ဒိဌိမဖြစ်လိုသော်(သို့) လူနှင့်တိရိစ္ဆာန်..
အဘိဓမ္မာသဘောအရမှာ....ခန္ဓာ(၅)ပါး ရဲ့ အနက်သဘောကို ဘယ်လိုဖွင့်သလဲ...ဟုဆိုလျှင်........----
ငါ၊သူတစ်ပါး၊ယောကျာင်္း၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါ....ဟူသော သညာ=ပညတ်ခံ နာမ မှန်သမျှသည် ခန္ဓာ(၅)ပါး ----ရုပ်နာမ် အစုအဝေး နှင့်သာ တည်ဆောက်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်..။
ခန္ဓာ(၅)ပါး ဆိုသည်မှာ----
(၁)။ ရူပက္ခန္ဓာ=ဖောက်ပြန်တတ်သော ရုပ်တရား အစု။(မတည်မငြိမ် ဖြစ်နေသော ခန္ဓာ..။)
(၂)။ဝေဒနာက္ခန္ဓာ=ခံစားတတ်သော တရားအစု။(ခံစားမှု့ကို သိသောခန္ဓာ..။)
(၃)။သညာက္ခန္ဓာ=မှတ်တတ်သော တရားအစု။(သူပဲ၊ငါပဲ၊ဟိုဟာပဲ၊ဒီဟာပဲ မှတ်တတ်တဲ့ခန္ဓာ..။)
(၄)။သင်္ခါရက္ခန္ဓာ=ပြုပြင် စီရင်တတ်သော နာမ်တရားအစု..။(တခဏ အချိန်အတွင်း အမျိုးမျိုးပြောင်းလဲ ဖြစ်ပျက်နေသော ခန္ဓာ..။)
(၅)။ဝိညာဏက္ခန္ဓာ=သိတတ်သော နာမ်တရားအစု။(ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်သော သိစိတ်ခန္ဓာ..။)
အဘိဓမ္မာသဘောအရ....ခန္ဓာ(၅)ပါး--အနက်အဓိပ္ပါယ် ဖွင့်ဆိုပုံ ဖြစ်ပါသည်..။ ခန္ဓာ(၅)ပါးအား ချုပ်ကြည့်လျှင် ရုပ်နှင့်နာမ်
(၂) ပါး သာလျှင်ပဲ ရှိပါသည်...။
ရုပ်နှင့်နာမ်ကို သဘောသိအောင် သရုပ်ခွဲသော်.....
ရုပ်ခန္ဓာ=ရူပက္ခန္ဓာ--ကို သဘောသိအောင် သရုပ်ခွဲသော်.....
(၁)။ပသာဒရုပ်---ရုပ်က္ခန္ဓာ ။
(၂)။(ဖဿ) အဆင်း ရူပက္ခန္ဓာ ။
ဟူ၍ ဖြစ်ပါသည် ။ (ရူပက္ခန္ဓာသည်.....ဖဿက္ခန္ဓာ==အပွားဖြစ်၍ ရုပ်က္ခန္ဓာ (၁) ပါး သာ ရှိသည်ဟု မှတ်ယူပါ..။)
နာမ်ခန္ဓာ=နာမက္ခန္ဓာ--ကို သဘောသိအောင် သရုပ်ခွဲသော်.....
(၁)။ဝေဒနာ က္ခန္ဓာ။
(၂)။သညာ က္ခန္ဓာ။
(၃)။သင်္ခါရ က္ခန္ဓာ။
အထက်ပါ ခန္ဓာ (၃)ပါးသည် စေတသိက် က္ခန္ဓာ (၃) ပါး ဖြစ်၍ အောက်ရှိ...
