Monday, January 30, 2012

Window Version များအကြောင်း ....

အပိုင်း ၁ ..(က) Window Version များအကြောင်း
ကျွန်တော်တို့ နေ့စဉ် ထိတွေနေတဲ့ အင်တာနက်ပေါ်က software တွေ အကြောင်းကနေပဲ့ စကြတာပေါ့ ။ ကိုယ်သုံးနေတဲ့ Version က ဘာအမျိုးအစားဆိုတာတော့ သိဖို့လိုတယ်။ version လိုက်မှာ ဘာတွေ ကွာခြားချက်တွေ ရှိလဲ့ ဘယ်လိုမျိုး Performent  ရှိလည်းဆိုတာကို သိဖို့ လိုပါသေးတယ်။ ဒါကြောင့် Version တခုချင်းဆီလိုက်.. Alpha version ဆိုတာ ဘယ်လို Version .. Beta ဆိုတာ ဘာလဲ့ဆိုတာကို ကျွန်တော် ရှင်းပြပါ့မယ်။ ဒီလို မသိထားရင် ဘာဖြစ်မလဲ့ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး. သာမာန် User တယောက်တွက်ကတော့ ဒါတွေ မသိထားလည်း ကိစ္စ မရှိပါဘူး။ ဒါပေ့မယ် သိထားဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော် စာတွေ ရေးတဲ့အချိန်မှာ စာအုပ်တအုပ်လို မရေးပဲ့ တယောက်ယောက်ကို ပြောပြနေသလို ရေးတာ က အကျင့်လို ဖြစ်နေပါပီ. ဒါကြောင့် ဒီပုံစံ အရေးအသားကို မကြိုက်ခဲ့သူ ရှိရင်လည်း နာလည်ပေးစေချင်ပါတယ်။
  internal test -> alpha beta -> beta beta -> RC version -> the official versions

Pre-alpha


Software တွေ ရဲ့ အရင်ဆုံး စမ်းသပ် version ပါ.. သူ့မှာတော့ ချို့ယွင်းချက်တွေလည်းများတယ် .အားနည်းချက်တွေများနေပါသေးတယ် .. စမ်းသပ်ချင်တဲ့သူတွေကတော့ စမ်းသပ်ချင် စမ်းသပ်လို့ ရပါတယ်။ဒါပေ့မယ် error များတဲ့ အတွက် မစမ်းတာ အကောင်းဆုံးပါပဲ့. ။

alpha version: (internal beta)

သူက Software တခု ရဲ့ အရင်ဆုံး စတင် စမ်းသပ်နေတဲ့ အချိန် ထွက်ရှိတဲ့ Version ကို ဆိုလိုတာပါ။ အရင်ဆုံး ထုတ်လုပ်တဲ့ Version ဖြစ်သလို သူမှာ BUG တွေ အများကြီးပါဝင်နေသေးတယ်။ ပီးတော့ တကယ်ထွက်လာမယ့် Version လို Feature အပြည့်အစုံ မပါတာထက် No Feature ပါ။ Download လုပ်ပီး စမ်းသပ်လို့လည်း မရဘူး။ ပီးတော့ developers နှင့် testers တွေ စမ်းသပ်နေဆဲကာလထုတ် Version ဖြစ်တဲ့ အပြင် သူကို့  မကောင်းတဲ့ အပိုင်းလေးတွေနဲ့ လိုအပ်ချက်တွေများတဲ့ အတွက် သာမာန် User တယောက်အနေနဲ့ Previwe ကြည့်ရုံထက် မပိုနိင်သေးပါဘူး။ ဒီ Version နဲ့ Beta Version ကြားမှာ pre Edition  ဆိုပီး ရှိပါသေးတယ် ။ ဒါပေ့မယ် ဒီအဆင့်ကို ကျော်ခဲ့ပါမယ် ဘာလို့လဲ့ဆိုတော့ Alpha @ Pre က အတူတူပဲမို့ပါ။ Preview အဆင့် ထက် ပိုပီး လုပ်ဆောင်လို့မရသေးပါဘူး။

