Tuesday, October 18, 2011

မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာ...


 ၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
    ဖြစ်ခဲလှစွာ ၊ လူဆိုတာ ၊ ဖြစ်ကာနေကြပြီ ။

 ၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
     ရှင်ခဲလှစွာ ၊ သက်ဆိုတာ ၊ ရှင်ကာနေကြပြီ ။

 ၃။ တရားတော်ဟာ ၊ နာဖို့ရာ ၊ လွန်စွာခဲယဉ်းသည်။
     နာရခဲစွာ ၊ တရားဟာ ၊ နာကာနေကြပြီ ။

 ၄။ သာသနာဟာ ၊ တွေ့ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
     တွေ့ခဲလှစွာ ၊ သာသနာ ၊ တွေ့ကာနေကြပြီ ။

     အကြောင်းလေးဖြာ ၊ ဆုံဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
     ဆုံခဲလှစွာ ၊ ကြောင်းလေးဖြာ ၊ ဆုံကာနေကြပြီ ။
     အကြောင်းလေးဖြာ ၊ ဆုံခိုက်မှာ ၊ အရိယာမဂ်ဟာ ရသင့်သည် ။

     ကျမ်းကိုး - ထေရီအဋ္ဌကထာ ၊ ၀ိမလာထေရီဝတ္ထု ။
October 16, 2011 ရက် ၊ 4:00pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့အားပြန်လည်မျှဝေလိုက်ပါတယ်...