Sunday, January 22, 2012

ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်....

“ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်“
မိမိခန္ဒာ၊ ဥာဏ်ရှု့ကာ၊ ဖြစ်လာပျက်သုဉ်းကြ။
ပြုပြင်ပေါ်ထွက်၊ ပေါ်ပြီးပျက်၊ သက်သက်အနိစ္စ။
အကြောင်းပြုပြင်၊ ကျိုးတင်ထင်၊ အစဉ်ဖြစ်ပျက်ကြ။
ဓမ္မသဘော၊ ငါမနှော၊ လောလောခန္ဒာပြ။
ခန္ဒာပြမှု၊ အစဉ်ရှု့၊ ငါးခုမဂ္ဂင်္ဂ။
ရှု့ကြည့်များတွေ၊ ရွံမုန်းလေ ဆုံးချေနိဗ္ဗန။
ခန္ဒာတစ်ခု၊ ဖြစ်ပျက်ရှု့၊ ရမှုနိရောဓ။
ဒါကာဒါကာမတို့ ကို သင်္ခါရတရားဆိုတဲ့ အချက်ကိုရှင်းပြရမယ် သင်္ခါရတရားဟာဘာလဲဆိုရင်
ပြုပြင်ထားတဲ့တရား ပဲလို့ပထမအကျဉ်းချုပ်ပြီးမှတ်ထားကြရမယ်.....


ယခုလက်ရှိ ခန္ဒာကြီးဟာ ပြုပြင်ထားကြလို့ ဖြစ်ပေါ်နေတာ ဘယ်လိုပြုပြင်ထဲလဲဆိုတော့
မြင်တတ်အောင် ကြားတတ်အောင် ပြုပြင်ထားတယ် အခုဒါကာဒါကာမတွေ မျက်လုံးကလေးက မြင်တယ်ကြားတယ် နားကကြားတတ်တယ် နှာခေါင်းကနမ်းရှုတတ်တယ်
လျှာက လျှက်တတ်စားတတ်တယ် ကိုယ်ကာယတွေက တွေထိတတ်တယ် မနောစိတ်က
ကြံစည်တွေးတောတတ်တယ် သိတတ်တယ် အဲတာတွေဟာ အတိတ်ကံက ပြုပြင်ထားလို့
ဖြစ်နေကြတာပဲ ဆိုတာမှတ်လိုက်ကြ ရိပ်မိကြရဲ့လား ဒါကိုတို့ အတိတ်က ပြုလုပ်ခဲ့တဲ့ကံတရားက ပြုပြင်ပေးထားလို့ဖြစ်နေကြတာ ဒီတော့ ဒီခန္ဒာမှာဒို့ပိုင်တာ မပါဘူး
ကံသင်္ခါရက ပြုပြင်ထားတာပဲဆိုတာမှတ်လိုက်ကြ ဒါကိုတို့ အတိတ်က ပြုလုပ်ခဲ့တဲ့
ကံတရားက ပြုပြင်ထားလို့ဖြစ်နေကြတာ
ဒီတော့ ဒီခန္ဒာမှ ဒို့ပိုင်ဆိုင်တာ မပါဘူးလို့အသေချာမှတ်ပါ ကံသင်္ခါရက ပြုပြင်ပေးထားလို့
ဖြစ်ပေါ်နေတာပဲ သူကဖြုတ်လိုက်ရင် ဒီခန္ဒာကို ဒို့ပိုင်တာဒို့ဆိုင်တာဘာတစ်ခုမှမပါဘူး
လို့သာဆုံးဖြတ်ချက်ချလိုက်ပါ။
ခန္ဒာတစ်ခုလုံးမှရှိတဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်တွေဟာ သင်္ခါရက ပြုပြင်သလို