beta version ;(public beta. β )သူကို အလွယ်မှတ်လို့ ရတာကတော့ Greek ရဲ့ အစဆုံး စာလုံးဖြစ်တဲ့အတွက် အရင်ဆုံး Verionကို Alpha Version  ဖြစ်ပီး β က ဒုတိယ ဖြစ်တဲ့အတွက် ဒုတိယ ထွက်ရှိတဲ့ Version လို အလွယ် မှတ်လို့ ရပါတယ်။ဒီ Version ကတော့ Alpha release ထွက်ပီးနောက်ပိုင်း ထွက်လာတဲ့ Version ပါ သူမှာ Alpha တုန်းကလို   BUG ကြီးကြီးမားမား မရှိတော့ပါဘူး။ ပီးတော့ Feature အသစ်တွေကို ထပ်ပီး Add လို့ ရလာမယ်   .. သူကို ဒေါင်းလုပ်ချပီး သုံးကြည့်လို့ ရလာပီ. နောက်ထပ် ဒီ Software နဲ့ ပတ်သတ်ပီး new feature တွေကို Add လုပ်လို့ ရလာတဲ့ အဆင့်ကို Beta Version လို ခေါ်ပါတယ်။ Alpha နဲ့တော့ ကွာသွားတာက ဒီနေရာလေးပါပဲ့။ ဒါပေမယ် Stable မဖြစ်သေးဘူးဆိုတာကိုတော့ သတိထားရပါလိမ့်ဦးမယ်။
  
RC Version (Full) Release Candidate (candidate),

candidate Version လိုလည်းခေါ်ပါတယ်။ သူမှာတော့ Beta နဲ့ ကြီးကြီးမားမား ကွာခြားသွားတာတွေကတော့ Beta တုန်းကဆိုရင် feature အသစ်ထွက်တိုင်း ထပ်ပီး Add လို့ ရပေ့မယ် ဒီ version မှာတော့  no new feature added ပါ။ မလိုအပ်တာတွေ ကို ပြင်ဆင်ပီးတဲ့အပြင် BUG တွေ မပါဝင်တော့ပါဘူး။ သူ့ကို Beta version ထွက်ပီး မကြာခင်မှာပဲ့ ထွက်ပါတယ်။ RC Version ထွက်ပီဆိုပေမယ် Final Release ထွက်လာတာ မဟုတ်သေးပါဘူး။ သူ့ကို Final ထွက်လာမယ့် Version လိုပဲ့ Preview လုပ်လို့ ရတယ်။ test လုပ်လို့ ရမယ်။ သာမာန် user တယောက်အနေနဲ့ သုံးကြည့်ချင်ပီ ဆိုရင် ဒီ Version က အကောင်းဆုံး Version ပါပဲ့ အပေါ်ကလို Beta အဆင့်မှာ မစမ်းသပ်တာ ကတော့ အကောင်းဆုံးပါပဲ့ ဘာလို့လည်းဆိုတော့ BUG တွေ များမယ် Error များမယ့် အဆင့်မို့ပါ။ ဒီအဆင့်ရောက်လာပီဆိုရင် Final Official version နဲ့  အတူတူလောက် ဖြစ်သွားပါပီ။

stable version

ဒီနေရာလေးမှာ တခုတော့ ပြောပါရစေ ဒီ Version ဟာ Stable Version ဆိုပေ့မယ် သူဟာ normal version မဟုတ်ဘူးဆိုတာကို ထပ်ပီး သတိထားရပါလိမ့်ဦးမယ်။ Stable version ဆိုရင် တချို့က နောက်ဆုံး version လို ထင်နေကြတယ်။ normal တောင် မဟုတ်သေးပါဘူးဆိုတာလေးတော့ သတိထားစေချင်ပါတယ်။ Normal version ဆိုတာ ဘာကိုဆိုလိုတာလည်းဆိုတာကို နဲ့နဲ့ ထပ်ရှင်းပြပါရစေ.. Software တခု ရောင်းချဖို့တွက် အသင့်ဖြစ်နိင်ပီ ဖြစ်တဲ့  Version ကို ဆိုလိုတာပါ။ ဒါကြောင့် Stable Version ဟာ ရောင်းချဖို့တွက် သေချာ အကုန်လုံး ဆင်းချော ပြင်ဆင်ပီး Version မဟုတ်သေးပါဘူးဆိုတာ သိရပါ့မယ်။ ဒီအဆင့်မှာပဲ့ ဘယ် Software မဆို ၀ယ်မသုံးတော့ပဲ့ ဒီတိုင်းသုံးနေခွင့်ကို ပေးပါတယ်။ ဒါကတော့ Stable version ရဲ့ အဓိက အားသာချက်ပေါ့။


