Saturday, July 28, 2012

သမိုင်း နှင့် ရာဇ၀င် ဆိုတာ.....

မြန်မာ့သမိုင်း အကြောင်းအရာများနှင့် ရာဇ၀င် အကြောင်းအရာများကို လေ့လာချင်သူ၊ ဖတ်ရှုချင်သူတို့အတွက်တော့ ဒီ Website  မှာလေ့လာဖတ်ရှု နိုင်သလို Download လဲ
ရယူနိုင်ကြပါတယ်ခင်ဗျာ..သမိုင်းအထောက်အထားဆို တာနောင်လာနောက်သားတွေအ
တွက်တော့အလွန်မှတန်ဖိုးရှိလှတဲ့စာပေတွေပဲဖြစ်ပါတယ်..ဒါ့ကြောင့်လဲလေ့လာသင့်
ပါတယ်လို့အကြံပြုပါတယ်....

Friday, July 20, 2012

လွယ်ကူလေ့လာ အင်္ဂလိပ်စာ....

ဒီ website မှာအင်္ဂလိပ်စာကိုလေ့လာသင့်ပါတယ်..ဘာဖြစ်လို့လဲဆိုတော့အသံထွက်ရော၊အဓိပါယ်
ပါ ရှင်းရှင်းလင်းလင်းသိရမှာဖြစ်တဲ့အတွက်ကြောင့်ပါ...ဒါပေမယ့် Myanmar 3 နဲ့သာကြည့်ရှုလေ့
လာခွင့်ရမှာဖြစ်ပါတယ်..ဘယ်လိုပဲဖြစ်ဖြစ်ဝင်ရောက်လေ့လာသင့်ပါတယ်..


Thursday, July 19, 2012

အင်္ဂလိပ်စာကျွမ်းကျင်ဖို့အတွက်ဆိုရင်....

အင်္ဂလိပ်စာကျွမ်းကျင်ဖို့အတွက်ဆိုရင်တော့ဒီနေရာမှာ လေ့လာနိုင်ကြပါပြီခင်ဗျာ..
ဒီနေ့ခေတ်ရဲ့အနေအထားအရ အင်္ဂလိပ်စာဆိုတာမတတ်မဖြစ်,မသိမဖြစ်တဲ့အရာတစ်ခုဖြစ်နေ
တာကြောင့်လိုအပ်တဲ့အပိုင်းအလိုက်လေ့လာနိုင်ကြပါပြီခင်ဗျာ..   



Saturday, March 31, 2012

IP Address ကြည့်ရအောင်.....

G talk မှာ ကိုယ်နဲ့ ပြောနေတဲ့ သူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့
G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ
ကြည့်လို့ ရပါတယ်နော် ။

တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီး
အသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ Setting ကို
် Click လုပ်ပြီး အရင်သွားလိုက်ပါ။
ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့
မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။
အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။


ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့ မှင်နီဝိုင်းထားတဲ့ Connection Monitor ဘောက်စ်ကျလာပါမယ်။
အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို
 
သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
ပီးရင် ကိုယ်ပြောနေတဲ့ သူကို  Call ခေါ်ပါ ။လက်ခံလာအောင် ခေါ်ပါ ။သူလက်မခံရင်တော့ မရ၀ူးပေါ့နော်။
တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ
တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။


သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး
 Google ထဲကနေ IP address locator ကိုသွားရပါမယ်။
ဒီလင့် လေးကနေ သွားလိုက်နော် (http://www.ipaddresslocation.org/ ) ။
အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ
 မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး
တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့
အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။


မှတ်ချက် ၊။   ၊။။တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့
 ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။
များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။

မတ်လ 31, 2012 3:03amတွင်♫♪♥ ကိုကို ╬ Σrror - 1 ╬ ♥♪♫ မှတင်ပြသောဘလော့ပို့(စ်)အားပြန်
လည်မျှဝေပါသည်....

Wednesday, March 14, 2012

Window editions 6 မျိုးအကြောင်း..