ဖြစ်ပေါ်နေတာပဲ ဒါကာဒါကာမတို့ လုပ်လို့ဖြစ်တယ်ဆိုတာဘာတစ်ခုမှမပါဘူး
ကံသင်္ခါရကပြုလုပ်ပေးထားတာ မြင်လောက်အောင် အားထုတ်ပေမဲ့မြင်လောက်တဲ့
ရုပ်ကလေး ပါမှသာ မြင်နိုင်တယ် မပါရင် မမြင်နိုင်ပါဘူး အဲဒါကံက ပြုပြင်လို့ပဲ
နောက်ပြီး ဥတုက ပြုပြင်ပေးထားတာလဲ ရှိသေးတယ် တစ်ကယ်လို့ရာသီဥတုက
ကြမ်းတမ်းလာမယ် ဆိုးရွားလာမယ်ဆိုင် မကြိုက်ဘူး နှလုံးမသာမယာ ဒေါမနဿ တွေ
ဖြစ်လာမယ် အဲဒီလိုဖြစ်လာတာ ဥတုကပြုပြင်လို့ဖြစ်လာတာ တချို့ စိတ်တွေတချို့ရုပ်တွေ
ဥတုကပြုပြင်လို့ဖြစ်ရတာပဲ အေးတဲ့ အခါမှာ အေးလို့စိတ်ကတစ်မျိုး ရုပ်ကလဲတမျိုးမျိုး
ဖြစ်ကြတာပဲ ပူတော့ပူလို့ အိုက်တော့အိုက်လို့ တမျိုးဖြစ်လာကြရတာ သဘောပေါက်ကြလား
အဟာရကပြုပြင်လို့လည်း ဒီခန္ဒာတွေဖြစ်ကြရတယ် အစာအဟာရက ပြုပြင်တော့
အသားအရေတွေ စိုစိုပြေပြေ ဖြစ်လာတယ် စိတ်ကလည်း ပြုပြင်ပေးရတာပဲ စိတ်သင်္ခါရက
ပြုပြင်ပေးလို့ စိတ်တွေကြည်လင် တက်ကြွလာတယ် အဲဒီတော့ ဒီခန္ဒာတစ်ခုလုံးဟာ
ကံရယ် စိတ်ရယ် ဥတုရယ် အဟာရရယ် ဆိုတဲ့ဒီသင်္ခါရ တွေကပြုပြင်ပေးနေလို့သာ
ဖြစ်နေကြတာပဲဆိုတာမှတ်လိုက်ကြ။
အဲဒီတော့ကို ပြုပြင်တဲ့တရားက ကံစိတ်ဥတုအာဟာရပြုပြင်လို့ ပေါ်လာတဲ့တရားက
သင်္ခါရ ဒီနှစ်ခုကို ခွဲခြားပြီးမှတ်ထားလိုက်ကြပါ
ဒါကာဒါကမတို့ ပြုပြင်လို့ ပေါ်လာတဲ့တရားတွေက ဘာတွေလဲဆိုတော့ ခန္ဒာငါးပါးဟာ
သင်္ခါရ ခန္ဒာငါးပါးပဲလို့မှတ်လိုက်ကြ ဒီခန္ဒာငါးပါး ဟာ အကြောင်း လေးမျိုးကပြုပြင်ပေးလို့
ပေါ်လာရတာ ကြီးပွားအောင်လည်းဒီ ကံစိတ်ဥတုအာဟာရဆိုတဲ့ အကြောင်းလေးပါးက
ပြုပြင်ပေးတာပဲ ဆုတ်ယုတ်အောင်လည်း ဒီလေးပါးကပြုပြင်ပေးတာပဲ
အဲဒီတော့ ဒကာဒါကာမတွေရဲ့ ခန္ဒာငါးပါးဟာ သူများပြုပြင်ထားတဲ့ခန္ဒာငါးပါး သူများပြုပြင်သမျှခံရမယ့် ခန္ဒာငါးပါးပဲ ဒီထဲမှာ ကိုယ်ပိုင်တာ ကိုယ်ဆိုင်တာရယ်လို့မပါဘူး
