Friday, February 10, 2012

Windows နှစ်ခုတင်ပြီး Windows တစ်ခုပဲ ပေါ်နေတယ်ဆိုရင်.....




ဒီနေ့ကျွန်တော့်စက်မှာ အရင်က Windows 7 တင်ထားတဲ့ အပေါ်မှာ Windows XP ထပ်တင်ချင်တာနဲ့ အရင်တင်ပြီးသား Windows 7 ကိုလည်း မဖြုတ်ချင်တာနဲ့ ဒီတိုင်းပဲ Windows 7 ပေါ်မှာပဲ Windows XP ကိုထပ် တင်လိုက်တယ် .. အားလုံးလည်း သိမယ်လို့ ထင်ပါတယ် .. ကျွန်တော် ရေးထားခဲ့ဖူးတာလည်း ရှိပါတယ် .. ပုံမှန်အတိုင်း ဆိုရင် အနိမ့်တင်ပြီးမှ အမြင့်ကို တင်ရမှာပေါ့နော် .. Windows XP တင်ပြီးမှ Windows 7 ပြန်တင်ရမှာပါ .. ဒါပေမယ့် Windows တစ်ခု တင်ရရင် အကုန်လိုက် လုပ်နေရတာနဲ့ အချိန်လည်း မပေးချင်တော့တာနဲ့ပဲ အမြင့်ပေါ်မှာ အနိမ့်ကိုပဲ Windows 7 တင်ထားပြီးသား ပေါ်မှာပဲ Windows XP ကို Drive တစ်ခုပေးပြီး တင်လိုက်တယ်ဗျာ .. Windows  XP လည်းတင်ပြီးရော အရင်တင်ပြီးသား Windows 7 ကတက်မလာတော့ပဲ  Windows XP ပဲတက်လာတော့တယ် .. 



ပုံမှန်အတိုင်းဆိုရင်တော့ Windows နှစ်ခုတင်ထားတယ် ဆိုရင် Boot တက်ပြီးသွားရင် Boot Menu မှာ Windows နှစ်ခုလုံး လာပေါ်နေပါလိမ့်မယ် .. မိမိတို့က ကိုယ်သုံးချင်တဲ့ Windows ထဲကိုဝင်ပြီး အသုံးပြုယုံပါပဲ .. 


အခုကျတော့ Windows တစ်ခုတည်း ပေါ်နေတယ်ဆိုတော့ Windows နှစ်ခုလုံးပေါ်အောင် ဘယ်လိုလုပ်ရမလည်း ဆိုပြီး အကိုတစ်ယောက်ကို အပူကပ်လိုက်တာ သူက EasyBCD ကို လမ်းညွန်လိုက်တာနဲ့ ကျွန်တော်လည်း နည်းနည်း Version ပြောင်းပြီး စမ်းသုံးကြည့်လိုက်တာ အဆင်ပြေသွားတာနဲ့ ကျွန်တော်တို့လိုမျိုး ကြုံလာခဲ့ကြရင် အဆင်ပြေအောင်လို့ အသုံးပြုနည်းလေးကို ရေးပေသွားမှာ ဖြစ်ပါတယ် .. 


ကျွန်တော်တို့ Windows နှစ်ခု တင်တဲ့သူများ Windows တင်ပြီးသွားတဲ့ အခါမှာ Dual Boot Menu ပေါ်မလာပဲ Windows တစ်ခုထည်း ပေါ်နေတယ်ဆိုရင် အခုကျွန်တော် အောက်မှာ ရှင်းပြပေးထားတဲ့ နည်းလမ်းလေး အတိုင်း လိုက်လုပ် ပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ် .. 


အရင်ဆုံး EasyBCD လေးကို မိမိတို့စက်မှာ Install လုပ်လိုက်ပါ .. ပြီးရင် အဲ့ဒီကောင်လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Add New Entry ကိုသွားလိုက်ပါ ..



အောက်က ပုံအတိုင်း  Operating Systems ဆိုပြီး ပေါ်လာပြီဆိုရင်  ကျွန်တော်တို့ အနေနဲ့ Type မှာ Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးရမှာ ဖြစ်ပါတယ် . အောက်ကပုံမှာကြည့်ပါ .. ကျွန်တော်က Windows XP ပဲသုံးလို့ရပြီး  Windows 7 က  Boot Menu မှာ မပေါ်တာ ဖြစ်တဲ့အတွက် Windows Vista/7 ကိုရွေးပေးလိုက်တာ ဖြစ်ပါတယ် .. တကယ်လို့ Boot Menu မှာ Windows XP ကမပေါ်တာ ဆိုရင် Windows XP ကိုရွေးပေးရမှာ ဖြစ်ပါတယ် .. ရွေးပြီးသွား ပြီဆိုရင်တော့ Add Entry ကိုနှိပ်လိုက်ပါ ..