(၄)။ ၀ိညာဏ က္ခန္ဓာ။
ဆိုသော်...စိတ်က္ခန္ဓာ (၁) ပါးနှင့် စေတသိက် က္ခန္ဓာ (၃) ပါး ကို ပေါင်းသော်----နာမက္ခန္ဓာ=နာမ်ခန္ဓာ (၄)ပါး ဟူ၍ ဖြစ်ပါသည်..။
ဒါသည်.....ရုပ်နှင့်နာမ် ခန္ဓာ(၅)ပါး၏ အဘိဓမ္မာ သဘောအကျဉ်း မျှသာ ဖြစ်ပါသည်..။ စာရေးသူ ဖွင့်ဆိုသည်ထက် များစွာကျယ်ဝန်း အဓိပ္ပါယ် လေးနက်ပါသေးသည်..။
ငါ၊သူတစ်ပါး၊ယောကျာင်္း၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါသည် .ခန္ဓာ(၅)ပါး နှင့် ဖွဲစည်းထားသော ရုပ်နာမ်သာ ဖြစ်ပါသည်...။
လူသည်လည်း ရုပ်တရား ခန္ဓာနှင့် စိတ်တရား နာမ်ခန္ဓာနှင့် ဖွဲ့စည်းထားသော ခန္ဓာ(၅)ပါး အစုအဝေး ဖြစ်ပြီး.........တိ၇ိစ္ဆာန် သည်
လည်း ရုပ်တရား ခန္ဓာနှင့် စိတ်တရား နာမ်ခန္ဓာနှင့်သာ ဖွဲ့စည်းတည်ဆောက် ထားခြင်း ဖြစ်သည့်အတွက် "လူနှင့်တိရိစ္ဆာန်"...အား
အဘိဓမ္မာတရားသဘော နှင့် နှိုင်းယှဉ်ကာ ချိန်းထိုးကြည့်လျှင် တူတူသာ ပဲ ဖြစ်ပါသည်...။
ဗုဒ္ဓဘာသာဝင် တရားအမြင်ရှိသော် စာဖတ်သူများ အကျယ်ချဲ့၍ မိမိတို့ အသိတရားနှင့် ယှဉ်ထိုးတွက်ဆ ကြည့်မိလျှင် သိနိုင်ပါ
သည်..။
လူနှင့်တိ၇ိစ္ဆာန်ကို ခွဲခြားထားခြင်းမှာ သညာ+ပညတ်နာမ ဖြစ်ပါသည်..။ တူညီပုံကို ယေဘူယျ ဥပမေယျ သဘော သရုပ်
ဆောင်ပြရပါလျှင်.....မိမိတို့၏ ကိုယ်ခန္ဓာကို အလျှံငြီးငြီး မီးစွဲ တောက်လောင်နေသော ထင်းစနှင့် ထိုးကြည့်ပါ...သေလောက်အောင် နာကျင်ပူလောင်သော ခံစားမှု့ကို စိတ်နှင့်ရုပ်မှ တပြိုင်နက် သိရှိခံစားမိရ ပါလိမ့်မည်....။
ထို့အတူပဲ.....တိရိစ္ဆာန် တစ်ကောင်ကိုလည်း ဌင်းမီးစနှင့် သွားရောက်ထိုးကြည့်ပါ ငယ်သံပါအောင် အော်ဟစ် နာကျင်နေပုံ ကိုမြင်တွေ့ရပါလိမ့်မည်...။
(၁)။ ဒုက္ခ သစ္စာ.....။
ခန္ဓာ ငါးပါး၏ ခံစား စံစားမှု့ ဟူသမျှ....ဆင်းရဲခြင်း မှန်သည်....။
(၂)။သမုဒယ သစ္စာ။
ဆင်းရဲခြင်း အပေါင်းကို ဖြစ်စေတတ်ခြင်း မှန်သည်။
(၃)။နိရောဓ သစ္စာ။
ဆင်းရဲခြင်း အပေါင်းတို့ ပြီးစီးခြင်း မှန်သည်....။
(၄)။မဂ္ဂ သစ္စာ..။
နိရောဓ သစ္စာ ဆိုက်ရောက်ကြောင်း လမ်းကောင်း မှန်သည်....။
ဆိုသော် ရှင်တော်ဗုဒ္ဓ ဟောဖော်ညွှန်းပြခဲ့သော သစ္စာလေးပါး အမြတ်တရား လမ်းကွယ်ပ ရာ ဒိဌိ (၃)ပါးအား အချုပ်အနေနှင့်
ပြောပြလိုပါသည်...။
