Friday, February 3, 2012

hardisk create partion parts on window...




ဒီနေ့ ကျွန်တော် HDD ပိုင်း partition ပိုင်းတာလေးကို ရေးဖို့ တွေးမိတာနဲ့ ဒီအပိုင်းကို ကျွန်တော် စတင်မိပါတယ်။ တကယ်တော့ HDD partition ပိုင်းတာ  အမျိုးမျိုး ပိုင်းကြပါတယ်။ တချို့က window ခွေနဲ့ ပိုင်းတယ် တချို့ က window ပေါ်က ပိုင်းတယ်။ ဘယ်လိုပဲ့ ပိုင်းပိုင်း တူတူပါပဲ့ ဒါပေ့မယ် window ခွေထည့်ပြီးမှ ပိုင်းရင် အခက်ခဲ့ အားနည်းချက်ပိုရှိပါတယ်။ နောက်တခုက window ပေါ်က ပိုင်းရင် စက်နာတယ်တို့ ဘာတို့ ကြားဘူးပါတယ်။ စာသေချာလိုက်ဖတ်ကြည့်ပါ အငြင်းအခုံ အနေနဲ့ မညင်းပါဘူး။
ဒီတော့ ကျွန်တော် window ပေါ်ကနေ Partition ပိုင်းနည်းလေးကို ရေးပေးပါ့မယ်။ ကျွန်တော် ရဲ့ 180 GB ရှိတဲ့ ကို နမူနာ ထားပြီး ပိုင်းပြပါမယ်။  ဒီ window ပေါ်မှာ Partition ပိုင်းတာ နားလည်သွားပြီဆိုရင် ကျွန်တော် Window ခွေနဲ့ Parition ပိုင်းတာလေးကို ပုံတွေနဲ့ ထပ်ပြပြီး ရှင်းပြပေးနိုင်အောင် ကြိုးစားရေးပါဦးမယ်။ အခုတော့ .. Window ပေါ်က Partition ပိုင်းနည်းလေး စကြရအောင်...

Hide and Change Ip address with Firefox...

 

ကျွန်တော် ဒီနေ့ရေးပေးမယ့် အကြောင်းအရာလေးကတော့ Ip change တာလေးပါပဲ့။တကယ်တော့ ဒီအကြောင်းအရာ လေးက Proxy ကျော်တာနဲ့ သိပ်တော့ မကွာခြားလှပါဘူး။ Firefox နဲ့ Ip change တာလေး ဒါမှမဟုတ် Proxy ကျော်တာပါ.
လုပ်ရမဲ့ အဆင့်လေးတွေကလည်း အဲ့လောက်မများပါဘူး ကဲ့ ကျွန်တော်တို့ စမ်းကြည့်ကြရအောင် ဘယ်လိုတွေ အဖြေတွေများထွက်လာမလဲ့ပေါ့။
အဆင့် ၁.. ကျွန်တော်တို့ ဒီလင့်က
 
 
Add on လေးကို သွားပြီးတော့ Add to firefox ကို နိုပ်လိုက်ပါ.

Tuesday, January 31, 2012

ဝိပဿနာ ရှုပုံရှုနည်း...

ဝိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊
ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။
ဤကဲ့သို့ ဟောထားတော့ ဒကာ, ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့် ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူးတဲ့။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။

ပဋိစ္စသမုပ္ပါဒ် အမေးအဖြေ ၂....

(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။
(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။
မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။
မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။
မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။
မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။
မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။
မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

ဂျီတော့ မှာမြန်မာစာ လေးထောင့် ပေါ်နေတာကိုပြုပြင်နည်း...


ကျွန်တော်လို မသိသေးတဲ့သူတွေအတွက်ပါ ... သိတဲ့သူတော့များပါတယ် ...၊၊
ဒီလိုမျိုး လေးဖောင်းလေးတွေပေါ် နေတာကို ပြုတဲ့နည်းကလေးပါ ... တင်မယ်တင်မယ် နဲ့ မေ့နေတာပါ ဒီနေ့ သူငယ်ချင်းတစ်ယောက်ကလာမေးမှသတိရလို့ တင်ပေးလိုက်တာပါ အောက်မှာပုံလေးတွေနဲ့ ပြထားတာမို့  စာနဲ့ မရှင်းပြတော့ပါဘူးနော်
ပထမ
Start menu =>> Control panel =>> ကိုဝင်ပါ
ပြီးရင် အောက်ကပုံတွေကိုကြည့်ပြီး အဆင့်ဆင့် ပြုလုပ်ပေးလိုက်ပါ windows 7 နဲ့ ပဲပြပေးထားပါတယ် xp အတွက်တော ကိုယ့်ဘာသာပဲကြည့်ပြီးလုပ်လိုက်ပေါ့နော် .. အားလုံးအတူတူပါပဲ
 

