Showing posts with label ဓမ္မ. Show all posts
Showing posts with label ဓမ္မ. Show all posts

Thursday, August 2, 2012

"ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)

"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ"

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။

• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။

• ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။

• ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]

• ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။

Tuesday, January 31, 2012

ဝိပဿနာ ရှုပုံရှုနည်း...

ဝိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊
ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။
ဤကဲ့သို့ ဟောထားတော့ ဒကာ, ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့် ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူးတဲ့။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။

ပဋိစ္စသမုပ္ပါဒ် အမေးအဖြေ ၂....

(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။
(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။
မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။
မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။
မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။
မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။
မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။
မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

Sunday, January 22, 2012

ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်....

“ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်“
မိမိခန္ဒာ၊ ဥာဏ်ရှု့ကာ၊ ဖြစ်လာပျက်သုဉ်းကြ။
ပြုပြင်ပေါ်ထွက်၊ ပေါ်ပြီးပျက်၊ သက်သက်အနိစ္စ။
အကြောင်းပြုပြင်၊ ကျိုးတင်ထင်၊ အစဉ်ဖြစ်ပျက်ကြ။
ဓမ္မသဘော၊ ငါမနှော၊ လောလောခန္ဒာပြ။
ခန္ဒာပြမှု၊ အစဉ်ရှု့၊ ငါးခုမဂ္ဂင်္ဂ။
ရှု့ကြည့်များတွေ၊ ရွံမုန်းလေ ဆုံးချေနိဗ္ဗန။
ခန္ဒာတစ်ခု၊ ဖြစ်ပျက်ရှု့၊ ရမှုနိရောဓ။
ဒါကာဒါကာမတို့ ကို သင်္ခါရတရားဆိုတဲ့ အချက်ကိုရှင်းပြရမယ် သင်္ခါရတရားဟာဘာလဲဆိုရင်
ပြုပြင်ထားတဲ့တရား ပဲလို့ပထမအကျဉ်းချုပ်ပြီးမှတ်ထားကြရမယ်.....

Tuesday, January 17, 2012

နိဗ္ဗူတာသို့  (အရှင်ပုညာနန္ဒ)

တရားကိုကြိုးစားအားထုတ်ဖို့  လုံ့ လ၀ီရိယတွေကို သန်သန်ထွားထွားမွေးပြီး ကိုယ်အဓိဋ္ဌာန်ထားတဲ့ တစ်နာရီအတွင်းမှသက်တောင့်သက်သာလေးနဲ့  အရှုခံလေးတွေရဲ့ ပရမတ်သားပေါ်မှာ ဥာဏ်အမြင်လေးတွေနဲ့ ကောင်းစွာသိပြီး ဆန်းစစ်ရင်းရှုတတ်အောင်သင်ပေးမှာပါ၊
ကိုယ့်ရဲ့ပေါ်ရာအာရုံမှာပဲရှုရှု၊ နှာသီးဝအာရုံလေးမှာပဲ ကြည့်ကြည့် အရှုခံတရားတွေဟာ အရှုဥာဏ်အောက်မှာသိစရာအာရုံရယ်၊ သိတာရယ် အရှုခံမှန်သမျှက သိစရာအာရုံချည်းပဲ၊ အရှုဥာဏ်က သိသွားတာ ဒီနှစ်ပဲရှိတယ်၊ သိစရာအာရုံကို သိတဲ့အလုပ်နဲ့ ကြီုးစားနေကြတာ၊ ကိုယ်ရှုနေကျ အရှုခံအာရုံလေးကို နှာသီးလေးဝလေးမှာ ထားတော့ ရှူသွင်းခိုက် မှာ တိုးတာ အေးတာ၊ ရှူထုတ်ခိုက်မှာ တိုးတာ နွေးတာ၊ကိုယ်ပေါ်မှာ အာရုံစိုက်တော့နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတယ်လို့  ကိုယ့်နဲ့ စပ်ပြီးသိတာ ထင်ရှားတဲ့ အရှုခံရုပ်ကို အလေးပေးရှုတော့ ကာယနုပသါသတိပဋ္ဌာန် ဖြစ်တာပဲ၊
ဒီအပေါ်မှာ အာရုံအဖြစ်နဲ့ ထားပြီးတော့ ၀မ်းသာတဲ့သဘော၊၀မ်းနည်းတဲ့သဘောကောင်းတယ်၊ မကောင်းဘူးလို့ မသုံးသပ်တော့ဘဲနဲ့ အလယ်အလတ် ခံစားတဲ့သဘောရယ်လို့ ဝေဒနာကလည်း သုံးမျိုးပဲရှိတာ၊ အဲဒီဝေဒနာကိုကြီုးစားပြီးရှုနိုင်တဲ့ပုဂ္ဂိုလ်ကလည်း ဝေဒနာနုပသါသတိပဋ္ဌာန်ဖြစ်သွားတာပဲ၊
ဒါတွေပေါ်မှာလိုက်လိုက်ပြီးသိသိသွားတဲ့ သိတတ်တဲ့သဘောစိတ်ကိုအာရုံပြုရှုတော့လည်း ရှေ့ အသိစိတ်လေးကို နောက်အသိစိတ်က အစားထိုးပြီး အကဲခတ်တိုင်း အကဲခတ်တိုင်း မှာ ရှေ့ အသိစိတ်အာရုံလေးကို နောက်အသိစိတ် အာရုံလေးက ပြန်ပြီးကြည့်တာပဲ၊ရှေ့ စိတ်ကို နော် စိတ်နဲ့ အကဲခတ်နေတာပဲ၊ အဲဒီလိုစိတ်လေးတွေပေါ်တိုင်း ပေါ်တိုင်းရှုသွားရင် စိတ္တာနှပသါသတိပဋ္ဌာန် ဖြစ်တာပဲ၊
ရုပ်ဝေဒနာ စိတ်ရယ်လို့ ကောင်းစွာသိလို့ အရှုခံလေးတွေမှာ ရုပ်ပေါ်လည်း ရုပ်ကကိုကောင်းစွာရှုနိုင်တယ်၊ ဝေဒနာပေါ်လည် ဝေဒနာကိုကောင်းစွာရှုနိုင်တယ်ပေါ်ရာအရှုခံလေးတွေကို လိုက်လိုက်ပြီး ရုပ်ပေါ် နာမ်ပေါ် ပေါ်ရာအရှုခံမှာ အာရုံပြု ရှုနိုင်ရင် ဓမ္မနုပသါသတိပဋ္ဌာန်ဖြစ်တာပဲ၊
ဘယ်သတိပဋ္ဌာန်ကိုပဲ ရှုရှု ကိုယ့်စရိုက်၊ကိုယ့် ကမ္မဋ္ဌာန်းညီဖို့ အရေးကြီးတယ်၊ သတိပဋ္ဌာန်းလေးပါးမှာတစ်ပါးပါးကိုရှုနိုင်ရင် နိဗ္ဗာန်ရောက်တာပဲ၊နိဗ္ဗာန်ရောက်အရေးမှာကိုယ့်မှာဘာစရိုက်ရှိလဲ၊ အဲဒီရှိတဲ့စရိုက်နဲ့ အခု အရှုခံအာရုံအဖြစ်ပြမယ့်ကမ္မဋ္ဌာန်းလေးမျိုးထဲက တမျိုးမျိုးကိုရွေးရမှာ၊ အဲဒီလိုရွေးဖို့ ကကိုယ့် ရဲ့စိတ်မှာကိုယ်ဘာစရိုက်ရှိတယ်ဆိုတာအသိဆုံး၊ ကိုယ့်မှာက လိုချင်ရမက်ကြီးမယ်၊ ဥာဏ်ကလည်းနုတယ် ဆိုရင် ကိုယ့်နဲ့ စပ်ပြီးထင်ရှားတဲ့ ရုပ်အရှုခံ ကာယနုပသါသတိပဋ္ဌာန်ကို ရှုပါ၊ လိုချင်ရမူအားကြီးတယ်၊ ငါစွဲလည်းကြီးတဲ့ ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်၊ ငါစွဲလည်းအားကြီးတယ်ဥာဏ်ကလည်းနုံတယ် အဲဒီပုဂ္ဂိုလ်အတွက်က
စိတ္တာနှပသါသတိပဋ္ဌာန်ရှုပါ၊ စိတ်ကိုအလေးပေးရှုပါ၊