RTM version(Release to Manufacturing)

ဒီ Version ကတော့ ရုံးသုံး တွက် အဓိက ထုတ်လုပ်ရောင်းချတဲ့ Version ပါ။ သူ့မှာ ပီးပြည့်စုံတဲ့ Function နဲ့ လုပ်ငန်းခွင်တွက်လိုအပ်တာ အကုန်ပါလာပါပီ။ Package အသစ်တွေထွက်လာတိုင်းလည်း ရရှိနိင်အောင် စီစဉ်ပေးထားသလို တော်တော် များများ အဆင်ပြေအောင် ထုတ်လုပ်တဲ့ Version ပါ ။ သူ့ကို factory version လို့ ခေါ်ပါတယ်။RTM Version လို ဘာကြောင့် ခေါ်ဆိုတာလည်းဆိုတာကို အောက်က စာလေးကို ဖတ်ကြည့်ရင် သိနိင်ပါသေးတယ်။

official in the retail software store shelves, you need some time to tableting, packaging, distribution, so the code must be some time before the official release will be completed, the completion of the program code is called final.code, code development is complete, to the mother a large number of pressed sheet sent to the factory, this version is called the RTM version.

OEM Version (Original Equipment Manufacturer)

သူကတော့ အခြား Version တွေနဲ့ မတူပါဘူး။ Customer ကိုယ်တိုင် Modified လုပ်လို့ ရမယ် လိုအပ်သလို ပြင်ဆင်ခွင့် ၇နိင်လာဖို့တွက် recomented ကို အပြည့်အ၀ သုံးခွင့်ရလာပါပီ။ ဒါပေ့မယ်  Window ဆိုတာ Close Source ဆိုတာကိုတော့ မမေ့ထားဖို့လိုပါလိမ့်မယ်။ ၀ယ်ယူသူ စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ထားတဲ့ Version လို့ ခေါ်ပါတယ်။သူကတော့ ရိုးရိုး Version တွေကနေပီးတော့ တန်းပီး Upgrade လုပ်လို့ မရပါဘူး။ ဒီ Version ရဲ့ အားသာချက်ကတော့ Driver တွေကို Disk image လုပ်ထားတဲ့နေရာကပဲ့ ဖြစ်ဖြစ် Recovery disk ကနေပဲ့ ဖြစ်ဖြစ် Driver တွေကို ပြန်သွင်းယူလို့ရပါတယ်။ နောက်တခုက OEM Version မှာ Driver တွေ ကို အထူး သီးသန့် ရှာယူစရာ မလိုတာပါပဲ့။ သူမှာ့ Retail version ရဲ့ Beautiful packaged ပါဝင်ပါတယ်။


MSDN (Microsoft Developer Network) version

သူကိုတော့ MS က Developer Network Version လိုဆိုပီး ထုတ်ပါတယ်။ သူကို “original” “unmodified version of” လိုလည်းဆိုလိုပါတယ် ။ဒီ Version မှာတော့ နောက်ဆုံး Update software တွေကို ဒေါင်းလုပ်ချ သုံးခွင့်ပြုထားပါတယ်။ ဒါပေ့မယ် MSDN User မဟုတ်တဲ့သူတွေကတော့ ဒီအခွင့်အရေးကို မရရှိနိင်ပါဘူး။ End User တွေတွက် ထုတ်လုပ်ထားတဲ့ Version တမျိုးပါ။ နောက်ထပ်  VOL (Volume Licensing for Organizations) Edition နဲ့ (VI) FPP(Full Packaged Product) Retail ဆိုတာတွေ ရှိပါသေးတယ်...


Window editions 6 မျိုးအကြောင်း..