ဇန်န၀ါရီလ 29, 2012 တွင် 6:28pm အချိန်၌ အရူးလေး ရေးသားခဲ့သော Post အားပြန်လည်မျှဝေပါသည်...

Monday, January 30, 2012

Crack ,Path & Keygen အသုံးပြုနည်း....



ကျွန်တော် သူငယ်ချင်းတို့ကို Crack Patch Keygen အသုံးပြုနည်းကို ရှင်းပြချင်ပါတယ်
တစ်ချိုတောသူငယ်ချင်းတွေက Crack Patch ကိုသိပ်ပြီးတော့ အသုံးပြုမတတ်တာတွေ့ရပါတယ်
Keygen ကတော့ လွယ်ပါတယ်
Crack လည်းလွယ်ပါတယ် တစ်ချို့တွေက သိပ်ပြီးနားမလည်ကျဘူး
Crack အသုံးပြုနည်းက သူက အများအားဖြင့် လိုင်စင်ဖိုင်တွေ ပါတတ်ပါတယ်
ဆောစ့်ဝဲလ်တစ်ခုကို Install လုပ်ရင် C: Program Files ထဲကို ရောက်ပါတယ်
Adroit.Photo.Recovery.2012 ကို နမှုနာအနေနဲ့  Install ပြပါမယ်ခင်ဗျာ
Install လုပ်ပြီး သူက လိုင်စင် ဗားရှင်းမဖြစ်သေးပါဘူး  လိုင်စင်ဗားရှင်းဖြစ်အောင်
ဒေါင်းထားတဲ့အထဲမှာပါလာတဲ့ Crack ကိုအသုံးပြုရပါမယ်ခင်ဗျာ
အရင်ဆုံး Adroit.Photo.Recovery အိုင်ကွန်ပေါ်မှာ Right ကလစ် နိုပ်ပြီး
Propreties ကို ကလစ်လိုက်ပါ (ဓာတ်ပုံထည့်ရန် )
ပြီးတော့ Find Target ကို ကလစ်လိုက်ပါ အဲဒါဆို
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
ဖိုင်ထဲကိုရောက်သွားမှဖြစ်ပါတယ် အဲဒါဆို  Adroit.Photo.Recovery.2012
Download လုပ်ထားတုန်းက ပါလာတဲ့ Crack ဖိုင်ကို ကော်ပီလုပ်ပြီး
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
 ဖိုင်ကို Paste လုပ်လိုက်ပါ 
  
Yes or No မေးလာရင် Yes ကိုကလစ်လိုက်ပါ
အဲဒါဆို Adroit.Photo.Recoveryက လိုင်စင်ဗားရှင်းအနေနဲ့
အသုံးပြုလို့ရပါပြီခင်ဗျာ အခြားသောဆောစ့်ဝဲလ်တွေလည်းအခုလိုနမှုနာပုံစံအတိုင်းပါဘဲခင်ဗျာ 

