Sunday, November 20, 2011

Window 7 မှာအသံမလားဘူးဆိုရင်....

ကျွန်တော်ဒီနေ့တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..
 
အရင်ဆုံး Windows 7 တင်ပြီးတဲ့အခါမှာအသံမလာတာနဲ့ပါတ်သတ်ပြီး  Windows Update ပေးပြီးဖြေရှင်းလို့ရ
မယ့်နည်းလမ်းလေးကိုအရင်ဆုံးရှင်းပြပါမယ်.။အဲ့ဒီနည်းလေးကတော့လွယ်ပါတယ်..။ဘာမှလုပ်စရာမလိုပါဘူး..။
Windows Update ပေးလိုက်ပြီဆိုတာနဲ့လိုအပ်တဲ့ Sound Driver ကိုဒေါင်းလော့ချပြီး Install လုပ်ပေးသွားပါ
လိမ့်မယ်..။Windows Update  ပေးလိုက်ယုံပါပဲ..။ဒီလိုမျိုး Audio ပြသနာတွေဖြစ်တာကစက်ကပါပြီးသား
Sound Card ကိုမသုံးပဲ  Sound  Card သက်သက်တပ်ထားတဲ့စက်တွေမှာဖြစ်တက်ပါတယ်။မိမိတို့တက်
ထားတဲ့ Sound Card Driver ကို Install လုပ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။
နောက်တစ်နည်းကတော့ Motherboard နံပါတ်ကိုကြည့်ပြီး  Google မှာမိမိစက်မှာလိုအပ်မဲ့  Sound  Driver
ကိုရှာပြီးအသုံးပြုလို့ရမဲ့နည်းလမ်းလေးကိုရှင်းပြပေးပါမယ်..။အရင်ဆုံး Motherboard  နံပါတ်ကိုဘယ်လို
ကြည့်ရမယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..။
အပေါ်မှာပြထားတဲ့နည်းအတိုင်းမိမိတို့ရဲ့ Motherboard  နံပါတ်ကိုသိပြီဆိုရင် Google မှာ Mother နံပါတ်
နောက်မှာ  Audio  Driver  လို့ရိုက်ထည့်ပြီးရှာပေးလိုက်ယုံပါပဲ..။ဒါဆိုရင်မိမိရဲ့စက်မှာအသံမလာတဲ့အခါ
Audio Driver ကိုရှာပြီးဖြေရှင်းတက်သွားမယ်လို့ထင်ပါတယ်..။
နောက်တစ်နည်းကတော့ Realtek ဆိုတဲ့ Driver လေးကိုသုံးပြီးဖြေရှင်းနည်းပါ..။ဒီကောင်လေးကအရမ်းကိုအ
သုံးဝင်ပါတယ်..။ဘယ်လို Audio အခက်အခဲမျိုးဖြစ်နေပါစေဒီကောင်လေးကိုမိမိတို့စက်မှာ Install လုပ်ပေး
လိုက်တာနဲ့တင်အဆင်ပြေသွားပါလိမ့်မယ်..။မှတ်ချက် ။  ။ Sound  Card  သက်သက်တပ်ပြီးသုံးတဲ့လူတွေ
အတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး..။အဲ့ဒီအတွက်ဘယ်လိုနည်းလမ်းသုံးရမယ်ဆိုတာအပေါ်မှာရှင်းပြ
ခဲ့ပြီးပါပြီ..။
အရင်ဆုံး  http://152.104.125.41/Default.aspx  ကိုသွားပါ..။ပြီးရင်အောက်ကပုံမှာပြထားသလို 
HD Audio Codec Driver ကို Click  ပေးလိုက်ပါ.။ပြီးရင်  I accept the above ကိုအမှန်ခြစ်လေးပေး
ပြီး Next ကိုနှိပ်လိုက်ပါ..။  ပီးရင်တော့  မိမိတို့ Windows အမျိုးအစားကိုရွေးပြီးဒေါင်းလော့ချလိုက်ယုံပါပဲ.. ။
ဒေါင်းလော့ချပြီးသွား လို့Realtek Driver လေးရလာပြီဆိုရင်တော့ဒီကောင်လေးကိုမိမိတို့စက်မှာ Install 
လုပ်ပေးလိုက်ယုံနဲ့မိမိစက်မှာဖြစ်နေတဲ့  Audio ပြသနာတွေအဆင်ပြေသွားပါလိမ့်မယ်...။အောက်မှာပုံလေးတွေ
နဲ့ဘယ်လိုလုပ်ရ မယ်ဆိုတာကိုလဲရှင်းပြပေးထားပါတယ်..။
ဒီလောက်ဆိုရင်တော့  Windows  7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးအဆင်ပြေသွားလမ့်
မယ်လို့ထင်ပါတယ်....

ကိုနေမင်းမောင် ၏ Post အားပြန်လည်မျှဝေလိုက်ပါသည်...

No comments:

Post a Comment