Tuesday, January 31, 2012

ဝိပဿနာ ရှုပုံရှုနည်း...

ဝိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊
ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။
ဤကဲ့သို့ ဟောထားတော့ ဒကာ, ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့် ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူးတဲ့။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။

ပဋိစ္စသမုပ္ပါဒ် အမေးအဖြေ ၂....

(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။
(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။
မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။
မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။
မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။
မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။
မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။
မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

ဂျီတော့ မှာမြန်မာစာ လေးထောင့် ပေါ်နေတာကိုပြုပြင်နည်း...


ကျွန်တော်လို မသိသေးတဲ့သူတွေအတွက်ပါ ... သိတဲ့သူတော့များပါတယ် ...၊၊
ဒီလိုမျိုး လေးဖောင်းလေးတွေပေါ် နေတာကို ပြုတဲ့နည်းကလေးပါ ... တင်မယ်တင်မယ် နဲ့ မေ့နေတာပါ ဒီနေ့ သူငယ်ချင်းတစ်ယောက်ကလာမေးမှသတိရလို့ တင်ပေးလိုက်တာပါ အောက်မှာပုံလေးတွေနဲ့ ပြထားတာမို့  စာနဲ့ မရှင်းပြတော့ပါဘူးနော်
ပထမ
Start menu =>> Control panel =>> ကိုဝင်ပါ
ပြီးရင် အောက်ကပုံတွေကိုကြည့်ပြီး အဆင့်ဆင့် ပြုလုပ်ပေးလိုက်ပါ windows 7 နဲ့ ပဲပြပေးထားပါတယ် xp အတွက်တော ကိုယ့်ဘာသာပဲကြည့်ပြီးလုပ်လိုက်ပေါ့နော် .. အားလုံးအတူတူပါပဲ
 

ဇန်န၀ါရီလ 29, 2012 တွင် 6:28pm အချိန်၌ အရူးလေး ရေးသားခဲ့သော Post အားပြန်လည်မျှဝေပါသည်...

Monday, January 30, 2012

Crack ,Path & Keygen အသုံးပြုနည်း....



ကျွန်တော် သူငယ်ချင်းတို့ကို Crack Patch Keygen အသုံးပြုနည်းကို ရှင်းပြချင်ပါတယ်
တစ်ချိုတောသူငယ်ချင်းတွေက Crack Patch ကိုသိပ်ပြီးတော့ အသုံးပြုမတတ်တာတွေ့ရပါတယ်
Keygen ကတော့ လွယ်ပါတယ်
Crack လည်းလွယ်ပါတယ် တစ်ချို့တွေက သိပ်ပြီးနားမလည်ကျဘူး
Crack အသုံးပြုနည်းက သူက အများအားဖြင့် လိုင်စင်ဖိုင်တွေ ပါတတ်ပါတယ်
ဆောစ့်ဝဲလ်တစ်ခုကို Install လုပ်ရင် C: Program Files ထဲကို ရောက်ပါတယ်
Adroit.Photo.Recovery.2012 ကို နမှုနာအနေနဲ့  Install ပြပါမယ်ခင်ဗျာ
Install လုပ်ပြီး သူက လိုင်စင် ဗားရှင်းမဖြစ်သေးပါဘူး  လိုင်စင်ဗားရှင်းဖြစ်အောင်
ဒေါင်းထားတဲ့အထဲမှာပါလာတဲ့ Crack ကိုအသုံးပြုရပါမယ်ခင်ဗျာ
အရင်ဆုံး Adroit.Photo.Recovery အိုင်ကွန်ပေါ်မှာ Right ကလစ် နိုပ်ပြီး
Propreties ကို ကလစ်လိုက်ပါ (ဓာတ်ပုံထည့်ရန် )
ပြီးတော့ Find Target ကို ကလစ်လိုက်ပါ အဲဒါဆို
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
ဖိုင်ထဲကိုရောက်သွားမှဖြစ်ပါတယ် အဲဒါဆို  Adroit.Photo.Recovery.2012
Download လုပ်ထားတုန်းက ပါလာတဲ့ Crack ဖိုင်ကို ကော်ပီလုပ်ပြီး
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
 ဖိုင်ကို Paste လုပ်လိုက်ပါ 
  
