်လိုက်ပါ။ကဲဒါဆို၇င်ဖိုဒါလေးတွေကိုမြန်မဖောင့်လေးနဲ့ rename ပေးလို့၇သွားပါပြီ။

For Window XP
  • Destop ပေါ်မှာ Right Click ထောက်လိုက်ပါ။
  • Properties  >> Appearnce >> Advanced >> Item
  • Item ကို Icon လို့ပြောင်းလိုက်ပါ။ Font ကို Zawgyi-One သို့ပြောင်းလိုက်ပါ။ပြီး၇င် Apply ပေးလိုက်ပါ။ OK ကိုနှိပ်လိုက်ပါ။ကဲဒါဆို၇င်ဖိုဒါလေးတွေကိုမြန်မဖောင့်လေးနဲ့ rename ပေးလို့၇သွားပါပြီ။
ကိုနေမင်းမောင် ၏ Post အား ပြန်လည်မျှဝေလိုက်ပါသည်....

    Gtalk မှာ တဖက်ကပြောတာကြားရပြီး ကိုယ်ပြန်ပြောတာ မကြားရဘူးဆိုရင်.....

    ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..

    Window 8 နှင့် မြန်မာ Fonts

    ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

    ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..
    32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..
    64 Bits Users တွေကတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့သွားချလိုက်ပါ..
    Keymagic ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့ချလိုက်ပါ..
    အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ .. 

    ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် .. 

    ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် .. 

    နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. 


    အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ကိုနေမင်းမောင် ၏ Post အားပြန်လည်မျှဝေလိုက်ပါတယ်..ကိုနေမင်း ကိုလည်း
    ကျေးဇူးတင်ရှိပါသည်.... 

    Friday, November 18, 2011

    ယောဂီလုပ်မည့်သူ ဆိုတာ.....

    မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ ဆုံးမစာ


    အလွန်အေးငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကြီးကို မျက်မှောက်ပြု ခံစားလိုသောယောဂီ ဟာသိက္ခာသုံးပါးကျင့်ဖို့ နဲ့  ကျင့်နိုင်အောင် အောက်ပါ အရည်အချင်း ၁၅မျိုး နှင့် ပြည့်စုံသူဖြစ်ရမည်။ မေတ္တာသုတ်ထဲမှာ ပါတယ်လေ ။ ရွတ်သာနေတယ် သေသေချာချာမသိလို့ပါ ။
    ၁ ။ သက္ကော - ဒီကမ္မဌာန်းအလုပ်ကို အဟုတ်လုပ်နိုင်သူ ဖြစ်ရမည် ။
    ၂ ။ ဥဇု - ကိုယ်ရောစိတ်ပါ မလိမ်ညာဘဲ မှန်ရာကို ပြောဆိုလုပ်ကိုင်နိုင်သူ ဖြစ်ရမည် ။
    တရားလျှောက်ရင်လည်း လိမ်မလျှောက်ရဘူး ၊ ဟန်မလုပ်ရဘူး ။
    ၃ ။ သုဟုဇု - စိတ်ထဲမှာကိုက ရိုးသားဖြောင်မတ်သူဖြစ်ရမယ် ။ ရိုးတဲ့ဂုဏ်လောက် ကောင်းတာ
    လောကမှာ ဘာမျှမရှိဘူး ။
    ၄ ။ သုဝစော - ပြောဆိုဆုံးမရင် နာလွယ်သူ ၊ နားထောင်တတ်သူ ဖြစ်ရမယ် ။ ပြန်မပြော
    နားမထောင်မလုပ်ရဘူး ။ အရှင်သာရိပုတ္တရာ မထေရ်ကြီး က ကိုရင်လေးဆုံးမ
    တာတောင် နာယူတယ် ။ ရှင်ရာဟုလာ ငယ်ငယ်က နံနက်တိုင်း သဲတွေ
    လက်နဲ့ဆုပ်ပြီး ဒီသဲလုံးလေးတွေလောက် ဆုံးမမည့်သူ ရပါစေလို့
    တောင့်တခဲ့တယ်တဲ့ ။
    ၅ ။ မုဒု - ကိုယ်နှုတ် ၊ နှလုံး သုံးပါးလုံး နူးညံ့ပျော့ပျောင်း သိမ်မွေ့  ယဉ်ကျေးသူဖြစ်ရမည် ။
    တနည်းအားဖြင့် အလုပ်ခွင်မှာ သွက်လက်ပေါ့ပါးသူ ဖြစ်ရမည် ။

    ပုထုဇဉ်များ ကြိုတင်မသိနိုင်သော အကြောင်းတရားငါးပါး....

