Saturday, November 26, 2011

ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာ.....

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူပေင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဆုံးဘာသာအဖြစ် (18-11-2011)ရက်နေ့က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် 200ကျော်က မဲပေးရွေးချယ်ခဲ့ရာတွင် မဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ “ဘာသာရေးခေါင်းဆောင်အများစုသည် မိမိတို့၏ ဘာသာများထက် ဗုဒ္ဓဘာသာကိုမဲပေးခဲ့ခြင်းသည် အလွန်ပင်အံ့သြဖွယ်ကောင်းခဲ့ကြောင်း” အဆိုပါ အဖွဲ့၏ ညွှန်ကြားရေးမှူး Mr.Jonna Hult က ပြောကြားခဲ့ပြီး “ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာတရားဘွဲ့ကို ဗုဒ္ဓဘာသာရရှိခဲ့တာဟာ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားရတဲ့ စစ်ပွဲဆိုတာ မရှိခဲ့ဘူး။ ဗုဒ္ဓဘာသာကြောင့် သွေးချောင်းမစီးခဲ့ပါဘူး။ ဒီအချက်က တခြားဘာသာတွေထက် အသာလွန်ဆုံး အချက်ပါ” ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။ ဂျူးဘုန်းတော်ကြီး Shmuel Wasserstein က “ကျွန်တော်တို့ရဲ့ ဂျူးဒါလစ်ဇင်ကိုဘဲ အမွန်မြတ်ဆုံးလို့ ထင်ပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် နေ့စဉ်ကျွန်တော်ဂျူးဘာသာအရ ၀တ်ပြုရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့ ဂျူးဘာသာ အရ ၀တ်ပြုခြင်း မပြုခင်မှာ ၀ိပသနာတရားကို ကျင့်ကြံအားထုတ်ခဲ့တာ (၁၉၉၃)ခုနှစ်ကတည်းကပါ။ အဲဒါကြောင့် ကျွန်တော်လည်း ဗုဒ္ဓဘာသာကိုဘဲ မဲပေးခဲ့တာပါ” ဟု ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် အာဖရိကနိုင်ငံမျိုးကပင် ဗုဒ္ဓဘာသာဝင် အာဖရိကန်အရေအတွက် အများအပြားရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

 နိုဝင်ဘာလ 25, 2011 10:43amတွင်lwin lay ဖူးစာရှင်လေးတွင် တင်ထားသော ဘလော့ပို့(စ်)အားပြန်လည်မျှဝေဂုဏ်ယူလိုက်ပါသည်...


ဆွစ်ဇာလန်နိုင်ငံ..ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က
ဗုဒ္ဓဘာသာ ကို ကမ္ဘာ့အမွန်မြတ်ဆုံး..အကောင်းဆုံးဘာသာရေးအဖြစ် ရွေးချယ်ခဲ့ကြောင်းသိရှိရပါတယ်...
ရွေးချယ်ပွဲကို ကမ္ဘာ့ ဘာသာပေါင်းစုံမှကိုယ်စားလှယ် (၂၀၀)ကျော်က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီးပိုပြီး အံ့သြဖို့ကောင်းသည်မှာ..
ပါဝင်ရွေးချယ်ခဲ့သည့် ဘာသာခေါင်းဆောင်အများစုက ဗုဒ္ဓဘာသာကို မိမိတို့ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲ ပေးခဲ့ကြခြင်းဖြစ်သည်...
အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးဧ။်သုတေသနညွန်ကြားရေးမှူး
Jonna Hult ကပြောကြားရာတွင် ကမ္ဘာ့အမွန်မြတ်ဆုံး..အကောင်းဆုံးဘာသာတရား ဗုဒ္ဓဘာသာ ကရရှိခဲ့တာ အံ့သြစရာ မရှိပါဘူး...
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ ကြောင့်ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး...
အခြားဘာသာများနဲ့ မတူတာ အဲဒါပါပဲ...
တခြားဘာသာတွေက လက်နက် ကိုအဆင့်သင့်ကိုင်ထားကြတယ်...ဗုဒ္ဓဘာသာဝင် တယောက်ဟာ ဘာသာရေးအတွက်နဲ့ စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်...တခြားဘာသာဝင်တွေရဲ့အစဉ်အလာအလေ့အထ နဲ့ မတူပဲဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာ သူများတွေကို ဟောကြားခဲ့တာပါပဲ လို့ဆိုခဲ့ပါတယ်....
အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ ကျနော်လည်းကျနော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်....ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးဘာသာတရားလို့လဲ ထင်ပါတယ်...ဒါပေမဲ့ ရိုးရိုးသားသားဝန်ခံရရင် ကျနော်ဟာ နေ့စဉ် ဂျူးဘာသာအရ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံအားထုတ်နေတာ ၁၉၉၃ခုနှစ်ကတည်းကပါ....ဒါကြောင့် ဗုဒ္ဓဘာသာ ကိုမဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်...
ပါကစ္စတန်နိုင်ငံမှာ မူစလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်း ထို အဆိုကို သဘောတူထောက်ခံခဲ့ပါတယ်...
ဂျနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ပါကစ္စတန်နိုင်ငံမူစလင်အစည်းအရုံးဆိုင်ရာမဲပေးရေးအဖွင့်ဝင်တယောက်ဖြစ်တဲ့ Tal Bin Wasssd
က ကျနော်ဟာ အစ္စလာမ်ဘာသာကို နှစ်နှစ်ကာကာယုံကြည်သူတယောက်ပါ...ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက် ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ..သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်....
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါတွေကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်....
ပြောရင် ကျနော်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ပြောခဲ့ပါတယ်...
Belfast မြို့မှ ကက်သလစ်ဘုန်းကြီး Ted O'Shaungh-nessy ကတော့ ကက်သလစ်သာသနာကို မြတ်နိုးကိုးကွယ်ပေမဲ့..
လူသားတွေကို မေတ္တာ ဂရုဏာထားရန်ဟောကြားပြီး လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒနားလည်ပါတယ်လို့ ပြောကြတာက စိတ်အနှောက်အယှက် ဖြစ်ရဆုံးပါပဲ...
ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်....
ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံးဘာသာတရား အဖြစ်ရွေးချယ်ခဲ့ခြင်းအတွက် ဆုလက်ခံရန် ဗုဒ္ဓဘာသာဝင် အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်....မြန်မာ ဗုဒ္ဓဘာသာဘုန်းကြီးတပါးကပြောကြားရာတွင်  မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့ သည့် အတွက် ၀မ်းမြောက် ကျေးဇူးတင်ကြောင်း ဒါပေမဲ့ ဒီဆုကို အမြတ်ဆုံးလွတ်မြောက်မူ နိက္ဓမဓါတ်..နိဗ္ဗာန ဓါတ် ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေ ပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်...

နေမခကြယ် on November 25, 2011 at 9:56pm  
http://wytumyanmar.com
တွင် တင်ထားသော Post အားပြန်လည်မျှဝေလိုက်ပါသည်...

No comments:

Post a Comment