Monday, October 17, 2011

ဘုရားငါးဆူ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ....

  ကျွန်တော်တို့ ကမ္ဘာမတိုင်မီ အတိတ် လွန်ခဲ့ပြီးသော ၃၁-ကမ္ဘာအထက်တွင် သိခီ,ဝေဿဘူ မြတ်စွာဘုရား
၂-ဆူ ပွင့်တော်မူခဲ့သော မဏ္ဍကမ္ဘာဖြစ်ခဲ့၏။သိခီ,ဝေဿဘူ မြတ်စွာဘုရား၂-ဆူ ပွင့်တော်မူရာ မဏ္ဍကမ္ဘာကြီး
ကုန်ဆုံးပျက်စီးသွားပြီးနောက် ဘုရားပွင့်တော်မူခြင်းမှ ဆိတ်သုန်းသော သုညကမ္ဘာပေါင်း(၂၉)ကမ္ဘာဖြစ်ပေါ်ခဲ့
ပြီး အသီးသီးကုန်ဆုံးပျက်စီးသွားပြီးနောက်တွင် ဖြစ်လာသောကမ္ဘာကား(၁)ကကုသန္ဓမြတ်စွာဘုရား၊
(၂)ကောဏာဂမနမြတ်စွာဘုရား၊(၃)ကဿပမြတ်စွာဘုရား၊(၄)ဂေါတမမြတ်စွာဘုရား၊(၅)အရိမေတ္တေယျ
မြတ်စွာဘုရား ဟူသော မြတ်စွာဘုရား ငါးဆူ ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာပင်ဖြစ်ပါသည်။

 
 (၁)ကကုသန္ဓမြတ်စွာဘုရား
 









    ဤဘဒ္ဒကမ္ဘာတွင် အန္တရကပ်ပေါင်း ၆၄-ကပ်ရှိရာ(မယာရာဇဝင်ကြီးအလိုအားဖြင့်)၈-ခုမြောက်သောအန္တရ 
ကပ်၌၊(မှန်နန်းရာဇဝင်အလိုအားဖြင့်) ပထမ ၁-ခုမြောက်သောအန္တရကပ်၌ လူတို့၏သက်တမ်းသည် အသင်္ချေ
ယျတမ်းမှ တရွေ့ရွေ့ဆုတ်ယုတ်လာခဲ့ရာ အနှစ်လေးသောင်း(၄၀၀၀၀)တမ်းသို့ရောက်လျှင်ကကုသန်မြတ်စွာ
ဘုရား ပွင့်တော်မူခဲ့၏။ကကုသန်မြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ရှေးဦးပထမ
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ အာဇာနည်မြင်း
ကသော ရထားယာဉ်၊ဒုက္ကရစရိယာ အကျင့်မြတ်ကို ၈-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ
မဟာသိရီသရုက္ခဗောဓိ=ကုက္ကိုပင်ဗောဓိဖြစ်သည်။ကကုသန်မြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်
မှာ အတောင်(၄၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၁၀-ယူဇနာအရပ်ထိ ပျံ့နှံ့တော်မူ၏။ 
လူတို့၏သက်တမ်း အနှစ် လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
သုံးသောင်းနှစ်ထောင်(၃၂၀၀၀)ရှိတော်မူသောအခါ ခေမမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီး
ဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ
တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက အသမ္ဘိန္နဓာတ်တော်ကို ထိုခေမမည်သော အရာမ်ကြီးအတွင်း၌ 
တစ်ဂါဝုတ်မျှ အမြင့်ပမာဏရှိ ဓာတုစေတီတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။





(၂)ကောဏာဂမနမြတ်စွာဘုရား






   ကကုသန္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်လေးသောင်းတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်သုံးသောင်း(၃၀၀၀၀)တမ်းသို့ရောက်လျှင် ကောဏာဂုံမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
                        ကောဏာဂုံမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ဒုတိယမြောက်
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ ဆင်ယာဉ်
ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ ဥဒမ္ဗရ
ရုက္ခဗောဓိ=ရေသဖန်းပင်ဗောဓိဖြစ်သည်။ကောဏာဂုံမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်
မှာ အတောင်(၃၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၃-ယူဇနာအရပ်ထိ ပျံ့နှံ့တော်မူ၏။ 
လူတို့၏သက်တမ်း အနှစ် လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
နှစ်သောင်းလေးထောင်(၂၄၀၀၀)ရှိတော်မူသောအခါ ပဗ္ဗတမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်
ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ ဓာတ်တော်များ
သည် အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ်အမွှာမွှာကွဲပြားသွား၍ နတ်လူဗြဟ္မာ သတ္တဝါတို့သည် ဇဗ္ဗူဒိတ်
ကျွန်းလုံးအနှံ့ ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။
(၃)ကဿပမြတ်စွာဘုရား







    ကောဏာဂုံမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်သုံးးသောင်းတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်နှစ်သောင်း(၂၀၀၀၀)တမ်းသို့ရောက်လျှင် ကဿပမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
                        ကဿပမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ တတိယမြောက်
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ စံနန်းပြာဿဒ်
ယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၇-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နိဂြောဓ
ရုက္ခဗောဓိ=ပညောင်ပင်ဗောဓိဖြစ်သည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာ အတောင်
(၂၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၁-ယူဇနာမျှအရပ်ထိ ပျံ့နှံ့တော်မူ၏။ထိုအခါ
လူတို့၏သက်တမ်း အနှစ် နှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
တစ်သောင်းခြောက်ထောင်(၁၆၀၀၀)ရှိတော်မူသောအခါ ကာသိတိုင်း၊သေတဗျမြို့အနီး သေတဗျမည်သော 
ဥယျာဉ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်
လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက အသမ္ဘိန္နဓာတ်တော်ကို
ဇဗ္ဗူဒိတ်သူ ဗိုလ်လူအများသည် တစ်ချပ်တစ်ချပ်လျှင် အဖိုးများစွာထိုက်သော ရတနာဖြင့်ပြီးသော အုတ်တို့ဖြင့်
တစ်ယူဇနာအမြင့်ရှိသော စေတီတော်ကြီးတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။
















(၄)ဂေါတမမြတ်စွာဘုရား







   ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်သောင်းတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်တစ်ရာ(၁၀၀)တမ်းသို့ရောက်လျှင် ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရား
ပွင့်တော်မူခဲ့၏။ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာခွဲတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ စတုတ္ထ
မြောက်ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာကဏ္ဍက 
မည်သောအာဇာနည်မြင်းယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-နှစ်အထိကျင့်တော်မူ၍ မှီ၍ပွင့်သော 
ဗောဓိပင်မှာ အဿတ္တရုက္ခဗောဓိ=ညောင်ဗုဒ္ဓဟေပင်ဗောဓိဖြစ်သည်။ဂေါတမမြတ်စွာဘုရား၏အရပ်တော်
(ဉာဏ်တော်)အမြင့်မှာ (၁၈)တောင်ဖြစ်သည်။ကိုယ်တော်မှထွက်သောရောင်ခြည်တော်မှာ ယူဇနာလေးထောင်
အရပ်ထိ ပျံ့နှံ့တော်မူ၏။ လူတို့၏သက်တမ်း အနှစ် တစ်ရာတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော 
အသက်တော် အနှစ်(၈၀)ရှိတော်မူသောအခါ ကုသိနာရုံပြည်အနီးမလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ကြီးအတွင်း
၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသော
အခါ ဓာတ်တော်များသည် အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ်အမွှာမွှာကြွင်းကျန်ရစ်သောဓာတ်တော်များကို
၇-ပြည်ထောင်မင်းတို့ အညီအမျှ ခွဲဝေယူကြပြီး နောင်သော်ဇဗ္ဗူဒီပါကျွန်းအရပ်ရပ်ပျံ့နှံ့သွားကာ ဇဗ္ဗူဒီပါကျွန်းသူ
လူအများတို့သည် ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြ
လေကုန်၏။








   ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရားသည် ဆုတ်ကပ်ကာလလူတို့၏အသက် တစ်ရာတမ်း၌
ပွင့်တော်မူခဲ့ပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သဖြင့် သက်တမ်းအတိုဆုံး ဘုရားဖြစ်၏။မြတ်စွာဘုရားရှင်တို့ ပွင့်တော်
မူမြဲဖြစ်တော်မူသော ခေတ်ကာလမှာ သက်တမ်းဆုတ်ယုတ်နေသော ဆုတ်ကပ်(အာယုဟာယနကပ်)ကာလ၌
ပွင့်တော်မူမြဲဖြစ်၏။သက်တမ်းတက်ကပ်(အာယုဝဍ္ဎနကပ်)ကာလ၌ကားပွင့်တော်မမူကြပေ။သက်တမ်းဆုတ်
ယုတ်သောအခါ လူတို့၏အသက် တစ်သိန်းတမ်းနှင့် အသက် တစ်ရာတမ်းအတွင်းသာ ပွင့်တော်မူမြဲဖြစ်၏။
အကြောင်းမူကား သက်တမ်း တစ်သိန်းအထက်၌ လူတို့၏သက်တမ်း လွန်စွာရှည်လျားသောအခါ ဖြစ်၍ မြတ်
စွာဘုရား တရားဟောသော်လည်း အနိစ္စသဘောလက္ခဏာ၊ဒုက္ခသဘောလက္ခဏာ၊အနတ္တသဘောလက္ခဏာ
တို့ကို မမြင်နိုင်ကြလေကုန်။လူတို့၏အသက် တစ်ရာတမ်းအောက်၌ သတ္တဝါတို့ လောဘ၊ဒေါသ၊မာန၊ဣသာ၊
မစ္ဆရိယ စသော အကုသိုလ် ကိလေသာတရားများလွန်စွာထူပြောများပြာလှသောကြောင့် မြတ်စွာဘုရား
ဟောကြားသော တရားတော်ကို ဉာဏ်ရနိုင်ခြင်းမရှိကြလေကုန်။ထိုသို့ဖြစ်သောကြောင့် လူတို့၏အသက် 
တစ်သိန်းတမ်းအထက်နှင့် တစ်ရာတမ်းမှအောက် မြတ်စွာဘုရားများပွင့်တော်မမူကြခြင်းဖြစ်လေသည်။
ဂေါတမမြတ်စွာဘုရားရှင် ထားတော်မူခဲ့သော သာသနာတော်သည်ကား အနှစ်ငါးထောင်(၅၀၀၀)တည်လိမ့်
မည်။




















(၅)အရိမေတ္တေယျမြတ်စွာဘုရား






   ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်တစ်ရာတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်ရှစ်သောင်း(၈၀၀၀၀)တမ်းသို့ရောက်လျှင် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူလိမ့်
မည်။









        အရိမေတ္တေယျ မြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ပဉ္စမမြောက် နောက်ဆုံး
ပွင့်တော်မူမည့် မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ စံနန်းပြာဿဒ်
ပျံယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နာဂ
ရုက္ခဗောဓိ=ကံ့ကော်ပင်ဗောဓိဖြစ်မည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာ အတောင်
(၈၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ အလိုတော်ရှိတိုင်း ဖြန့်ကျက်တော်မူနိုင်လိမ့်မည်။
ထိုအခါလူတို့၏သက်တမ်း အနှစ် ရှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
ခြောက်သောင်းလေးထောင်(၆၄၀၀၀)ရှိတော်မူသောအခါ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူလိမ့်မည်။
ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ ကြွင်းကျန်ရစ်သောဓာတ်တော်များကိုလည်း
နတ်လူအပေါင်းတို့သည် စေတီများတည်ကာ ဌာပနာသွင်း၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပူဇော်ကြလိမ့်မည်ပင်
ဖြစ်ပေသတည်း။အရိမေတ္တေယျမြတ်စွာဘုရားထားတော်မူခဲ့သော သာသနာတော်သည်ကား အနှစ်သုံးသိန်း
ရှစ်သောင်း(၃၈၀၀၀၀)ဖြစ်လိမ့်မည်။






       ယခုကျွန်တော်တို့နေထိုင်ရာ ဤ ကမ္ဘာကား မြတ်စွာဘုရား ငါးဆူအထိပွင့်တော်မူမည့် ဘဒ္ဒကမ္ဘာဖြစ်ပါ
သဖြင့် လွန်စွာမှ ကုသိုလ်ထူး လူဖြစ်ရကျိုးနပ်ပါ၏။ ကုန်ဆုံးပျက်စီးခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
အထက်တွင် မြတ်စွာဘုရားရှင် ငါးဆူအထိပွင့်တော်မူမည့် တစ်ခုတည်းသောကမ္ဘာဖြစ်ပါ၍ မြတ်စွာဘုရား
သူတော်ကောင်းတရား ငါးကြိမ်တိတိနာကြားခွင့်ကြုံပါသည်။ခဏဖြစ်ရ,လူ့ဘဝ အနှစ်ရအောင် ကြိုးစားကြဖို့ရန်
တိုက်တွန်းလိုက်ရပါသည်။







         ဤစာစုကို အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ဝိနယပါရဂူ၊သာ-သီ-ဓ၊ဂဏဝါစက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)
ရေးသားတော်မူသော“မြတ်ဘုရားရှင် နှစ်ကျိပ်ကိုးဆူဝင်”ကျမ်းစာအား မှီငြမ်းရေးသားပါသည်။ September 26, 2011 ရက် ၊ 5:20pm တွင် thein.hlaing1970 ရေးသားခဲ့သော ဘလော့အားပြန်လည်မှဝေလိုက်ပါသည်......     

No comments:

Post a Comment