    “ဇီဝိတံ ဗျာဓိ ကာလောစ ဒေဟနိက္ခေပနံ ဂတိ
    ပဉ္စတေ ဇီဝလောကသ္မိံအနိမိတ္တာန န ရယေ”
    ဒီဂါထာရဲ့ အဓိပ္ပါယ်က ပုထုဇဉ်လူသားတို့ အနေနဲ့ ကြိုတင်ပြီး နိမိတ်ဖတ် မသိအပ်နိုင်တဲ့ အခြင်းအရာ အကြောင်းတရား ငါးပါးရှိပါတယ်။အဲဒါက ဘာတွေလဲလို့ဆိုတော့
    ၁။ဘယ်အသက်အရွယ်ရောက်ရင်သေမလဲ။
    ၂။ဘယ်ရောဂါ ဝေဒနာဖြစ်ပြီးသေမလဲ။
    ၃။ဘယ်အချိန်ကာလမှာသေမလဲ။
    ၄။ဘယ်သချုင်္ိင်းမှာခေါင်းချရမလဲ။
    ၅။သေပြီးရင် ဘယ်ဘုံကိုရောက်မလဲဆိုတဲ့ အခြင်းအရာငါးပါးပါ။ မှန်ပါတယ်။

    Virus ဆိုတာ....

    လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။မူလရေးသားသူ

    ဆရာမျိုးသူရနှင့် ပြုစုပေးသူအားအထူးကျေးဇူးတင်ရှိပါတယ်။
    ၁။Computer Virus
    Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
    ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
    Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...နော်

    ၂။Malware
    Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
    Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

    ၃။worm
    worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
    အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry key
    HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
    Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

    ၄။Trojan horse
    Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့နော်... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
    နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

    Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
    * Remote Access
    * Data Destruction
    * Downloader/dropper
    * Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
    * Disable security software
    * Denial-of-service attack (DoS)

    ၅။Spyware
    သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
    သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့နော်... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
    Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

    ၆။Adware
    Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
    အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

    ၇။Crimeware
    Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
    သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
    ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်..

    YeYe(Yekyawphyo) ၏ post အားပြန်လည်မျှဝေပါသည်....

    Thursday, November 17, 2011

    အင်တာနက်မချိတ်ထားပဲဘယ်လို chat ကြမလဲ....

    အခုပြောပြမှာကတော့ သင်တန်းကျောင်းတွေမှာ အများဆုံးသုံးကြပါတယ်. ကွန်ပျူတာ အလုံး 20-30 လောက်ချိတ်ပြီးတော့ Lan Chat လေးတွေ တင်ပေးထားတတ်ပါတယ်. ကိုယ်ဝင်ချင်တဲ့အကောင့်နဲ့ ၀င်ပြီးတော့ အင်တာနက် မရှိဘဲနဲ့ local မှာပဲ ချက်ကြတာလေ မြင်ဖူးကြမယ်လို့ ထင်ပါတယ်.  အောက်မှာ Lan chat အတွက် ဆိုက်တွေပေးလိုက်ပါတယ်. အားလုံး Free version တွေချည်းပါပဲ. သုံးကြည့်လိုက်ပါ. အဆင်ပြေတဲ့ program နဲ့သာ ချက်ကြပါ. အဆင်ပြေ မယ်လို့မျှော်လင့်ပါတယ်.

    1. http://www.fomine.com/lan-chat.html
    2. http://www.leadmind.com
    3. http://www.lanmessenger.com
    4. http://www.winpopup-lan-messenger.com
    5. http://lan-chat.srimax.com
    6. http://www.akeni.com
    နိုဝင်ဘာလ 17, 2011 1:05pmတွင်ထူးမြတ်ထွန်း မှတင်ပြသောဘလော့ပို့(စ်)အားပြန်လည်
    မျှဝေပါသည်.....ကိုထူးမြတ်ထွန်း ကိုလည်း ကျေးဇူးတင်ရှိပါသည်....

