Monday, October 31, 2011

ဓမ္မမှတ်စုများ .....

ဗုဒ္ဓဘာသာ နှင့် သက်ဆိုင်သော ဓမ္မ မှတ်စုများ...
(Dhamma Web မှကူးယူမျှဝေပါသည်)
1 ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း နေလင်း
2 လူငယ်နှင့်ကိုးကွယ်မှု ဓမ္မအလင်းရောင်
3 ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင် ဖြစ်သနည်း.... သိပါသလား.... Dhammaransi Group
4 ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း ဦးသာမြတ်
5 ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား ဓမ္မဒူတ အရှင်ပညာဇောတ
6 အမေရိကန်စတိုင်လ်ဗုဒ္ဓဘာသာ ဓမ္မဂင်္ဂါ
7 ဗုဒ္ဓသာသနာပြုခရစ်ယာန်အရင့်အမာကြီး ဓမ္မဂင်္ဂါ
8 မြတ်ဗုဒ္ဓသာသနာတော်၂၅၀၀ ခရီး မောင်ပညာ (မန်းတက္ကသိုလ်)
9 ဗုဒ္ဓဘာသာ ငါးမျိုး အရှင်ဇောတိသာရ(စဥ့်ကူး)
10 လုပ်ကြံမှု့များကြားက ဗုဒ္ဓဘာသာ အရှင်ဝရသာမိ
11 ဗုဒ္ဓ၏ အယူဝါဒ (၁) သရ၀ဏ်
12 ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား ဓမ္မဒူတ အရှင်ပညာဇောတ
13 ဗုဒ္ဓ၀ါဒနှင့် စဉ်စားဝေဖန်မှု (၁) အရှင်ပညာနန္ဒ- M.A
14 ဗုဒ္ဓဘာသာနှင့် အမျိုးသမီးများ အရှင်ကိတ္တိသာရ
15 ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်
( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
သီတဂူ ဆရာတော်
16 လုပ်ကြံမှုများကြားကဗုဒ္ဓဘာသာ အရှင်ကုသလသာမိ (ပျော်ဘွယ်)
17 မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာရောက်ရှိပြန့် ပွားလာပုံ http://lokachantha.blogspot.com
18 အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း အရှင်ဉာဏဒီပ (ဓမ္မရတနာ)
19 ကိုးကွယ်တယ်ဆိုတာ ဘာလဲ အရှင်သီလာနန္ဒာဘိဝံသ
20 သာသနာ့အလံ တီထွင်သူ အမှန် အရှင်သုနန္ဒာလင်္ကာရ
21 ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း http://myakyunthar.blogspot.com

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း....


ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။
ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
 

သရဏဂုံဆောက်တည်ရခြင်း နှင့်အကျိုးကျေးဇူးများ....



Dhamma Web..မှ အရှင်ဥက္ကံသ(ဖားအောက်တောရ) ဆရာတော်၏ မပြတ်ပွားများ သရဏဂုံတရား
 ကိုပြန်လည်ကူးယူမျှဝေပါသည်...

 သရဏဂုံဆိုသည်မှာ “သရဏဂမန”ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သရဏ- ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့် ဂမန- ဆည်းကပ်ခြင်းကို “(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။
သရဏ
ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု မှတ်ယူပါ။

အဘယ်ကြောင့်ဆိုသော်---
၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကောင်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။
၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။
၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်ဖြစ်ပါစေ)ကို ပြုကြကုန်သော သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။
ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။