Yes or No မေးလာရင် Yes ကိုကလစ်လိုက်ပါ
အဲဒါဆို Adroit.Photo.Recoveryက လိုင်စင်ဗားရှင်းအနေနဲ့
အသုံးပြုလို့ရပါပြီခင်ဗျာ အခြားသောဆောစ့်ဝဲလ်တွေလည်းအခုလိုနမှုနာပုံစံအတိုင်းပါဘဲခင်ဗျာ 

နောက်တစ်ခုကတော့  Patch အသုံးပြုနည်းကိုရှင်းပြပါမယ်ခင်ဗျာ
 နာမှုနာအနေနဲ့ Photo.Flash.Maker.Platinum.5.35 ကို Install
လုပ်ပြီး Patch အသုံးပြုပါမယ်ခင်ဗျာ  Photo.Flash.Maker ကို
Install လုပ်ပြီးရင် သူက လိုင်စင်ကုတ်တွေ တောင်းပါမယ်ခင်ဗျာ
ပေါ်လာတာကိုတွေ ပိတ်လိုက်ပါ ဘာမှမလုပ်ပါနဲ့  Patch ဖိုင်ကို ဒီအတိုင်းဖွင့်လိုက်ရင်
ပုံမှာပြထားတဲ့အတိုင်းပေါ်လာမယ်ခင်ဗျာ အဲဒီကနေ ပြီးတော့
"C:\Program Files\AnvSoft\Photo Flash Maker Platinum\
အထိသွားပြီးတော့ PFMPtU.exe  Select ပေးပြီးတော့ Patch ကိုကလစ်လိုက်ရင်
အဆင်ပြေပါပြီ နောက်ထပ်တစ်နည်းကတော့
အိုင်ကွန်ပေါ်မှာ Right ကလစ် နိုပ်ပြီး Propreties ကို ကလစ်လိုက်ပါ
ပြီးတော့ Find Target ကို ကလစ်လိုက်ပါ အဲဒါဆို
C:\Program Files\AnvSoft\Photo Flash Maker Platinum\
အထိရောက်သွားမှာဖြစ်ပါတယ် အဲဒီအထဲကို Download လုပ်ထားတုန်းက
ပါလာတဲ့ Patch ဖိုင်ကိုကော်ပီလုပ်ပြီး တော့ Paste လုပ်လိုက်ပါ
ပြီးတာ့ Patch ဖိုင်ကိုဖွင့်ပြီးတော့ Patch ကိုကလစ်လိုက်ပါ အဆင်ပြေပါပြီ
အခြားသောဆောစ့်ဝဲလ်တွေရဲ့ Patch အသုံးပြုနည်းက အခုလိုပုံစံအတိုင်းပါဘဲခင်ဗျာ
Keygen အသုံးပြုနည်းကတော့ လွယ်ပါတယ် Keygen ကို ဖွင့်ပြီးတော
ပါလာတဲ့ ကုတ်တွေကိုထည့်ပြီးတော့ အသုံးပြုယုံပါဘဲ
တစ်ခါတစ်လေကျရင် Patch Keygen တွဲပြီးတော့ ပါလာတတ်ပါတယ်
အဲဒီအခါဆိုရင် Patchဖိုင်ကိုအရင်သုံးပြုပြီးမှ Keygen ကိုအသုံးပြုပါ
နောက်တစ်ခုသတိထားရမှာက Crack Patch အသုံးပြုနေချိန်မှာ Programs ကိုပိတ်ထားပါ....
 
ကိုအမျိုးကောင်းသား ရေသားခဲ့သော Post အားပြန်လည်မျှဝေလိုက်ပါသည်....

သတိပြုစရာ.....

မိမိအကောက်ပြုလုပ်ခဲ့တဲ့ရက်စွဲကိုသိချင်ရင်အရင်ဆုံး... Gmail ကိုဖွင့်ပါ
ခွေးသွားစိတ်ပုံစံ 1 Setting icon ကိုနှိပ်ပါ 2 Mail setting ကိုနှိပ် 3 forwarding and POP/IMAP ကိုနှိပ်

3 since 00/00/00 သည် မိမိအကောက်စတင်ပြုလုပ်သည့်ရက်စွဲဖြစ်သည်။

မိမိအကောက်တွင်ရှိသော အကောက်ငါးခုကိုမှတ်သားပါ။

security question ကိုမှတ်သားထားပါ။မိမိအကောက်ကိုပိုလုံခြုံစေချင်ရင်

security question ကိုမြန်မာလို

ပြောင်းလိုက်ပါ answer ကိုလည်းမြန်မာလိုပေးပါ။

Recover Email ကိုမှတ်သားထားပါ။

ကီးလှော်ကာရန်မှဝေးခြင်၇င်အ၇င်ဆုံး memory stick တစ်ခုတွင် notepad လေးပြုကာ

password နှင့် username ကိုရိုက်ထည့်ပါ။....