    Friday, November 11, 2011

    ဇာတိ မလာရေးနှင့် နိဗ္ဗာန် အမြင်(ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ)


    ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင်-၁၀ (ပိုင်းလော့ဆရာတော်)

    တရားကျင့်မည့်သူတို့ အဓိက သိရန်
    ---------------------------------------

    အရှုခံဖြစ်တဲ့ နံပါတ် (၂) အကွက်သည် ဘုရားရှင် ဉာဏ်တော် နဲ့ အခက်ခဲဆုံး ကျက်စားခဲ့တဲ့ အလုပ် ၊ဒါ ကိုဘုန်းဘုန်းတို့ ဘုရားဟော အတိုင်းပြန်သင်ရမှာ။ ဒီလိုသင်တဲ့အခါ အဘိဓမ္မာကျမ်းကို အခြေခံရတယ်။ အဘိဓမ္မာကျမ်း ဟာ မပါလို့ မရဘူး။
    ဘုရားက အမိန့်ရှိပြီးသား။ ဒါဟာ ငါဘုရားကိုယ်စား ထားခဲ့တာလို့နော်။ စာပေ ကျမ်းဂန်ကို လက်လွှတ်လို့မရဘူး။ စာမတတ် လို့လည်းမဖြစ်ဘူး။ တတ်စရာ မလိုဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်ဟာ အမှားပဲ။ အရေးကြီးတယ်နော်။ ဒါတွေဟာ ဘုရားဟောတွေပဲ၊ အဓိက ကျမ်းဂန်တွေကို အခြေခံရတယ်နော်။ ဘုရားရှင်ကိုယ် တော်မြတ်ကြီးကို အာနန္ဒာ မထေရ် က မေးတယ်။ အရှင်ဘုရား… ဘုရားမရှိတဲ့နောက်မှာ (အိန္ဒိယ ဆိုတာ သိတဲ့အတိုင်းပါပဲ )။ ကျင့်စဉ်တွေအများကြီးပေါ်လာ လိမ့်မယ် ဘုရားတဲ့။ ရှုပ်ယှက်ခတ် ကုန်မှာ သိတယ်နော်။

    ဒီတော့ဘယ်ကျင့်စဉ်ဟာ ဘုရားဟော အစစ်ဆိုတာကို တပည့်တော် တို့ခံယူရင် ကောင်းမလဲ ဘုရားလို့ အရှင်အာနန္ဒာ မထေရ်က ကြိုမေးထားတယ်။ ဘုရားရှင် က အာနန္ဒာတဲ့ ၊ ဘယ်နေရာ ကလာလာ ၊ဘယ် ကမ္မဋ္ဌာန်းရိပ်သာ ကလာလာ ၊ပြောချင်တာက ဘယ်လောက် နာမည်ကြီး ပစေ ပေါ့နော်။

    သူတို့ နိုင်ငံ မှာ အစုံရှိတာကိုး။ ဒီလိုလာပြီး နည်းပေးပါစေ။ သူပေးတဲ့နည်းတွေကို ချက်ချင်းလည်း မငြင်းလိုက်ပါနဲ့။ ချက်ချင်းလည်း လက်မခံလိုက်ပါနဲ့တဲ့။ လက်ခံပြီးတော့လည်း မကျင့်နဲ့။ ငြင်းလည်း မငြင်းနဲ့ အုံးတဲ့။ ငါဘုရားဟောခဲ့တဲ့ ကျမ်းစာတွေ ရှိတယ်။

    သုတ္တံရယ် ၊ဝိနည်း နဲ့ အဘိဓမ္မာ ရယ် ရှိတယ်။ ညီတယ် ဆိုရင် ငါဘုရားတရားလို့မှတ်ပြီး ကျင့်ပါတဲ့။ မညီရင် မကျင့်ပါနဲ့တဲ့နော်။ နားလည်ပြီနော် ။ ဝိပဿနာလည်းသည် အတိုင်း မှတ်ရမယ်။ ကျမ်းနဲ့ညီမှ ဝိပဿနာဖြစ်ရမယ်။ မညီ ရင် မမှန်ဘူးလို့မှတ်လိုက်ပါ။ ရဲရဲတင်းတင်းပဲ ကိုင်ရလိမ့်မယ်။

