Saturday, November 5, 2011

"ဓမ္မ " အမေး အဖြေများ...

"ဓမ္မ" နှင့် ပတ်သက်သော မေးခွန်းနှင့် အဖြေများ အား လေလော့မှတ်သားနာယူနိုင်ရန်အလို့ငှာ....
 "ဝယဓမ္မာ သင်္ခါရာ ၊အပ္ပမာဒေန သမ္ပါဒေထ။" Website မှ ကူးယူမျှဝေပါသည်....

Q1. မဂ်တား၊ ဖိုလ်တား အန္တရာယ် (၅) ပါး ကို ရှင်းပြပေးပါ။
A1. မဂ်အလုပ်၊ ဖိုလ်အလုပ် အားထုတ်ကြတဲ့နေရာမှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ မထိုက်တန်အောင် တားမြစ်နှောင့်ယှက် အကန့်အကွက် ပြုတတ်တဲ့ အန္တရာယ်ကြီး (၅) ပါးရှိပါတယ်။
ဒီအန္တရာယ် (၅) ပါးကတော့ - ဆက်ဖတ်ရန်...


Q2. ဒိဋ္ဌိအကြောင်း ရှင်းပြပေးပါ။
A2. ဒိဋ္ဌိသည် မဂ်တား၊ ဖိုလ်တား ဖြစ်၏။ မိမိတို့ သွားရာလမ်းခရီးတွင် အနှောင့်အယှက် အတားအဆီးဖြစ်သည်။ ထို့ကြောင့် မိုးကုတ်ဆရာတော်ကြီးက... ဆက်ဖတ်ရန်...

Q3. တိဟိတ်ဆိုတာရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးပါ။
A3. တိဟိတ်ဆိုတဲ့ စကားလုံးအနက်က တိ ဆိုတာ သုံး၊ ဟိတ် ဆိုတာ ဟေတု အကြောင်းရင်း အခြေအမြစ်။ ဒါကြောင့် တိဟိတ် ဆိုတာ အကြောင်းရင်း အခြေအမြစ်သုံးပါးနှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ ပြောနိုင်တယ်။

အကြောင်းသုံးပါးမှာ အကြောင်းဆိုတာက ဒီဘဝမှာ ဒုက္ခဆင်းရဲအပေါင်းက ကျွတ်နိုင် လွတ်နိုင်တဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာကို ရသင့်ရထိုက်တဲ့ အကြောင်းကိုပြောတာ။ အဲဒီအကြောင်းရင်း အခြေအမြစ်က သုံးပါး ပြည့်စုံရတယ်။ အဲဒီသုံးပါးက (၁) အလောဘ (၂) အဒေါသ (၃) အမောဟ ဆိုတဲ့ တရားသုံးပါးပဲ။ အလောဘ ဆိုတာ မလိုချင်တာ။ အဒေါသက မဖျက်ဆီးချင်တာ။ အမောဟ ဆိုတာက မတွေဝေတာ လို့ အကြမ်းအားဖြင့် နားလည်ထားနိုင်တယ်... ဆက်ဖတ်ရန်...


Q4. ဗျသနတရား (၅)ပါး ဟူသည်မှာ အဘယ်နည်း။
A4. ဗျသန = ပျက်စီးခြင်း။ ဗျသနတရား (၅)ပါး တို့ မှာ..
(၁) ဉာတိ ဗျသန
(၂) ဘောဂ ဗျသန
(၃) ရောဂ ဗျသန
(၄) သီလ ဗျသန
(၅) ဒိဋ္ဌိ ဗျသန တို့ ဖြစ်သည်...ဆက်ဖတ်ရန်...