ချက်ခါနီး copy , paste နည်းပညာဖြင့်သုံးပါ...အကောက်ဝင်ပါ။

hacking များစမ်းသပ်လိုလျှင် Deep freeze ကိုတပ်ပြီး antivirus software ကိုဖြုတ်ထားပါ။

သူများအတင်းလုပ်ခိုင်းသောအရာကိုမလုပ်ပါနှင့်ဥပမာဒါလေးစမ်းကြည့်ပါလားညာလေးစ

စမ်းကြည့်ပါလား စသဖြင့်ပေါ့... အကောက်ဝင်ခါနီးတိုင်း address bar ကိုတစ်ချက်ကြည့်ပါ။..

Gmail>setting >mail setting မှ always use https ကိုေ၇ွးပြီး save change နှိပ်ပါ။

သီချင်းဖိုင်၊ဓာတ်ပုံဖိုင်၊ဗီဒိုယိုဖိုင်များမဖွင့်မီ...တွင် file types ကိုတစ်ချက်စစ်ဆေးပါ။

ှုဥပမာ သီချင်းအတွက်... yonelay.mp3 ဆိုလျှင် file types သည် mp3ဖြစ်သည်။

yonelay.exe ဆိုလျှင် သီချင်းလည်းနားဆင်ရမည်ဖြစ်သလို...ဟက်ကင်းဖိုင်ဖြစ်သည်အတွက်

မိမိပတ်စဝေါ့ပါသွားနိုင်သည်။ မိမိ၏အကောက်နှင့်ပတ်စဝေါ့ပေးရသော ဟက်ကာ ဆော့ဝဲမျိုးကိုမစမ်းသပ်မိပါစေနှင့်..

မိမိကသူများကိုမဟက်ပဲ မိမိသာပြန်အဟက်ခံရတတ်သည်။ FTP နည်းမျှသာစမ်းသပ်မှအဆင်ပြေမည်။...

အမြဲတမ်းစစ်ဆေးဖို့.. အတွက် ဘလော့ပို့များတွင် archives ကိုနှိပ်ပြီး မိမိအကောက်တကယ်ပဲအဟက်

ခံနေရပြီးလား ဘလော့ပို့စ်ကိုတစ်ချက်ပြန်စစ်ဆေးပါ....

ဇန်န၀ါရီလ 29, 2012 9:33amတွင်♥♥ဒသ♥♥ မှတင်ပြသောဘလော့ပို့(စ်)အားပြန်လည်မျှဝေပါသည်.....

Window Version များအကြောင်း ....

အပိုင်း ၁ ..(က) Window Version များအကြောင်း
ကျွန်တော်တို့ နေ့စဉ် ထိတွေနေတဲ့ အင်တာနက်ပေါ်က software တွေ အကြောင်းကနေပဲ့ စကြတာပေါ့ ။ ကိုယ်သုံးနေတဲ့ Version က ဘာအမျိုးအစားဆိုတာတော့ သိဖို့လိုတယ်။ version လိုက်မှာ ဘာတွေ ကွာခြားချက်တွေ ရှိလဲ့ ဘယ်လိုမျိုး Performent  ရှိလည်းဆိုတာကို သိဖို့ လိုပါသေးတယ်။ ဒါကြောင့် Version တခုချင်းဆီလိုက်.. Alpha version ဆိုတာ ဘယ်လို Version .. Beta ဆိုတာ ဘာလဲ့ဆိုတာကို ကျွန်တော် ရှင်းပြပါ့မယ်။ ဒီလို မသိထားရင် ဘာဖြစ်မလဲ့ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး. သာမာန် User တယောက်တွက်ကတော့ ဒါတွေ မသိထားလည်း ကိစ္စ မရှိပါဘူး။ ဒါပေ့မယ် သိထားဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော် စာတွေ ရေးတဲ့အချိန်မှာ စာအုပ်တအုပ်လို မရေးပဲ့ တယောက်ယောက်ကို ပြောပြနေသလို ရေးတာ က အကျင့်လို ဖြစ်နေပါပီ. ဒါကြောင့် ဒီပုံစံ အရေးအသားကို မကြိုက်ခဲ့သူ ရှိရင်လည်း နာလည်ပေးစေချင်ပါတယ်။
  internal test -> alpha beta -> beta beta -> RC version -> the official versions