January 17, 2012 တွင်2:30am တွင် myonainghtoon ရေးသားခဲ့သောဘလော့ အားပြန်လည်
မျှဝေလိုက်ပါသည်...

Wednesday, January 11, 2012

mp3တရားတော်များ-အပိုင်း(၁)....

တရားတော်များ-အပိုင်း(၁)

၁။ သုဘဒ်ရဟန်း ဥပမာပြ၊ သင်္ခါရတရားတော် ချောင်(၁၆)ချောင် ခိုတတ်ပုံ (၁၆-...
၂။ သတိနှင့်ဆား ဥပမာပြ (၂၅-၁-၁၉၅၅)
၃။ ၀ိသာခနှင့် ဓမ္မဒိန္နာမေးဖြေ (၂၉-၁-၁၉၅၅)
၎။ တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ ကျင့်ရမည် (၈-၁၀-၁၉၅၆)
၅။ ဇောတိက ဥပမာပြ (၁၁-၁၀-၁၉၅၆)
၆။ ၀ိပဿနာရှုသော ပုဂ္ဂိုလ်တို့၏ မှတ်တိုင်တရား (၁၂-၁၁-၁၉၅၆)
၇။ ယမကရဟန်း ဥပမာပြ (၁၆-၁၂-၁၉၅၇)
၈။ ဇော(၇)ကြိမ် တရားတော် (၁၀-၇-၁၉၅၈)
၉။ ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ ပဋိလောမနည်းဖြင့် ဒုက္ခသစ္စာဆိုက်ပုံတရားတော်...
၁၀။ အ၀ိဇ္ဇာလက်အောက်ခံ သင်္ခါရသုံးမျိုး တရားတော် (၁၂-၈-၁၉၅၈)
၁၁။ ခန္ဓာကိုယ်စေခိုင်း၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော် (၁၃-၈-၁၉၅၈)
၁၂။ အဓိပတိသုံးပါးထား၍ အားထုတ်ရန်နှင့် ဝေဒနာနှင့်တဏှာကြား နိဗ္ဗာန်ရှာ...
၁၃။ ကံ စေတနာ ကမ္မ၀ါဒီ သဿတဒိဋ္ဌိပယ်ပုံ (၂၅-၁၁-၁၉၅၉)
၁၄။ ဂီလာနရဟန်းအား ဝေဒနာပြ၍ ဟောကြားပုံ တရားတော် (၂၈-၁၁-၁၉၅၉)