    အခု ဘုန်းဘုန်း တို့ကြည့်ရမှာ ကျမ်းနဲ့ အညီ နိဗ္ဗာန် ဆိုတာဘာလဲဆိုတော့ နိ-ဝါန ။ ဒါဟာကျမ်းနဲ့ ညီ ပြီးသား။ သူက တဏှာ မရှိ ခြင်းသဘော ၊တဏှာ မရှိဘူးဆိုတော့ တဏှာ မရှိအောင်လည်း ရှေ့မှာပေါ်တဲ့ အာရုံအသိမှာ စိတ်-စေတသိတ် ရုပ်တွေ ပေါင်းစပ်ထားတယ် ဆိုတာ သိရင် ဒီ အာရုံအပေါ်မှာ အမှန်သိရင် တဏှာ မရှိဘူး။
    အမှန်သိဘို့ အရေးကြီးတယ်။ အဲဒါကို သမ္မာဒိဋ္ဌိခေါ်တယ်။ မဂ္ဂင် ခေါင်းဆောင်ဆိုတာ အမြင်မှန်ကိုပြောတာ။ တစ်နည်းအားဖြင့် ဒီ ငါး ခုဟာ ဝိဉာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ ၊ဝေဒနာ အဲဒီ ငါးခုကို တစ်နည်းအားဖြင့် ခန္ဒာငါးပါးလို့ခေါ်တယ်။ ဘယ်လိုခေါ်လဲ ခန္ဓာ ငါးပါး ပါဘုရား။ ) အဲဒီ ခန္ဓာငါးပါး ဆိုတဲ့ စကား မှာပဲလည်တော့တာပဲ။ ခန္ဓာ ဆိုတဲ့စကားရှေ့မှာခံထားတော့ လူတွေ မျက်စိလည် နေကြတယ်။
    ********************************************************************

    ဓမ္မ Websites များ....

    Sunday, November 6, 2011

    သေခါနီးအချိန်မှာ ဘာအရေးကြီးဆုံးလဲ...


    သတ္တ၀ါမှန်သမျှ ဘ၀ကိုလိုချင်တပ်မက်တဲ့ လောဘတဏှာရှိနေသမျှ ဘ၀ကုန်ဆုံးရာ လမ်းကြောင်းမှန်ကိုသိပြီး ဘ၀တစ်ဖန် မဖြစ်လာအောင် အားမထုတ်ထားသေးသမျှ တစ်ဘ၀မှတစ်ဘ၀သို့ ကူးပြောင်းဖြစ်နေကြရအုန်းမှာပါ။ တစ်ချို့က ဘ၀ဆိုတာ ဒီဘ၀သေရင် နောက်ဘ၀မဖြစ်တော့ဘူးလို့ အယူရှိကြပါတယ်။ အဲဒီလိုအယူရှိသူများသည် လူဝင်စားများကို မမြင်မကြားဘူး၍လည်းကောင်း၊ အကြောင်းတရား အကျိုးတရားတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ကိုလည်းကောင်း သေချာကျနစွာ နားမလည်ထားသေးခြင်းတို့ကြောင့် ဖြစ်ပေလိမ့်မယ်။

    လူတစ်ယောက် သို့မဟုတ် သတ္တ၀ါတစ်ဦးဟာ ဘ၀တစ်ခုမှ တစ်ခုသို့ ပြောင်းလဲတဲ့အခါမှာ သေခါနီးကာလတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးပေါ်ကာ နောက်ဘ၀သစ်သို့ ပြောင်းလဲသွားပါတယ်။ စိတ်ရဲ့ဖြစ်စဉ်ဟာ အင်မတန်မြန်တာကြောင့် အဲဒီနိမိတ်တွေဖြစ်ဖို့ သီးသန့်စောင့်ဆိုင်းပေးနေချိန်ရယ်လို့တော့ မရှိပါဘူး။ ကားတိုက်၍သော်လည်းကောင်း၊ ဓါးထိုးခံရ၍ လည်းကောင်း၊ ဗုံးမှန်၍လည်းကောင်း ချက်ချင်းသေနိုင်တဲ့ပုဂ္ဂိုလ်များသော်မှလည်း ထိုနိမိတ်(၃)မျိုးတွင် တစ်ခုခုတော့ ဖြစ်ကြပါတယ်။

    "ကုသိုလ်" ဆိုတာ....


    ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲဆိုတာကို မဖြေသေးမီ စိတ်ကောင်းထားရင် တရားအားထုတ်စရာမလိုဘူးလို့ ပြောတဲ့စကားက ပိုအရေးကြီးလို့ ပြောရဦးမယ်။ ဒါက အပေါ်ယံ ကြည့်ပြီး ပြောလိုက်တဲ့စကားဖြစ်တယ်။ တကယ်က အားထုတ်စရာမလိုဘူး၊ လုပ်စရာမလိုဘူးဆိုတဲ့ အယူအဆတွေဟာ အကရိယ၀ါဒတွေပါ။ ဘုရားရှင်ဝါဒမှာ မလုပ်ရင် ဘာမှ မရလာနိုင်ပါဘူး၊ လုပ်မှ ရမှာပါ။ စိတ်ကောင်းထားပါပြီတဲ့ လောဘ ဒေါသ အားကြီးနေမယ်ဆိုရင် မဟုတ်သေးဘူး၊ စိတ်ကောင်းလည်း ရှိရမယ် လောဘ ဒေါသစတဲ့ ကိလေသာများနည်းအောင်၊ ပါးအောင်၊ ကင်းအောင်လည်း လုပ်ရမယ်၊ ဒီအတွက် သီလ၊သမာဓိ၊ပညာဆိုတဲ့ ဘုရားရှင်အဆုံးအမတွေ အထူးလိုအပ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုတာ မဂ္ဂင်အကျင့်တွေပါ။

    ဘုရားရှင်က “မဂ္ဂင်ရှစ်ပါး အကျင့်ရှိတဲ့ ငါဘုရားသာသနာမှာသာလျှင် ကိလေသာငြိမ်းအေးနိုင်တဲ့ သမဏဆိုတာရှိတယ်”လို့ သုဘဒ္ဒပုရပိုဇ်ကို မိန့်တော်မူထားတာ ရှိပါတယ်။ ဆိုလိုတာက အားထုတ်မှုအပိုင်းမပါဘဲ စိတ်ကောင်းထားရုံမျှနဲ့ ကိလေသာမကင်းနိုင်သေးဘူးဆိုတာပဲ။ ဒါကြောင့် စိတ်ကောင်းထားရုံနဲမပြီး၊ ဒါန၊ သီလ၊ ဘ၀နာစတဲ့ အားထုတ်မှုအပိုင်းလည်း လိုသေးတယ်ဆိုတာပါပဲ။

    နောက်တစ်ခုက ကုသိုလ်ရဲ့အဓိပ္ပါယ်ကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ ကုသလာ ဓမ္မာ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ– အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာနှစ်ပါးနဲ့ပြည့်စုံသော၊ ဓမ္မာ-နိသတ္တနိဇ္ဇီ၀သဘာဝါ- သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်၊ သံဝိဇ္ဇန္တိ- ရှိကုန်၏။ အဓိပ္ပါယ်က- ကုသိုလ်တရားဆိုတာ အပြစ်ကင်းတဲ့လက္ခဏာကတစ်ပါး၊ ချမ်းသာတဲ့အကျိုးကို ပေးခြင်းလက္ခဏာကတစ်ပါး၊ ထိုလက္ခဏာနှစ်ပါးနှင့်ပြည့်စုံရင် ‘ကုသိုလ်’လို့ခေါ်ပါတယ်။ အပြစ်ကင်းရမယ်ဆိုတာ (အသက်ကောင်လည်းမဟုတ် သတ္တ၀ါကောင်လည်းမဟုတ်တဲ့) စိတ်မှာ ကင်းရမှာပါ။ စိတ်ထဲမှာ လောဘအပြစ်၊ ဒေါသအပြစ်စတာတွေ ကင်းနေရပါမယ်၊ ထိုကိလာသာတွေ ကင်းနေတဲ့စိတ်ဟာ အနှောင်အဖွဲ့ကင်းပြီး ချမ်းသာနေပါတယ်။ ဒါကိုပဲ “ကုသိုလ်” ခေါ်ပါတယ်...