ဒီအောက်က window 7 သုံးသပ်နိုင်းယှဉ်ချက်များကို ကိုကျော်ဇင်သန့်ရေးပေးထားတာပါ။ ဒါပေ့မယ် ဘယ်လင့်မှာမှန်းမသိလို့ ကျွန်တော့ရဲ့ Ms doc ကနေ ပြန်ကူးယူဖော်ပြပေးထားတာပါ။ နားလည်ပေး စေချင်ပါတယ်။ ကျွန်တော် တနေရာတည်းမှာ အကုန်သိအောင်လို့ စုစည်းပေးချင်တာကြောင့် လည်း ပြန်ရှာပီးထည့်ပေးလိုက်တာပါ။
Windows 7 သုံးသပ်နှိုင်းယှဉ်ချက်များ
Windows 7 Starter - Windows 7 Starter ဆိုတာ Windows 7 တွေထဲမှာမှ features အနည်းဆုံး Edition တစ်ခု ဖြစ်ပြီး အဲ့ version မှာ Windows Aero မပါဝင်ပါဘူး။ နောက် အဲ့ Edition ဟာ 64-bit မှာ အသုံးပြုလို့ မရပါဘူး။ Desktop wallpaper နဲ့ Visual Style (Windows 7 Basic) ကလည်း Change လို့ မရပါဘူး။ ဒီ Edition ရဲ့ ရည်ရွယ်ချက်က အထူးသဖြင့် netbooks တွေနဲ့ တစ်ခြား computer manufacturers တွေအတွက် ကွန်ပြူတာတွေမှာ အစဉ်သင့် ထည့်သွင်းပေးနိုင်အောင် ဖန်တီးထားတဲ့ ခပ်ပေါ့ပေါ့ version တစ်ခုလို့ ပြောလို့ရပါတယ်။

Virtual Drive အသုံးပြုနည်း.....





ကျွန်တော် ဒီနေ့တော့ Virtual Drive အသုံးပြုနည်းလေး ရေးပေးသွားပါမယ် .. သုံးဖူးတဲ့ သူများလည်း သိရင်တော့ သိပါလိမ့်မယ် .. ဒီကောင်လေးကို ဘာအတွက် အသုံးပြုတာလည်း ဆိုတာကိုတော့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကို အသုံးပြုပြီး မိမိတို့ စက်မှာ Software ကို အသုံးပြုမယ် ၊ Game ကစားမယ် ဆိုရင် CD Drive ထဲမှာ CD ခွေထည့်ထားမှ အဲ့ဒီ ဆော့ဝဲလ်တွေ ၊ ဂိမ်းတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. တကယ်လို့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကနေတစ်ဆင့် CD Drive ထဲမှာ CD ခွေကို အမြဲတမ်း ထည့်မထားပဲ အသုံးပြုချင်တယ် ဆိုရင် ကျွန်တော် အခုပြောတဲ့ Virtual Drive ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး  Software တွေ Game တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အနေနဲ့ CD ၊ DVD Drive အတု ဖန်တီးပြီး အသုံးပြုတဲ့ သဘောပဲ ဖြစ်ပါတယ် .. 

ကျွန်တော် VirtualDrive_Pro_14 ကို အသုံးပြုပြီး ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် .. အရင်ဆုံး ဒီကောင်လေးကို Full Version ဖြစ်အောင် ဘယ်လို လုပ်ရမယ် ဆိုတာကို ရှင်းပြပေးပါမယ် .. ကျွန်တော် ဒီကောင်လေးကို Full Version ဖြစ်အောင် အသုံးပြုနိုင်ဖို့ အတွက် အထဲမှာ Keygen လေးပါ ထည့်ပေးထားပါတယ် .. 

အရင်ဆုံး မိမိတို့စက်မှာ VirtualDrive_Pro_14 ကို Install လုပ်လိုက်ပါ .. Install လုပ်နည်းကိုတော့ အားလုံးပဲ သိမယ်ထင်လို့ ကျွန်တော် ရေးမပေးတော့ပါဘူး .. Installation လုပ်ရင်းနဲ့ Serial Key တောင်းတဲ့ အခါမှာ အရင်ဆုံး ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင်အဲ့ဒီမှာ တွေ့တဲ့ Serial Key လေးကို ယူလိုက်ပါ ..

Sunday, March 11, 2012

အခုတော့ Proxy သုံးဖို့ လိုအုံးမလား မလိုဘူးလားတော့ မသိတော့ပါဘူး .. ဒါပေမယ့် ကျွန်တော်တို့ စီမှာတော့ အခုသုံးဖို့ လိုအပ်နေသလို တစ်ခြား မသိသေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် Proxy Sever ရဲ့ Ip Address ကို အသုံးပြုပြီး မိမိတို့ ကိုကြည့်ရှုဖို့ ခွင့်မပြုပဲ ပိတ်ထားတဲ့ ဆိုဒ်မျိုးတွေကို Proxy ကျော်ပြီး ကြည့်တဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. Proxy ကျော်ကြတာတော့ အမျိုးမျိုးပါပဲ .. တစ်ချို့ကလည်း ဆော့ဝဲလ်သုံးပြီး ကျော်ကြတယ် .. တစ်ချို့ကျတော့လည်း Proxy Sites တွေကနေ တစ်ဆင့် ကျော်ကြတယ် .. အခု Proxy Sever ရဲ့ IP Address ကိုထည့်ပြီး ကျော်တဲ့ နည်းလမ်းလေးကိုတော့ အသုံးပြုရတာလည်း အဆင်ပြေသလို လွယ်လည်း လွယ်ကူပါတယ် ..