Pre-alpha


Software တွေ ရဲ့ အရင်ဆုံး စမ်းသပ် version ပါ.. သူ့မှာတော့ ချို့ယွင်းချက်တွေလည်းများတယ် .အားနည်းချက်တွေများနေပါသေးတယ် .. စမ်းသပ်ချင်တဲ့သူတွေကတော့ စမ်းသပ်ချင် စမ်းသပ်လို့ ရပါတယ်။ဒါပေ့မယ် error များတဲ့ အတွက် မစမ်းတာ အကောင်းဆုံးပါပဲ့. ။

3G နှင့် 4G ....

Posted: 28 Jan 2012 03:10 AM PST
 

စာဖတ်သူ အားလုံးပဲ့ မင်္ဂလာပါ။ ကျွန်တော်တို့ နေ့စဉ်တိုးတက်နေတဲ့ နည်းပညာတွေကို ကိုယ်တိုင် ကိုယ်ကျ မထွင်နိုင်သေးသလို သူများ ထွင်တဲ့ နည်းပညာတိုင်းကို သိဖို့ ကြိုးစားနေကြတာလည်း မမှီနိုင်သေးတာတော့ စိတ်မကောင်းစရာပါပဲ့ ဒီလိုပါပဲ့ ကျွန်တော်တို့  နည်းပညာ လက်လှမ်းမှီဖို့ တိုးတက်ဖို့ ဘယ်လို ကြိုးစားကြရဦးမယ်ဆိုတဲ့ အသိ လေးတွေကိုတော့ လူတိုင်းရင်ထဲ့စွဲထားစေချင်ပါတယ်ဆိုတာလေးနဲ့ အစပြုပါရစေ..
ကဲ့ ဒီနေ့တော့ ကျွန်တော်တို့ 3 G နဲ့ 4G ကို ကွာခြားချက်တွေကို ပြောပြပေးပါမယ်။ ကဲ့ ဘာတွေ ကွာလည်း မသွားခင်မှာ ဒီ 3G နဲ့ 4G က Phone တွေ Tablet တွက် Mobile internet ဆိုတာကို အရင် သိထားပေးရပါမယ်။ ဒီကနေစလို့ သူတို့ နှစ်ခု ရဲ့ မတူညီတဲ့ ကွဲပြားချက်လေးတွေကို ကျွန်တော် ဖော်ပြရေးသားချင်ပါသေးတယ်။ ဒါတွေကတော့ ….



ပထမ အချက်...

3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။


ဒုတိယ အချက်...

ဒီအချက်အနေနဲ့ကတော့ technologies  ပါပဲ့။3 G မှာ သုံးထားတဲ့ technologies  က widespread ကို အသုံးပြုပေ့မယ် 4G  ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါတယ်။



တတိယ အချက်..

အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။

စတုတ္တအချက်..

နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ  4G    ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။



ဖြည်စွက်ချက်...



3GS ဆိုတာ ရှိပါသေးတယ်။  S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်။



3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ့။ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ် ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာကိုပါ ထည့်ပေးလိုက်ပါတယ်။
 


Generation - Definition - Technologies - Speeds

1G - Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G - Digital narrowband circuit data  (TDMA, CDMA) 9-14.4 kbps
2.5G - Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G - Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G - Replacement for EDGE is (HSPA) 1-3 mbps
4G - Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G - Gigabit per second in a few years (?) 1+ gbps

အောက်မှာ ရှင်းပြထားတဲ့ ဆရာရဲ့ ရှင်းလင်းချက်တွေကိုတော့နားထောင်ကြည့်ပါ။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။


ဒါကတော့ အသံဖိုင်နဲ့ ရှင်ပြထားတဲ့ Mp3 ဖိုင်ပါ။

ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင် အောက်ကလင့်တွေမှာ သွားဖတ်နိုင်ပါတယ်။

ကိုနေမင်းမောင် ရေးသားခဲ့သော post အားပြန်လည်မျှဝေပါသည်....


