Friday, October 14, 2011

၂၄ ပစ္စည်းအကျဉ်း.....

ဟေတုပစ္စယော

ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း-- ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌-- မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)

ဒိဋ္ဌိမဖြစ်လိုသော်.....

ဒိဌိမဖြစ်လိုသော်(သို့) လူနှင့်တိရိစ္ဆာန်..


       အဘိဓမ္မာသဘောအရမှာ....ခန္ဓာ(၅)ပါး ရဲ့ အနက်သဘောကို ဘယ်လိုဖွင့်သလဲ...ဟုဆိုလျှင်........----

            ငါ၊သူတစ်ပါး၊ယောကျာင်္း၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါ....ဟူသော သညာ=ပညတ်ခံ နာမ မှန်သမျှသည် ခန္ဓာ(၅)ပါး ----ရုပ်နာမ် အစုအဝေး နှင့်သာ တည်ဆောက်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်..။

            ခန္ဓာ(၅)ပါး ဆိုသည်မှာ----

(၁)။ ရူပက္ခန္ဓာ=ဖောက်ပြန်တတ်သော ရုပ်တရား အစု။(မတည်မငြိမ် ဖြစ်နေသော ခန္ဓာ..။)

(၂)။ဝေဒနာက္ခန္ဓာ=ခံစားတတ်သော တရားအစု။(ခံစားမှု့ကို  သိသောခန္ဓာ..။)

(၃)။သညာက္ခန္ဓာ=မှတ်တတ်သော တရားအစု။(သူပဲ၊ငါပဲ၊ဟိုဟာပဲ၊ဒီဟာပဲ မှတ်တတ်တဲ့ခန္ဓာ..။)

(၄)။သင်္ခါရက္ခန္ဓာ=ပြုပြင် စီရင်တတ်သော နာမ်တရားအစု..။(တခဏ အချိန်အတွင်း အမျိုးမျိုးပြောင်းလဲ ဖြစ်ပျက်နေသော ခန္ဓာ..။)

(၅)။ဝိညာဏက္ခန္ဓာ=သိတတ်သော နာမ်တရားအစု။(ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်သော သိစိတ်ခန္ဓာ..။)