ဒီအောက်က window 7 သုံးသပ်နိုင်းယှဉ်ချက်များကို

ကိုကျော်ဇင်သန့်ရေးပေးထားတာပါ။ ဒါပေ့မယ် ဘယ်လင့်မှာမှန်းမသိလို့

ကျွန်တော့ရဲ့ Ms doc ကနေ ပြန်ကူးယူဖော်ပြပေးထားတာပါ။ နားလည်ပေး

စေချင်ပါတယ်။ ကျွန်တော် တနေရာတည်းမှာ အကုန်သိအောင်လို့

စုစည်းပေးချင်တာကြောင့် လည်း ပြန်ရှာပီးထည့်ပေးလိုက်တာပါ။

Windows 7 သုံးသပ်နှိုင်းယှဉ်ချက်များ

Windows 7 Starter - Windows 7 Starter ဆိုတာ Windows 7

တွေထဲမှာမှ features အနည်းဆုံး Edition တစ်ခု ဖြစ်ပြီး အဲ့ version မှာ

Windows Aero မပါဝင်ပါဘူး။ နောက် အဲ့ Edition ဟာ 64-bit မှာ

အသုံးပြုလို့ မရပါဘူး။ Desktop wallpaper နဲ့ Visual Style (Windows 7

Basic) ကလည်း Change လို့ မရပါဘူး။ ဒီ Edition ရဲ့ ရည်ရွယ်ချက်က

အထူးသဖြင့် netbooks တွေနဲ့ တစ်ခြား computer manufacturers

တွေအတွက် ကွန်ပြူတာတွေမှာ အစဉ်သင့် ထည့်သွင်းပေးနိုင်အောင်

ဖန်တီးထားတဲ့ ခပ်ပေါ့ပေါ့ version တစ်ခုလို့ ပြောလို့ရပါတယ်။


Windows 7 Home Basic - Windows 7 Home Basic ဆိုတာ Brazil,

People's Republic of China, Colombia, India, Pakistan, Philippines,

Mexico, နဲ့ Thailand စတဲ့ နိုင်ငံတွေမှာ ဈေးကွက်တိုးချဲ့ဖို့အတွက် အဓိက

ရည်မှန်းချက်ထားပြီး ထုတ်လုပ်ခဲ့တဲ့ Version ဖြစ်ပြီး သူ့ကို

အနောက်နိုင်ငံတွေနဲ့ ဥရောပအလယ်ပိုင်းနိုင်ငံတွေ ၊ မြောက်အမေရိက ၊

သြစတြေးလျနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေမှာတွေမှာတော့ ဒီ Version

ကို မတင်သွင်းပါဘူး။ Russia နိုင်ငံကိုလည်း ဒီ version တင်သွင်းတယ်လို့

သိရပါတယ်။ ဒီ version မှာတော့ တစ်ခြား New features တွေနဲ့ အတူ

Aero options လည်း ပါဝင်ပါတယ်။


Windows 7 Home Premium - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့

အိမ်သုံးဖျော်ဖြေရေး ကွန်ပြူတာဈေးကွက်အတွက် ရည်ရွယ်ပြီး

ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး သူ့မှာ လူသိများတဲ့ Windows Media Center,

Windows Aero နဲ့ touch-screen controls .. စတာတွေပါဝင်ပါတယ်။

Windows 7 Professional - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ Small

business users တွေ ၊ နှိုက်နှိုက်ချွတ်ချွတ် အသုံးချချင်သူတွေ အတွက်

ဖြစ်ပြီး သူ့မှာ Windows 7 Home Premium ရဲ့ features တွေ

အားလုံးပါဝင်သလို Windows Server domain အဖြစ်လည်း သူက

ထမ်းဆောင်နိုင်ပါတယ်။ နောက်ထပ် features တွေအနေနဲ့ကတော့

Remote Desktop server, location aware printing, Encrypting File

System, Presentation Mode, Software Restriction Policies, Windows

XP Mode ... စတာတွေ ထည့်သွင်းပါဝင်လာပါတယ်။

Windows 7 Enterprise - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ Microsoft

ကထုတ်လုပ်တဲ့ Windows ၊ Microsoft ကထုတ်လုပ်တဲ့ Office applications

စတာတွေကို အသုံးပြုပါမယ်ဆိုပြီး စာချုပ်ချုပ်ဆို လုပ်ကိုင်နေတဲ့ Companies

တွေ ၊ business users တွေအတွက် ဦးတည်ချက်ထားပြီး

ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့မှာပေါင်းစပ် ပါဝင်တဲ့ Features