Sunday, January 22, 2012

အင်္ဂလိပ်စာလေ့လာရန်...

သတိပြုဖွယ်ဆင်တူယိုးမှားစကားလုံးများ...

ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်....

“ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်“
မိမိခန္ဒာ၊ ဥာဏ်ရှု့ကာ၊ ဖြစ်လာပျက်သုဉ်းကြ။
ပြုပြင်ပေါ်ထွက်၊ ပေါ်ပြီးပျက်၊ သက်သက်အနိစ္စ။
အကြောင်းပြုပြင်၊ ကျိုးတင်ထင်၊ အစဉ်ဖြစ်ပျက်ကြ။
ဓမ္မသဘော၊ ငါမနှော၊ လောလောခန္ဒာပြ။
ခန္ဒာပြမှု၊ အစဉ်ရှု့၊ ငါးခုမဂ္ဂင်္ဂ။
ရှု့ကြည့်များတွေ၊ ရွံမုန်းလေ ဆုံးချေနိဗ္ဗန။
ခန္ဒာတစ်ခု၊ ဖြစ်ပျက်ရှု့၊ ရမှုနိရောဓ။
ဒါကာဒါကာမတို့ ကို သင်္ခါရတရားဆိုတဲ့ အချက်ကိုရှင်းပြရမယ် သင်္ခါရတရားဟာဘာလဲဆိုရင်
ပြုပြင်ထားတဲ့တရား ပဲလို့ပထမအကျဉ်းချုပ်ပြီးမှတ်ထားကြရမယ်.....

ကောင်းနိုးရာရာ အင်ဂျင်နီယာ စာအုပ်များ...

ဒီနေရာမှာ ရှာလို့ရသမျှ ကောင်းနိုးရာရာ အင်ဂျင်နီရာစာအုပ်တွေကို သူငယ်ချင်းတွေနဲ့အတူတူ မျှဝေချင်ပါတယ်... သူငယ်ချင်းတွေမှာ ရှိတဲ့စာအုပ်တွေကိုလည်း မျှဝေပေးကြမယ်လို့ မျှော်လင့်ပါတယ်...
တခါတလေ ကိုယ်က အကြောင်းအရာ တခုခုကို သိချင်နေပီး.. ဖတ်စရာစာအုပ်ကို ဘယ်မှာ ရှာရမှန်းမသိ ဖြစ်နေလို့ပါ... Download လုပ်၍ မရသည့်တိုင် Links လေးတွေပေးနိုင်မယ် ဆိုရင်တောင် တော်တော် အကျိုးရှိမယ်ထင်ပါတယ်... သွားပီး ဖတ်လို့ရနိုင်တာပေါ့...
အားလုံးပဲ စာအုပ်ထဲမှ ရတနာများကို ရှာဖွေ ခံစားနိုင်ကြပါစေ... :)
http://www.myanmarengineer.org - မြန်မာအင်ဂျင်နီယာအသင်း website ပါ
http://www.books-hive.com/library/login - စာအုပ်ပေါင်း ၁၄၀၀ ကျော်ကို အခမဲ့ Download လုပ်လို့ရအောင် ပြုလုပ်ထားတဲ့ ဗမာပညာရှင်တစ်ယောက်ရဲ့ ဆိုဒ်ပါ.. တော်တော်ကြီးကို ကောင်းပါတယ်... ကျေးဇူးလည်း အရမ်းတင်မိပါတယ်.. *Sign Up လုပ်ဖို့တော့ လိုပါတယ်..*
http://www.box.net/shared/1qpm2tsy23 - All Conversion Excel Sheet - အင်ဂျင်နီယာတွေအတွက် အသုံးဝင်မှာပါ...
http://www.box.net/shared/jeg0dnjvub - Steel manual Handbook.pdf - Civil အတွက် အသုံးကျမှာပါ...
http://www.box.net/shared/dl2kpq6uaa - Word Web- အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်
(သုံးလို့ အရမ်းကောင်းတဲ့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်တစ်ခု မျှဝေပေးလိုက်ပါတယ်.. Install လုပ်ဖို့လိုပါတယ်)
http://www.mediafire.com/file/ujhfjn1mxjj/Design_of_Concrete_Struct... - Design of Concrete Structure 13th Edition (Full Version)
ကွန်နက်ရှင်မကောင်းသူများအတွက် Design of Concrete Structure ကို အောက်မှာ အပိုင်း ၃ ပိုင်း ပိုင်းပေးထားပါတယ်..
http://www.box.net/shared/u99rsgl2bi (Part-1)
http://www.box.net/shared/98xxlyh98n (Part-2)
http://www.box.net/shared/n25smm9y97 (Part-3)