အပေါ်ကပုံအတိုင်း  New Entry ကိုနှိပ်ပြီး သွားပြီဆိုရင်တော့ Edit Boot Menu ကိုပြန်သွားပြီး ကြည့်လိုက်ပါ .. 





Edit Boot Menu မှာ အပေါ်က ပုံမှာ ပြထားသလို Windows 7 ကအပေါ်မှာ Windows XP ကအောက်မှာ တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒါက ဘာကို ပြတာလည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့  Boot Menu ကိုရောက်လို့  မိမိတို့ စိတ်ကြိုက် Windows ကိုမရွေး မိလိုက်ဘူး ဆိုရင် ကျွန်တော်တို့က Windows 7 ကို အပေါ်မှာ ရွေးထားတဲ့ အတွက် Windows 7 ကို တန်းပြီးတက် သွားမှာ ဖြစ်ပါတယ် .. အဲ့ဒါကိုတော့ မိမိတို့ စိတ်ကြိုက် ထားလို့ ရပါတယ် .. အပေါ်မှာ  Up , Down ဆိုတဲ့ မြားလေးတွေကို နှိပ်ပြီး ရွေးချယ် နိုင်ပါတယ် .. ပြီးရင်တော့ Save Settings ကိုနှိပ် ပေးလိုက်ယုံပါပဲ ..




နောက်ဆုံး အဆင့်အနေနဲ့ အပေါ်မှာပြထားတဲ့ ပုံအတိုင်း Bootloader Setup ကိုသွားလိုက်ပါ .. ပြီးရင် MBR Configuration Options မှာ  Install the Windows Vista / 7 bootloader  နဲ့  Install the Windows XP bootloader မှာ ကျွန်တော်က Windows XP ကိုပဲ သုံးလို့ရပြီး Windows 7 မတက်တာ ဖြစ်တဲ့အတွက် Windows Vista / 7 bootloader   ကိုရွေးပေးထားတာ ဖြစ်ပါတယ် .. Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Write MBR ကိုနှိပ်ပေးလိုက်ပါ .. 


ပြီးရင်တော့ မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ .. ပြီးရင် Boot Setting  ပြီးတာနဲ့  Boot Menu ပေါ်လာတဲ့ အချိန်မှာ  Windows  နှစ်ခုလုံး အသုံးပြုလို့ ရသွားပါလိမ့်မယ် .. 


ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် .. EasyBCD 2.0 Beta - Build 93  ကိုတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..




ကိုနေမင်းမောင် ရေးသားခဲ့သော Post အားပြန်လည်မျှဝေလိုက်ပါသည်...

Window Offline Update လုပ်ဆောင်ခြင်း...



ကျွန်တော် ဒီအကြောင်းကိုရေးဖို့ စာတော်တော်လေး လိုက်ဖတ်ဖြစ်ခဲ့တယ်။ အရင်က ကိုနိုးတူးမေးတဲ့ ပိုစ့်တပိုစ့်မှာ window update ပေးတာ Error တက်တာလေးကို ကျွန်တော် Offline လုပ်ဆောင်လို့ ရတယ်ဆိုရင် Offline Package တွေ ပေးခဲ့တယ် ။ အဲ့ကတည်းက ရှင်းပြဖို့ပါပဲ့။ ဘာကို ရှင်းပြချင်တာလည်းဆိုတာကတော့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေ မြန်မာ ဆိုဒ်တွေမှာ ဖတ်ဖူးမှာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ ထွက်သမျှ window Update တွေကို အင်တာနက်မရရင် ဘယ်လို ရနိုင်မလည်း ဆိုတဲ့ မေးခွန်းရယ်။ နောက်တခုက ကျွန်တော်တို့ အင်တာနက်ရတဲ့နေရာမှာ Window ကို တင်သွားမယ်။ ပြီးရင် Offline မှာ သုံးမယ်။ ဒါပေ့မယ် ကြာလာတာနဲ့ အမျှ ဒီ window ကို အသစ်ချိန်းချင်မှာပဲ့လေ။ ဒါဆို ဘယ်လိုလုပ် window update ကို Offline ကနေ ရနိုင်မလဲ့ အင်တာနက် မသုံးပဲ့ Update ဖိုင်တွေကို ဘယ်လို install လုပ်မလည်းဆိုတာလေးကိုကျွန်တော် ရှင်းပြပေးချင်ပါတယ်။ ပြောပြချင်ပါတယ်။