ဒီခန္ဒာ ငါးပါးအပေါ်မှာ စီမံတဲ့အရှင်သခင်လေးယောက်ပဲ ရှိတယ် ဒီအရှင်သခင်လေးယောက်နဲ့
စီမံသမျှကိုခံယူနေရပါလားဆိုတာ သဘောပေါက်ကြပြီးလား။
ဥပမာ ဆိုရင် ဒီခန္ဒာအိမ်ဟာ ကျားလေးချောင်းနဲ့ထောက်ပြီး တည်တန့်နေရတယ်
ဒီကျားလေးချောင်း ထဲက တစ်ချောင်းပြုတ်ရင် ဒီခန္ဒာအိမ်ကြီးက တည်တံ့မနေနိုင်ဘူး
ဗိုင်းဗိုင်းလဲဖို့သာရှိတော့တယ်ဆိုတာမှတ်လိုက်ကြ ဒီအကြောင်းတရားဆိုတဲ့
ကျားလေးချောင်းထဲက တချောင်းပြုတ်ရင် ဘယ်သူမှမတတ်နိုင်တော့ဘူး
ဗုံးကနဲလဲသေဖို့သာရှိတယ် ဒါကြောင့် ဒီခန္ဒာငါးပါးမှာ ကိုယ်ပိုင်တာ ကိုယ်ဆိုင်တာ
မပါလို့ အနတ္တတရားပဲလို့မှတ်လိုက်ကြ ဒီသဘော အမှန်ကို ကိုယ်ဥာဏ်နဲ့ဆုံးဖြတ်ချက်
ချနိုင်အောင် ဘာလုပ်ရမလည်း ၀ိပဿနာရှု့ကြရမယ် ၀ိပဿနာရှု့တော့
သင်္ခါရတရား ဒါမှမဟုတ် အနတ္တတရားလို့သတ်မှတ်ထားလိုက် သင်္ခါရတရားဟူသရွှေ့
ခေတ္တခဏပဲဆိုတာသိထားကြရမယ် ကျားလေးခုထောက်ထားလို့ ထောက်ထားခိုက်မှာသာ
တည်တံ့နိင်တာ တခုပြုတ်ရင် ဗိုင်းဗိုင်းလဲတောပဲ ဒါကြောင့် သင်္ခါရ အထောက်ကလေးရှိတုန်း
ခေတ္တခဏ တည်နေတာပဲလို့မှတ်ကြ ဒီခန္ဒာကြီးကို ကံက မင်းမသာဖြစ်လိုက်တော့လို့
အမိန့်ပေးမယ် စိတ်ကလည်း အမိန့်ပေးမယ် ဥတုကလဲ အမိန့်ပေးမယ် အာဟာရကလည်း
အမိန့်ပေးမယ် မင်းလဲမသာဖြစ်လိုက်တော့လို့ အမိန့်ပေးမယ် အဲဒီလို အရှင်သခင်တခုခုက
မသာဖြစ်လိုက်တော့ဆိုတော့ တခါထဲ မသာဖြစ်ရတော့တာပဲ သဘောပေါက်ကြပြီးလား
ဒါဘာကြောင့်လဲလိုဆိုရင် သူများစီမံခံနေရတာမို့လို့ ပဲ စီမံသမျှခံရတဲ့ သင်္ခါရခန္ဒာမို့ပဲ
ဒီတော့ ဒါကာဒါကာမတွေ အငှားထိန်းပြီး အငှားကျောင်းရတာ ဒီခန္ဒာပဲဆိုတာ
တစ်ထစ်ချမှတ်လိုက်ကြ။
ဒီလိုအငှားထိန်းအငှားကျောင်းနေရတဲ့ဘ၀ကနေပြီး “ငါ့ဘာထင်နေတုံးလို့များဆိုလိုက်ကြသေး
တယ် ငါ့ကို ဘာအောင့်မေ့လို့တုန်ဆိုတာများကြိမ်းလိုက်မောင်းလိုက် လုပ်နေကြသေးတယ်