January 20, 2012 ရက် ၊ 4:31pm တွင် yelattkoko ရေးသားခဲ့သော ဘလော့အားပြန်လည်မျှဝေပါသည်....

Tuesday, January 17, 2012

နိဗ္ဗူတာသို့  (အရှင်ပုညာနန္ဒ)

တရားကိုကြိုးစားအားထုတ်ဖို့  လုံ့ လ၀ီရိယတွေကို သန်သန်ထွားထွားမွေးပြီး ကိုယ်အဓိဋ္ဌာန်ထားတဲ့ တစ်နာရီအတွင်းမှသက်တောင့်သက်သာလေးနဲ့  အရှုခံလေးတွေရဲ့ ပရမတ်သားပေါ်မှာ ဥာဏ်အမြင်လေးတွေနဲ့ ကောင်းစွာသိပြီး ဆန်းစစ်ရင်းရှုတတ်အောင်သင်ပေးမှာပါ၊
ကိုယ့်ရဲ့ပေါ်ရာအာရုံမှာပဲရှုရှု၊ နှာသီးဝအာရုံလေးမှာပဲ ကြည့်ကြည့် အရှုခံတရားတွေဟာ အရှုဥာဏ်အောက်မှာသိစရာအာရုံရယ်၊ သိတာရယ် အရှုခံမှန်သမျှက သိစရာအာရုံချည်းပဲ၊ အရှုဥာဏ်က သိသွားတာ ဒီနှစ်ပဲရှိတယ်၊ သိစရာအာရုံကို သိတဲ့အလုပ်နဲ့ ကြီုးစားနေကြတာ၊ ကိုယ်ရှုနေကျ အရှုခံအာရုံလေးကို နှာသီးလေးဝလေးမှာ ထားတော့ ရှူသွင်းခိုက် မှာ တိုးတာ အေးတာ၊ ရှူထုတ်ခိုက်မှာ တိုးတာ နွေးတာ၊ကိုယ်ပေါ်မှာ အာရုံစိုက်တော့နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတယ်လို့  ကိုယ့်နဲ့ စပ်ပြီးသိတာ ထင်ရှားတဲ့ အရှုခံရုပ်ကို အလေးပေးရှုတော့ ကာယနုပသါသတိပဋ္ဌာန် ဖြစ်တာပဲ၊
ဒီအပေါ်မှာ အာရုံအဖြစ်နဲ့ ထားပြီးတော့ ၀မ်းသာတဲ့သဘော၊၀မ်းနည်းတဲ့သဘောကောင်းတယ်၊ မကောင်းဘူးလို့ မသုံးသပ်တော့ဘဲနဲ့ အလယ်အလတ် ခံစားတဲ့သဘောရယ်လို့ ဝေဒနာကလည်း သုံးမျိုးပဲရှိတာ၊ အဲဒီဝေဒနာကိုကြီုးစားပြီးရှုနိုင်တဲ့ပုဂ္ဂိုလ်ကလည်း ဝေဒနာနုပသါသတိပဋ္ဌာန်ဖြစ်သွားတာပဲ၊