ကဲ့ ဒါဆို ကျွန်တော်တို့ စကြရအောင်… အဆင့်လိုက်သွားပြီး လုပ်ဆောင်နိုင်အောင် အဆင့်လိုက်ပဲ့ ပြောချင်ပါတယ် ။ Step တွေ မများပါဘူး။ 


အဆင့် ၁…


ပထမဆုံး ဒီအောက်က ဆိုဒ်ကို သွားရပါမယ်။ အဲ့မှာ နောက်ဆုံး Version ကို ဒေါင်းလုပ်ချပြီး Zip ဖြည်လိုက်ပါ။



အဆင့်၂..


Zip ဖြည်လို့ ရတဲ့ အထဲမှာ UpdateGenerator ဆိုတဲ့ Exe ဖိုင်လေးကို ဖွင့်လိုက်ပါ ။ ဒါဆို ကျွန်တော်တို့ အောက်ကလို ပုံလေး ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့က window ဘယ် window ကို သုံးမယ်ဆိုတာကို စိတ်ဆုံးဖြတ်ချက် ချပြီး Update Package တွေကိုပဲ့ ယူလိုရသလို အဲ့လို မဟုတ်လည်း XP . 7 ,Sever ကိုယ်လိုချင်တဲ့ နောင်တချိန် ကိုယ်သုံးမယ့် window ကို ရွေးပေးရပါမယ်။

 အဆင့် ၃..


အပေါ်က ပုံမှာ Create ISO Image ဆိုတာ ရှိတယ်။ အဲ့ အရှေ့မှာ အမှန်ခြစ်လေး ပေးခဲ့ပါ။ ဒါဆို ကျွန်တော်တို့ ပြင်ဆင်မူ အပိုင်းကတော့ ပြီးပါပြီ ။ ဒါကြောင့် Start ကို စနိုပ်လိုက်တာနဲ့ သူ့ဘာသာ လုပ်သွားပါလိမ့်မယ်။ ကြာတာတော့ ကြာပါလိမ့်မယ်။ ဒါပေ့မယ် ပြီးသွားတာနဲ့ အပေါ်မှာ Zip ဖြည်ထားတဲ့ ဖိုင်ထဲ့က ISO ဆိုတဲ့ Folder လေးထဲ့မှာ ISO ဖိုင်လေးတွေရောက်နေပါလိမ့်မယ်။ ဒါဆို Window တင်ပြီး တာနဲ့ စက်က အင်တာနက် မရလည်း ရထားတဲ့ ISO ကို ရမ်းပေးလိုက်တာနဲ့ ကိုယ် ISO လုပ်ထားတဲ့ နေ့ Update ရထားတဲ့ အထိ Update ကို ရမှာ ဖြစ်ပါတယ်။အပေါ်က အဆင့်တွေ  အင်တာနက် ရမှ လုပ်ဆောင်လို့ ရမှာပါ။ဒါကြောင့် ဒီနေ့ လုပ်မယ်ဆိုရင် ဒီနေ့အထိ Update ရမှာ ဖြစ်ပြီး.. တကယ်လို့ ဒီနေ့ လက်ရှိလုပ်ရမှာကို မလုပ်ချင်ဘူးဆိုရင်လည်း. အင်တာနက် မရတော့တဲ့ အချိန်ကျမှ ဒီလို ခွေလိုချင်တယ်ဆိုရင်လည်း အင်တာနက်သုံးခွင့်ရတဲ့ သူဆီကနေ တဆင့် ISO ကို လုပ်ခိုင်းပြီးတောင်းဆိုရင် အဆင်ပြေမှာပါ။ ဒါဆို စက်မှာ အင်တာနက်မရလည်း ISO ဖိုင်လေး ရှိတာနဲ့ Update ရမှာပါ။
ကိုနေမင်းမောင် ရဲ့ Blog ထဲမှ ကိုသန့်ဇင်ဌေး ရေးသားထားသော Post အားပြန်လည်မျှဝေပါသည်..