ဒီလိုလုပ်တာများတော်ကြပါရဲ့လား မသိမသာဆိုးဝါးချက်ကပြင်းလွန်းလို့သာဒီလေသံတွေထွက်ရက်နိုင်တာ မမှန်အကန်သာသိရရင် ဒီလေသံမျိုး မထွက်ဝံ့တော့ပါဘူး
ဒါကာဒါကာမတွေဟာ ကံတို့ စိတ်တို့ ဥတုတို့ အဟာရတို့က မထောက်ပံ့တော့ရင်
ဗိုင်းဗိုင်းလဲသေဖို့ပဲရှိတယ် ဆိုတာမှတ်ကြပါ ဘုန်းကြီးတို့ ဒါကာဒါကာမတွေက
အရွယ်နဲ့မလိုက်အောင် အရူးထတာကိုလည်း မသိ သူများအရူးထတာကိုလည်း
မသိနိုင်တော့ဘူး မသိတော့တယောက်အရူးထ ဒါကို အများက ၀ိုင်းပြီးထောက်ခံကြတော့တာပဲ ဒါကာဒါကာမတို့ ဒီကိစ္စကို ဥာဏ်မပါရင် မသိနိုင်ကြဘူး
ဥာဏ်ပါမှသာ သိရတော့မယ် ရှင်းကြလား ။
ဥာဏ်ပါလို့ ဒါကိုသိတော့“ခန္ဒာသင်္ခါရဟာ အနတ္တတရားပဲ” ဒီသင်္ခါရဟာ အနတ္တတရားကြီးလို့
လည်းသိမယ် ဒီလိုသိဘို့လည်းအရေးကြီးတယ် မသိရင် မောဟုမ္မတ္တကပဲဆိုတာ
မောဟရူးလို့ဆိုတာရှင်းကြပြီလား ဒါကာဒါကာမတို့ ဒီခန္ဒာမှာသေသေချာချာ ဥာဏ်နဲ့ ကြည့်
ဆံပင်ကလေးတပင်မှ ကိုယ်ဟာမပါဘူး ကိုယ်စိုးကိုယ်ပိုင်တာတခုမှမပါဘူးဆိုတာမှတ်ကြ
ကိုယ်အိမ် ကိုယ့်ယာမှာ သောက ဗျာပါရ များသူ စိုးရိမ်ကြောင့်ကြများသူ များမှာ
အရူးထတဲ့အချိန်ပိုများတယ်ဆိုတာမှတ်လိုက်ကြ ဘုန်းကြီးတို့ ဒါကာဒါကာမတွေ
အခုတရားနာဆဲမှာ ထိုင်နေကြတယ် ဒီလိုထိုင်နေကြတာဟာ ကိုယ်စွမ်းရည် သတ္တိမပါဘူး
နောက်က ထောက်ပံ့ပြုပြင်ပေးတဲ့အကြောင်းလေးခုရဲ့ စွမ်းရည် သတ္တိပဲ သဘောပေါက်ကြလား ကံတို့စိတ်တို့ ဥတုအာဟာရတို့က အကူအညီမပေးတော့ရင်
စားဆဲဖြစ်တဲ့ထမင်းလုပ် ကလေးတောင်လှမ်းမယူနိုင်အောင်ဖြစ်ရမယ်
ဒါကာဒါကာမတို့တတွေက သင်္ခါရအနတ္တကို မသိတော့ မာနထောင်နေကြတယ်
မာနထောင်ပြီး ဒိဌိတဏှာတို့ကို ခင်လိုက်ကြ မင်လိုက်ကြ တွယ်တာလိုက်ကြနဲ့ နေကြတယ်
ဒီလိုနေကြတာဟာ မသိလို့ပဲ မသိတော့ မောဟ အရူး မသိတဲ့နောက်က တဏှာအရူး
မာနရူး ဒိဌိရူးတွေ အများကြီး ဖြစ်လာတာပဲ ရိပ်မိကြပြီလား