ဒါတွေပေါ်မှာလိုက်လိုက်ပြီးသိသိသွားတဲ့ သိတတ်တဲ့သဘောစိတ်ကိုအာရုံပြုရှုတော့လည်း ရှေ့ အသိစိတ်လေးကို နောက်အသိစိတ်က အစားထိုးပြီး အကဲခတ်တိုင်း အကဲခတ်တိုင်း မှာ ရှေ့ အသိစိတ်အာရုံလေးကို နောက်အသိစိတ် အာရုံလေးက ပြန်ပြီးကြည့်တာပဲ၊ရှေ့ စိတ်ကို နော် စိတ်နဲ့ အကဲခတ်နေတာပဲ၊ အဲဒီလိုစိတ်လေးတွေပေါ်တိုင်း ပေါ်တိုင်းရှုသွားရင် စိတ္တာနှပသါသတိပဋ္ဌာန် ဖြစ်တာပဲ၊
ရုပ်ဝေဒနာ စိတ်ရယ်လို့ ကောင်းစွာသိလို့ အရှုခံလေးတွေမှာ ရုပ်ပေါ်လည်း ရုပ်ကကိုကောင်းစွာရှုနိုင်တယ်၊ ဝေဒနာပေါ်လည် ဝေဒနာကိုကောင်းစွာရှုနိုင်တယ်ပေါ်ရာအရှုခံလေးတွေကို လိုက်လိုက်ပြီး ရုပ်ပေါ် နာမ်ပေါ် ပေါ်ရာအရှုခံမှာ အာရုံပြု ရှုနိုင်ရင် ဓမ္မနုပသါသတိပဋ္ဌာန်ဖြစ်တာပဲ၊
ဘယ်သတိပဋ္ဌာန်ကိုပဲ ရှုရှု ကိုယ့်စရိုက်၊ကိုယ့် ကမ္မဋ္ဌာန်းညီဖို့ အရေးကြီးတယ်၊ သတိပဋ္ဌာန်းလေးပါးမှာတစ်ပါးပါးကိုရှုနိုင်ရင် နိဗ္ဗာန်ရောက်တာပဲ၊နိဗ္ဗာန်ရောက်အရေးမှာကိုယ့်မှာဘာစရိုက်ရှိလဲ၊ အဲဒီရှိတဲ့စရိုက်နဲ့ အခု အရှုခံအာရုံအဖြစ်ပြမယ့်ကမ္မဋ္ဌာန်းလေးမျိုးထဲက တမျိုးမျိုးကိုရွေးရမှာ၊ အဲဒီလိုရွေးဖို့ ကကိုယ့် ရဲ့စိတ်မှာကိုယ်ဘာစရိုက်ရှိတယ်ဆိုတာအသိဆုံး၊ ကိုယ့်မှာက လိုချင်ရမက်ကြီးမယ်၊ ဥာဏ်ကလည်းနုတယ် ဆိုရင် ကိုယ့်နဲ့ စပ်ပြီးထင်ရှားတဲ့ ရုပ်အရှုခံ ကာယနုပသါသတိပဋ္ဌာန်ကို ရှုပါ၊ လိုချင်ရမူအားကြီးတယ်၊ ငါစွဲလည်းကြီးတဲ့ ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်၊ ငါစွဲလည်းအားကြီးတယ်ဥာဏ်ကလည်းနုံတယ် အဲဒီပုဂ္ဂိုလ်အတွက်က
စိတ္တာနှပသါသတိပဋ္ဌာန်ရှုပါ၊ စိတ်ကိုအလေးပေးရှုပါ၊