Q5. လူတစ်ဦးသေဆုံး၍ တမလွန်ဘဝရောက်ရှိသွားချိန်တွင် အကြားအမြင်ဆရာ၊ ဘိုးတော်၊ နတ်ဝင်သည် စသည့်သူတို့က သေဆုံးသူသည် မည်သည့်ဘုံဘဝသို့ ရာက်ရှိနေကြောင်း ဟောနေကြခြင်းမှာ တကယ်သိ၍ ဟုတ်၊ မဟုတ် သိလိုပါသည် ဘုရား။
A5. တကာကြီး ဦးတည်ငြိမ်ရဲ့ မေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ မြတ်စွာဘုရားရှင်လက်ထက်တုန်းက ထင်ရှားကျော်ကြားခဲ့တဲ့ တမလွန် ပညာရှင် 'ဝင်္ဂီသလုလင်' ကို ချက်ချင်းသတိရလိုက်မိပါတယ်... ဆက်ဖတ်ရန်...


Q6. သေဆုံးသူကိုရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သောအကျိုးကျေးဇူးများ ရနိုင်ပါသနည်း။
A6. သေလွန်ပြီးတဲ့နောက် ကုသိုလ်အကျိုးပေးကြောင့် လူဖြစ်သွားတယ်၊ နတ်ဖြစ်သွားတယ် ဆိုရင်၊ ဒါမှမဟုတ် အကုသိုလ် အကျိုးပေးကြောင့် ငရဲကျသွားတယ်၊ တိရိစ္ဆာန်ဖြစ်သွားတယ် ဆိုရင် ကျန်ရစ်သူတွေက သူ့အတွက်ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို သူလုံးဝ ခံစားခွင့် မရှိတော့ပါဘူး။ (အရှင်ဆန္ဒာဓိက) ဆက်ဖတ်ရန်...

Q7. သက်သတ်လွတ်စားခြင်းဖြင့် ကုသိုလ်ရနိုင်၊ မရနိုင် နှင့် အသားစားခြင်းဖြင့် အကုသိုလ် ဖြစ်နိုင်၊ မဖြစ်နိုင် ဖြေကြားပေးပါ။
A7. မြတ်စွာဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်ကြီးမှာ 'အစားအစာကလည်း လူတစ်ယောက်ကို ကုသိုလ်ဖြစ်အောင်၊ သိုမဟုတ် အကုသိုလ် ဖြစ်အောင် ကျေးဇူးပြုနိုင်တယ်' လို့ဟောကြားတော်မူထားပါတယ်... (အရှင်ဆန္ဒာဓိက) ဆက်ဖတ်ရန်...


Q8. ပဓာနိယင်္ဂတရားငါးပါးနဲ့ ပြည့်စုံရင် ညအားထုတ်မနက်တရားရနိုင်တယ်လို့ ဆရာတော်တစ်ပါး ဟောဖူးပါသည်။ ပဓာနိယင်္ဂတရားငါးပါးကို ရှင်းပြပေးပါ။
A8. ပဓာ နိယ = ကမ္မဋ္ဌာန်းအားထုတ်သူ၊ အင်္ဂ = အင်္ဂါ၊ ပဓာနိယင်္ဂ = ကမ္မဋ္ဌာန်းအားထုတ်သူ၏ အင်္ဂါ

ပဓာနိယင်္ဂတရား ငါးပါးကို ယောဂီရဲ့ အားငါးပါးလို့ ခေါ်နိုင်ပါတယ်။ ယောဂီမှန်ရင် ယုံကြည်မှုအား၊ ကျန်းမာမှုအား၊ ရိုးဖြောင့်မှုအား၊ ရဲရင့်မှုအား နဲ့ သိမြင်မှုအား ဆိုတဲ့ အားငါးပါးနဲ့ ပြည့်စုံရမယ်... (အရှင်ဆန္ဒာဓိက) ဆက်ဖတ်ရန်...


Q8. ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်၊ ဗောဓိပက္ခိယတရားများရဲ့ အရေအတွက်နဲ့ မြန်မာလိုအဓိပ္ပါယ်များကို သိလိုပါတယ်။ ရှင်းပြပေးပါ။
A8. ဗောဓိပက္ခယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။ ဆက်ဖတ်ရန်...

No comments:

Post a Comment