ဒီလိုဖြစ်ရတာဘာကြောင့်လဲ အနတ္တကို မသိလို့ ခန္ဒာဟာအနတ္တပဲလို့မသိရှာကြဘူး
မသိရင် အတ္တ၀င်လာတာပဲ အတ္တ၀င်တော့ တဏှာ မာန ဒိဌိဆိုတဲ့ ပပဉ္စတရားတွေ
သံသရာချဲ့တတ်တဲ့တရားတွေ ၀င်လာတော့တာပဲ သင်္ခါရဟာမမြဲဘူးဆိုတာအခုဒါကာဒါကာမတွေ လက်တွေကြည့်ပါလား မိမိခန္ဒာမှာဥာဏ်နဲ့
ကြည့်တော့လက်တွေ သိကြမယ် သင်္ခါရတရားမမြဲလို့ အခုတရားနာနေရင်း
ဟိုရွှေ့ရ ဒီပြောင်းရ ငြိမ်ငြိမ်မနေရဘူး ယားလာလို့ ဖျောက်ပေးရ ယားပြီးပျောက်သွားတော့
ညောင်းလာလိုက် ကိုက်ခဲလာလိုက် ပျောက်သွားလိုက်နဲ့ တမျိုးပြီးတမျိုး ပြုပြင်ပေးနေရတယ်
ပြောင်းလဲပေးနေရတယ် မြင်ကြပြီလား။
ယခုတထိုင်ထဲမှာကိုပဲ ဥာဏ်နဲ့ ကြည့်ရင် ထင်ရှားနေပါတယ် ထိုင်ရင်းက ဇက်ကတောင့်လာ
ပြုပြင်ပေးလိုက်တော့ ပျောက်သွား နောက်ခါးဆစ်ထဲက အောင့်လာပြန် ပြုပြင်ပေးလိုက်တော့
ပျောက်သွား ကျောထဲကယားယံလာတော့ ဒကာတို့ ဒီယားတာလေးကို ဖျောက်ပေးလိုက်တော့ ပျောက်သွား တာပဲဒီလိုနဲ့ ခန္ဒာထဲမှာ အမျိုးမျိုးဖြစ်ပေါ်လာလိုက် ပျောက်ပျက်သွားလိုက်နဲ့ အမြဲတမ်းဖြစ်ပြီးပျက်နေတာပဲရှိတယ် ရုပ်ကလည်း ဖောက်ပြန်
ဝေဒနာကလည်း ဖောက်ပြန် စိတ်ကလည်းဖောက်ပြန် ပျက်စီးနေတာပဲ
ဥပမာ-စိတ်ကူးလေး တခုပေါ်လာလည်း ပေါ်ပြီးပျက်တာပဲ ဘာစိတ်ပေါ်ပေါ်
ပေါ်တိုင်း ပျောက်လိုက်ပဲ အဲဒါဟာ သင်္ခါရ မမြဲတာပြနေတာပဲ သဘောကျကြပြီလား
ဒိသင်္ခါရ တရား ရုပ်နာမ် တွေဟာ အကြောင်းပြုပြင်သလို ခံနေကြတာပဲဆိုတာမှတ်ကြ
ဒါကြောင့် ကိုယ်အလုပ် မဂ္ဂင်ကို လုပ်ကြရမယ် လုပ်ရင် သင်္ခါရမမြဲတာကို ခန္ဒာက ပြောပါလိမ့်မယ် ကဲကျေနပ်ကြပြီလား။
(ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင်သမုဒယ မှတ် )
(ဖြစ်ပျက်မှုတွင် ဥာဏ်သက်ဝင် သိမြင်မဂ်ဟု မှတ် )

Post တစ်ခုမှကူးယူဖေါ်ပြခြင်းအားဝန်ခံပါသည်...

No comments:

Post a Comment