January 17, 2012 တွင်2:30am တွင် myonainghtoon ရေးသားခဲ့သောဘလော့ အားပြန်လည်
မျှဝေလိုက်ပါသည်...

Sunday, January 15, 2012

အင်္ဂလိပ်စာ အတွက် သင်ခန်းစာများ...

English Conversation Lessons (Greeting a visitor/ Apologizing for a delay/ Asking about the journey) (new)
မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ ( Travel, Trip, Voyage or Journey, Look and Watch) (new)
-
House စကားလုံး အီဒီယံ အသုံးအနှုန်းများ
"You're hired" ဗီဒီယိုဇာတ်လမ်းတွဲ - အပိုင်း (၉)
-
ထိရောက်စွာ ဆွေးနွေးတင်ပြခြင်း (Present Yourself Effectively by Guy Perring)
-
နှစ်သစ်အကြို အီဒီယံအသုံးအနှုန်းများ
-
Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
-သင်ယူမှုအတတ်ပညာ(စာဖတ်နည်း scanning နှင့် skimming)
- အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (There again/Let's face it/Quite frankly/I hope so)
- အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Buts/Chance/Cheer/Day/Fool)
-
You're Hired - အပိုင်း (၈)
-
Full stop အသုံးပြုခြင်းနဲ့ ကွင်းခတ်ခြင်း
-
ကော်မာကလေး
-
စာဟန်ပေဟန်နဲ့လား၊ စကားပြောဟန်နဲ့လား (Informal or what? by Guy Perring)
-
You're Hired - အပိုင်း (၇)
-
Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
နားလည်သလို ပြန်ပြောခြင်းနှင့် ထပ်တူလိုက်ပြောခြင်း (Paraphrasing and Echoing by Guy Perring)
- You're Hired - အပိုင်း (၆)
-
Future tense လို့လာပြောရင် မယုံနဲ့ (Have No Faith in the Future by Tom Hayton)
-
Window စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
-
Sale အီဒီယံစကားလုံး အသုံးအနှုန်းများ
-
အင်္ဂလိပ်ဘာသာလေ့လာသူများ အတွက်ရှောင်ရန် ၉ ချက်
-
မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ
-
Why has English been adopted as an international language?
-
အင်္ဂလိပ်စာ သင်ယူမှုဆိုင်ရာ အခမဲ့ အွန်လိုင်း Website များ
-
You're Hired - အပိုင်း (၅)
-
You're Hired - အပိုင်း (၄)
- Hand စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများ  
- Some common English idioms
- ဒီနေ့အတွက် အင်္ဂလိပ်စာ
- Cover letter ရေးပုံရေးနည်း
- You're Hired - အပိုင်း (၃)
- Using the Verb to be  
- Strike စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ  
- You're Hired - အပိုင်း (၂)
- အသုံးဝင်သော စကားအသုံးအနှုန်းများ (On/Remember/Tell/ About/With/Without)
- Easy way to speak English (5)
- အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (famous/absolutely/day/ die/give)
- Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)  
- You're Hired - အပိုင်း (၁)
- အသုံးဝင်သော စကားအသုံးအနှုန်းများ (Breath/Know/Like/Roll/Same)

အင်္ဂလိပ်စာ နှင့် စကားကိုနှစ်သက်ပါသောကြောင့် အထက်ပါ Link များကို Myanmar Network ထဲမှကူးယူဖေါ်ပြထားပါသည်..

Wednesday, January 11, 2012

mp3တရားတော်များ-အပိုင်း(၁)....

တရားတော်များ-အပိုင်း(၁)

၁။ သုဘဒ်ရဟန်း ဥပမာပြ၊ သင်္ခါရတရားတော် ချောင်(၁၆)ချောင် ခိုတတ်ပုံ (၁၆-...
၂။ သတိနှင့်ဆား ဥပမာပြ (၂၅-၁-၁၉၅၅)
၃။ ၀ိသာခနှင့် ဓမ္မဒိန္နာမေးဖြေ (၂၉-၁-၁၉၅၅)
၎။ တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ ကျင့်ရမည် (၈-၁၀-၁၉၅၆)
၅။ ဇောတိက ဥပမာပြ (၁၁-၁၀-၁၉၅၆)
၆။ ၀ိပဿနာရှုသော ပုဂ္ဂိုလ်တို့၏ မှတ်တိုင်တရား (၁၂-၁၁-၁၉၅၆)
၇။ ယမကရဟန်း ဥပမာပြ (၁၆-၁၂-၁၉၅၇)
၈။ ဇော(၇)ကြိမ် တရားတော် (၁၀-၇-၁၉၅၈)
၉။ ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ ပဋိလောမနည်းဖြင့် ဒုက္ခသစ္စာဆိုက်ပုံတရားတော်...
၁၀။ အ၀ိဇ္ဇာလက်အောက်ခံ သင်္ခါရသုံးမျိုး တရားတော် (၁၂-၈-၁၉၅၈)
၁၁။ ခန္ဓာကိုယ်စေခိုင်း၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော် (၁၃-၈-၁၉၅၈)
၁၂။ အဓိပတိသုံးပါးထား၍ အားထုတ်ရန်နှင့် ဝေဒနာနှင့်တဏှာကြား နိဗ္ဗာန်ရှာ...
၁၃။ ကံ စေတနာ ကမ္မ၀ါဒီ သဿတဒိဋ္ဌိပယ်ပုံ (၂၅-၁၁-၁၉၅၉)
၁၄။ ဂီလာနရဟန်းအား ဝေဒနာပြ၍ ဟောကြားပုံ တရားတော် (၂၈-၁၁-၁၉၅၉)