တွေကတော့ MUI လို့ လူသိများကြတဲ့ Multilingual User Interface

(MUI) packages ၊ BitLocker Drive Encryption နဲ့ UNIX application

support .. စတာတွေပဲ ဖြစ်ပါတယ်။

Windows 7 Ultimate - Windows 7 Ultimate မှာတော့ Windows 7

Enterprise မှာပါတဲ့ Features တွေအတိုင်း ပါဝင်ပါတယ်။ ဒါပေမယ့်

Windows 7 Ultimate ဟာ Enterprise edition နဲ့တော့ မတူညီပါဘူး။

Windows 7 Home Premium နဲ့ Windows 7 Professional users

တွေဟာ တကယ်လို့ Windows 7 Ultimate ကို Upgrade

လုပ်ချင်တယ်ဆိုရင် Windows Anytime Upgrade နဲ့ အချိန်မရွေး Upgrade

လုပ်လို့ ရပါတယ်။

Windows 7 N version ဆိုတာဘာလဲ ??

Windows 7 N version ဆိုတာ အဲ့ Windows မှာ Windows Media Player

မပါဝင်ပဲ Europe မှာ အဓိကထားရောင်းချနေတဲ့ Version တစ်ခုပါ။ N

Editions Windows တွေအကုန်လုံးဟာ Premium, Professional, Ultimate

စတဲ့ Windows 7 တစ်ခြား Versions တွေအားလုံးအတွက် upgrades

လုပ်လို့ ရပါတယ်။ Windows 7 N Editions ဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့

Versions တွေနဲ့ ဈေးလည်း တူသလို features တွေအားလုံးလည်း

အတူတူပါပဲ။ Windows Media Player တစ်ခုပဲ မပါဝင်တာပါ။ တကယ်လို့

Windows Media Player ကို ပြန်လည်ထည့်သွင်းချင်တယ် ဆိုရင်လည်း

Microsoft Download Website မှာ အချိန်မရွေး အလကား ရယူနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ထပ်ဖြည့်အနေနဲ့ window E version

အကြောင်းလေးကိုပါ ထပ်ဖြည့်ပြောသွားပါရစေ. ကိုကေဇတ် ရေးတုန်းက E

version အကြောင်းမထည့်ထားလို့ ဖြည့်ပေးတဲ့ သဘောပါပဲ့။

Window 7 E version

ဒီ Version မှာတော့ N Version နဲ့ အတူတူပါပဲ့ ဒါပေ့မယ် မတူတဲ့နေရာက

တော့ IE မပါဝင်တာပါပဲ့ ရောင်းချတဲ့နေရာ နဲ့ Feature တွေ အားလုံးဟာ N

version နဲ့ အတူတူပါပဲ။ IE ကို ရမ်းပီး သုံးချင်တယ် ဆိုရင်လည်း N version

လိုပါပဲ့ ထပ်ဖြည့်ရမ်းသုံးလို့ ရပါတယ်။

နောက်ထပ် Upgrade လုပ်လို့ ရတဲ့ အပိုင်းလေးတွေကိုပြောပြပါဦးမယ်။

ကျွန်တော်တို့ အနိမ့်ကနေ အမြင့်ကို ပြောင်းလို့ ရတဲ့ Version တွေ

အကြောင်းကိုတော့ သိထားရပါလိမ့်မယ်။ တချို့ version တွေက Upgrade

လုပ်လို့ မရပါဘူး။ ဒါကြောင့် ဘာတွေကနေ Upgrade လုပ်လို့

ရတယ်ဆိုတာကို အောက်မှာ တွဲဆက်ဖော်ပြထားသလို Features တွေ

အကြောင်းကိုပါ ကျွန်တော် ပုံတွေနဲ့ ဖြည့်စွက်ဖော်ပြပေးထားပါတယ်။

နားလည်အောင် သေချာ ဖတ်ကြည့်ဖို့ပဲ့ တိုက်တွန်းလိုပါတယ် ။

Anytime Upgrade editions
 
  Starter to Home Premium.
    Starter to Professional1.
    Starter to Ultimate1.
    Home Premium to Professional.
    Home Premium to Ultimate.
    Professional to Ultimate

"ကိုနေမင်းမောင်" ရေးသားထားသော Blog Post အားကူးယူတင်ပြပါသည်.......

No comments:

Post a Comment