     "ဆန်နီနေမင်း" ဓမ္မ Website မှကူးယူမျှဝေပါသည်....

    ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု....


    (၁) အကြောင်းတရာနဲ့အကျိုးတရားတို့ဟာ အမြဲတမ်းထိတွေ့နေတာဖြစ်လို့ အကြောင်းကြောင့် ပျက်စီးတာလည်းပြောလို့ရသလို သူ့အလိုလိုပျက်စီးတာလို့လည်း ပြောလို့ရပါတယ်။ သဘာဝတရားကြီးကိုက ဒီတိုင်းချည်း အမြဲဖြစ်ပျက်နေတယ်လေ။

    (၂) ဥပမာ-လက်ကိုင်ပ၀ါအဖြူရောင် တစ်ထည်ကို လက်ထဲမှာဆုတ်ထားလိုက်ပါ။ ဆုတ်ထားတာကြာလာရင် အဲဒီလက်ကိုင်ပ၀ါဟာ ညစ်နွမ်းခြင်း၊ တွန့်ခြင်းစတဲ့ ဖောက်ပြန်ပျက်စီးမှုတွေ ဖြစ်လာတာကို မြင်ရပါလိမ့်မယ်။ ဒါဟာလည်း ပင်ကိုယ်မျက်စိနဲ့ ဖောက်ပြန်ပျက်စီးမှု မြင်လွယ်တဲ့အရာကို ဥပမာပေးလိုက်တာပါ။ အဲဒီလိုမြင်လွယ်တဲ့အရာမို့လည်း မြတ်ဗုဒ္ဓက စူဠပန်မထေရ်ကို လက်ကိုင်ပ၀ါကို ဆုတ်နယ်ခိုင်းပြီး တရားရအောင် လုပ်ခဲ့တာပါ။ လက်ကိုင်ပ၀ါမှမဟုတ်ပါဘူး။ ကျန်တဲ့ဘယ်ရာမဆို သူ့အလိုလို ဖြစ်ပျက်နေကြပါတယ်။ ဘယ်ဟာမှ ပုံမှန်အတိုင်း ရှိမနေကြပါဘူးလေ။ မိမိတို့က ကိုယ်ပိုင်ဉာဏ်နုနယ်သေးတဲ့အတွက်သာ မမြင်လွယ်တဲ့အရာတွေ ရှိနေတာပါ။

    တကယ်တော့ လောကကြီးထဲမှာ အာရုံကိုသိတတ်တဲ့သဘောတရားလေးမျှနဲ့ ဖောက်ပြန်တတ်တဲ့ သဘောတရားမျှလေးသာ ရှိပါတယ်။ အထည်ကိုယ်ဒြပ်တွေ၊ အစိုင်းအခဲစတာတွေ မရှိပါဘူး။ ဥပမာ-ပယ်လယ်ထဲခရီးသွားတဲ့အခါ ပယ်လယ်ရေထဲမှာ ရေမြုပ်ကြီးတစ်ခုကို အဝေးကကြည့်လိုက်တဲ့အခါ အစိုင်းအခဲကြီးလို့ ထင်ရပေမဲ့ အနီးသွားရောက်ပြီး လက်နဲ့ထိကြည့်လိုက်တဲ့အခါ အဲဒီရေမြုပ်ဟာ ပျက်စီးသွားသလို လူခန္ဓာကိုယ်အစရှိတဲ့ သက်ရှိသက်မဲ့များဟာလည်း အစိုင်းအခဲမဟုတ်ဘဲ နဲ့ ဖောက်ပြန်တတ်တဲ့ သဘောတရားမျှလေးသာရှိပါတယ်။ ဒါကြောင့်လည်း အချိန်တန်ရင် လက်နဲ့ဆုတ်ကိုင်ပြလို့ရတဲ့အရာတစ်ခုမှမရှိဘဲဖြစ်နေတာပါ။ လောကကြီးထဲမှာ ရေမြုပ်ဥပမာလို၊ ဖောက်ပြန်တတ်တဲ့ သဘောတရားလေးသာရှိတယ်ဆိုတဲ့ တရားသဘောကို သိမြင်မယ်ဆိုရင် လက်နဲ့ဆုတ်ကိုင်ပြလို့ရတဲ့အရာဟာ မရှိဘူးဆိုတာ သိပါလိမ့်မယ်။