(၁)။သဿတ ဒိဌိ။ ။ပြတ်မသွားဘဲ နောင်ဘ၀ထိ (အရာရာကို) ပါမယ်လို့ ယူဆရင်(သို့) မြဲတယ် ခိုင်တယ် ယူဆတဲ့ ဒိဌိ။
(၂)။ဥစ္ဆေဒ ဒိဌိ။ ။ ပြုသမျှ (အရာရာနှင့်) ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေ ပြုပြီး ပျောက်သွားမယ်လို့ ယူဆရင် (သို့)ပြတ်ကုန်တယ်လို့
ယူတဲ့ ဒိဌိ ။
(၃)။သက္ကာယ ဒိဌိ။ ။ အစစ်အမှန်ရှိသော သက္ကာယ အပေါ်၌ အစစ်အမှန်မရှိသော ......(ငါ၊သူတစ်ပါး၊ယောကျာင်္း၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါ၊
သညာ--ပညတ်များ) တင်စား၍ ထင်မှားနေသော ဒိဌိ ။
ဟု ဒိဌိ (၃) ပါး ရှိပါသည်....။
""လူနှင့်တိရိစ္ဆာန်"".....ခွဲခြားထင်မှတ် မှားနေသည်မှာ ""သက္ကာယ ဒိဌိ"" ဖြစ်နေခြင်း ဖြစ်ပါသည်...။ ထိုကဲ့သို့ ယူမှတ်မှားနေသော ဗုဒ္ဓဘာသာဝင်သည်......ဘယ်တော့မှ မြတ်သော သစ္စာလေးပါး၏ မှန်ကန်သော တရားအမြင်ကို မရနိုင်ပါ...။ မရနိုင်လျှင် ""နိဗ္ဗာန် "" မပြောနှင့် ""သောတာပန်"" မျှတောင် မဖြစ်နိုင်တော့ပါ......သို့ဆိုလျှင် ထိုသူသည် သာမန် ပုထုဇဉ် ဘ၀နှင့်......
(၁)။ငရဲ။
(၂)။တိရိစ္ဆာန်။
(၃)။ပြိတ္တာ။
(၄)။လူ့ဘုံ။
(၅)။နတ်ဘုံ။
ဆိုသော်.....လူတို့သေလွန်ပြီးနောက် လားရာ(သို့) သတ္တ၀ါတို့ လားရာ သုဂတိ (၅) ဘုံ ၌သာ ဘ၀အဖန်ဖန် အလဲလဲ ကျင်
လည် ဖြစ်တည် နေရပါလိမ့်မည်...။ မဆုံးသော သံသရာ ရဟတ်ချာတွင် လှည့်နေရပါလိမ့်မည်....။ လွတ်လမ်းလဲ မရှိတော့ပါ...။
(ရုပ်+နာမ်= (၂)ပါး သာ ရှိဟု သိလျှင် ဒိဌိသေ..။)
(ခန္ဓာ၏ ပရမတ်(ပရမတ္တ တရား) ကို မြင်လျှင်""သက္ကာယ ဒိဌိ"" ကွာသည်..။)
ခန္ဓာ ဟူသည်......သမ္မုတိ ခန္ဓာ (သညာ+ပညတ် နာမက္ခန္ဓာ) မဟုတ်ပါ..။ပရမတ္တ (ခန္ဓာ(၅)ပါး+ရုပ်နှင့်နာမ်+အနိစ္စ၊ဒုက္ခ၊အနတ္တ)
ခန္ဓာသာလျှင် အမှန်စင်စစ် ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် အစစ်အမှန်ဆိုလျှင် သိထားသင့်ပါသည်.....။
ကိုးကား။
မိုးကုတ်ဆရာတော် ဘုရားကြီး ထေရုပ္ပတ္တိ။(တစ်ဘစတစ်သာသနာ။)
စတုသစ္စ ဒီပနီ။
ပရမတ္တ သံခိပ်ဋီကာ။(လယ်တီပဏ္ဍိတ ဦးမောင်ကြီး။)
October 10, 2011 ရက် ၊ 11:39am တွင် kyagee13 ရေးသားခဲ့သော ဘလော့အဘိဓမ္မာသဘောအရမှာ....ခန္ဓာ(၅)ပါး ရဲ့ အနက်သဘောကို ဘယ်လိုဖွင့်သလဲ...ဟုဆိုလျှင်........----

အားပြန်လည်မျှဝေလိုက်ပါသည်.....
No comments:
Post a Comment