    ဘုရားရှင် ၀ါကပ်တော်မူခဲ့သောနေရာများ.....


    မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးတဲ့အခါ ပဌမဗောဓိလို့ခေါ်တဲ့ ၀ါတော်(၂၀)အတွင်း ကျွတ်ထိုက်တဲ့ဝေနေယျများရှိရာ နေရာအသီးသီးသို့ ကြွရောက်ကာ ၀ါကပ်တော်မူခဲ့ပါတယ်။ ဒါကြောင့် ပဌမဗောဓိဆိုတဲ့ ၀ါတော်(၂၀)အတွင်း ၀ါကပ်တဲ့နေရာဌာနများကို အနိဗဒ္ဓ၀ါဆိုရာဌာနများလို့ ခေါ်ဆိုရပါတယ်။

    (၁) ဘုရားရှင်ဟာ ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး၊ ဗာရာဏသီပြည်ကို ဂေါစဂံပြုကာ မိဂဒါဝုန်တောမှာ ပဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။

    (၂-၃-၄) ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်မှာ ဒုတိယ၀ါ ၊ တတိယ၀ါ၊ စတုတ္ထ၀ါ ကပ်တော်မူခဲ့ပါတယ်။

    (၅) ဝေသာလီပြည်ကို အမှီပြုပြီး မဟာဝုန်တောအုပ် အတွင်းမှာစုလစ်မွန်းချွန် အထွတ်တတ်တဲ့ ကျောင်းတော်မှာ ပဉ္စမ၀ါကပ်တော်မူခဲ့ပါတယ်။

    ရှင်အရဟံ ၏ တရားဦး...


    ရှင်အရဟံရဲ့ တရားဦးကိုပြောမယ်ဆိုရင် ရှင်အရဟံနဲ့ အနော်ရထာမင်းတို့ တွေ့ဆုံကြပုံ စိတ်ဝင်စားစရာ ကောင်းပါတယ်။ စာဖတ်သူများလည်း ဗဟုသုတဖြစ်အောင် သူတို့နှစ်ဦးတွေ့ဆုံပုံလေးကို အကျဉ်းမျှ ဖေါ်ပြပေးလိုက်ပါတယ်။

    အခါတစ်ပါး မြန်မာပြည်မှာ သာသနာထွန်းကားနိုင်ရန်အတွက် အရှင်အရဟံဟာ ပုဂံပြည်သို့ ကြွလာကာ မြို့နဲ့မနီးမဝေး တောအုပ်တစ်ခုမှာ သီတင်းသုံးနေပါတယ်။

    လူဝင်စားဆိုတာ.....


    ဗုဒ္ဓလူဝင်စားတယ်ဆိုတာ ဗုဒ္ဓ၀ါဒအရ လုံးဝမဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဟာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုတော်မူပြီး ဖြစ်တဲ့အတွက် နောက်တဖန် ဘ၀အသစ် ပဋိသန္ဓေဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် ဗုဒ္ဓလူဝင်စားဟာ လုံးဝမဖြစ်နိုင်ပါဘူး။

    လူဝင်စားဆိုတာ ဖြစ်ခဲ့တဲ့ အတိတ်ဘ၀များကို ပြန်လည်အမှတ်ရနိုင်သူပါ၊ မနေ့ကလုပ်ခဲ့ပြောခဲ့တဲ့ အကြောင်းအရာများကို ဒီနေ့ပြန် မှတ်မိနေသလိုမျိုးပါ။ ဒါကို ဘုရားရှင်က ဇာတိဿရဉာဏ်ရရှိသူများလို့ မိန့်တော်မူပါတယ်။

    ခန္ဓာငါးပါး ဆိုတာ....


    မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရုပ်၊ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်ဆိုပြီး ဒေသနာအစဉ်အားဖြင့်သာ ဟောကြားတော်မူတာပါ။ အာရုံဖြစ်ပေါ်တဲ့အခါ ငါးပါးလုံး အတူတူဖြစ်ကြတယ်လို့ပဲ ဆိုရပါ့မယ်။ ရှင်းပြပါဦးမယ်။ ဥပမာ….အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာသုံးပါဟာ တစ်ခုစီဟောထားပေမယ့် အနိစ္စလက္ခဏာဖြစ်ပြီဆိုလျှင်ကျန်သည့် လက္ခာဏာနှစ်ပါးလည်း ပါဝင်ပြီးဖြစ်တော့သည်။ (ပထ၀ီ အာပေါ တေဇော ၀ါယော၊ ၀ဏ္ဏ ဂန္ဓ ရသ သြဇာ)ဆိုတဲ့ အ၀ိနိဗ္ဘောဂ ရှစ်ပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ တစ်ခုစီခွဲထားပေမယ့်လို့ ဒီရှစ်ပါးဟာ ရုပ်ဝတ္ထုပစ္စည်းတစ်ခုမှာ တပေါင်းတည်း ဖြစ်ကြပါတယ်။ တစ်ခုပီးတစ်ခုဖြစ်တယ်ဆိုပြီး ခွဲလို့မရပါဘူး။ ဝေနယျများ သိစေရန်အတွက်သာ ခွဲခြမ်းပြခြင်းသာဖြစ်တယ်လို့ မှတ်ရမယ်။

    ထို့အတူ ခန္ဓာငါးပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါ၊၀ိညာဏ်လို့ စီအစဉ်အတိုင်း ခွဲပြထားပေမယ့်လို့ တကယ်တမ်း အာရုံပေါ်တိုင်းမှာ ခန္ဓာငါးပါး ရုပ်နာမ်တရားများဟာ တပြိုင်နက်ဖြစ်ပြီး ချူပ်ပျောက်ကြပါတယ်။ သည်လို ရုပ်နာမ်များ ချူပ်ပျောက်တဲ့နေရာမှာ တောင်မှလက်ဖျစ်တစ်တွက်တွင် ကုဋေတစ်သိန်းချုပ်တယ်ဆိုတာကို မြတ်ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့သာ မြင်တာပါ။ သာမာန်ပုဂ္ဂိုလ်များ မမြင်နိုင်ပေ။ အကယ်၍ ခန္ဓာငါးရဲ့ ဖြစ်စဉ်ကို ခွဲခြမ်းလို့ရတယ်ဆိုဦးတော့ မြတ်ဘုရားရဲ့ အရာတော်သာဖြစ်
    တယ်လို့သာမှတ်ယူရပါမယ်....

    ဓမ္မစေတီဆရာတော် ဦးကောသလ္လ ၏ တရားတော်များ....


    ၁။ ထေရ၀ါဒနိဒါန်းတရားတော် ၂။ ထေရ၀ါဒ၏ အနှစ်သာရတရားတော် (၁)
    ၃။ ထေရ၀ါဒ၏ အနှစ်သာရတရားတော် (၂)
    ၄။ ထေရ၀ါဒနှင့် မြန်မာပြည် (၁)
    ၅။ ထေရ၀ါဒနှင့် မြန်မာပြည် (၂)
    ၆။ အမြတ်ဆုံးဒါနတရားတော်
    ၇။ အကျိုးကြီးလှ မြတ်ဒါနတရားတော်
    ၈။ အဘိဓမ္မာဖြင့် ချမ်းသာစွာနေနည်းတရားတော် (၁)
    ၉။ အဘိဓမ္မာဖြင့် ချမ်းသာစွာနေနည်းတရားတော် (၂)
    ၁၀။ မခမ်းနားပေမဲ့ ဆန်းပြားသည့်ထေရီမတရားတော်