နောက်တစ်ခုကတော့  Patch အသုံးပြုနည်းကိုရှင်းပြပါမယ်ခင်ဗျာ
 နာမှုနာအနေနဲ့ Photo.Flash.Maker.Platinum.5.35 ကို Install
လုပ်ပြီး Patch အသုံးပြုပါမယ်ခင်ဗျာ  Photo.Flash.Maker ကို
Install လုပ်ပြီးရင် သူက လိုင်စင်ကုတ်တွေ တောင်းပါမယ်ခင်ဗျာ
ပေါ်လာတာကိုတွေ ပိတ်လိုက်ပါ ဘာမှမလုပ်ပါနဲ့  Patch ဖိုင်ကို ဒီအတိုင်းဖွင့်လိုက်ရင်
ပုံမှာပြထားတဲ့အတိုင်းပေါ်လာမယ်ခင်ဗျာ အဲဒီကနေ ပြီးတော့
"C:\Program Files\AnvSoft\Photo Flash Maker Platinum\
အထိသွားပြီးတော့ PFMPtU.exe  Select ပေးပြီးတော့ Patch ကိုကလစ်လိုက်ရင်
အဆင်ပြေပါပြီ နောက်ထပ်တစ်နည်းကတော့
အိုင်ကွန်ပေါ်မှာ Right ကလစ် နိုပ်ပြီး Propreties ကို ကလစ်လိုက်ပါ
ပြီးတော့ Find Target ကို ကလစ်လိုက်ပါ အဲဒါဆို
C:\Program Files\AnvSoft\Photo Flash Maker Platinum\
အထိရောက်သွားမှာဖြစ်ပါတယ် အဲဒီအထဲကို Download လုပ်ထားတုန်းက
ပါလာတဲ့ Patch ဖိုင်ကိုကော်ပီလုပ်ပြီး တော့ Paste လုပ်လိုက်ပါ
ပြီးတာ့ Patch ဖိုင်ကိုဖွင့်ပြီးတော့ Patch ကိုကလစ်လိုက်ပါ အဆင်ပြေပါပြီ
အခြားသောဆောစ့်ဝဲလ်တွေရဲ့ Patch အသုံးပြုနည်းက အခုလိုပုံစံအတိုင်းပါဘဲခင်ဗျာ
Keygen အသုံးပြုနည်းကတော့ လွယ်ပါတယ် Keygen ကို ဖွင့်ပြီးတော
ပါလာတဲ့ ကုတ်တွေကိုထည့်ပြီးတော့ အသုံးပြုယုံပါဘဲ
တစ်ခါတစ်လေကျရင် Patch Keygen တွဲပြီးတော့ ပါလာတတ်ပါတယ်
အဲဒီအခါဆိုရင် Patchဖိုင်ကိုအရင်သုံးပြုပြီးမှ Keygen ကိုအသုံးပြုပါ
နောက်တစ်ခုသတိထားရမှာက Crack Patch အသုံးပြုနေချိန်မှာ Programs ကိုပိတ်ထားပါ....
 
ကိုအမျိုးကောင်းသား ရေသားခဲ့သော Post အားပြန်လည်မျှဝေလိုက်ပါသည်....

သတိပြုစရာ.....

မိမိအကောက်ပြုလုပ်ခဲ့တဲ့ရက်စွဲကိုသိချင်ရင်အရင်ဆုံး... Gmail ကိုဖွင့်ပါ
ခွေးသွားစိတ်ပုံစံ 1 Setting icon ကိုနှိပ်ပါ 2 Mail setting ကိုနှိပ် 3 forwarding and POP/IMAP ကိုနှိပ်

3 since 00/00/00 သည် မိမိအကောက်စတင်ပြုလုပ်သည့်ရက်စွဲဖြစ်သည်။

မိမိအကောက်တွင်ရှိသော အကောက်ငါးခုကိုမှတ်သားပါ။

security question ကိုမှတ်သားထားပါ။မိမိအကောက်ကိုပိုလုံခြုံစေချင်ရင်

security question ကိုမြန်မာလို

ပြောင်းလိုက်ပါ answer ကိုလည်းမြန်မာလိုပေးပါ။

Recover Email ကိုမှတ်သားထားပါ။

ကီးလှော်ကာရန်မှဝေးခြင်၇င်အ၇င်ဆုံး memory stick တစ်ခုတွင် notepad လေးပြုကာ

password နှင့် username ကိုရိုက်ထည့်ပါ။....

ချက်ခါနီး copy , paste နည်းပညာဖြင့်သုံးပါ...အကောက်ဝင်ပါ။

hacking များစမ်းသပ်လိုလျှင် Deep freeze ကိုတပ်ပြီး antivirus software ကိုဖြုတ်ထားပါ။

သူများအတင်းလုပ်ခိုင်းသောအရာကိုမလုပ်ပါနှင့်ဥပမာဒါလေးစမ်းကြည့်ပါလားညာလေးစ

စမ်းကြည့်ပါလား စသဖြင့်ပေါ့... အကောက်ဝင်ခါနီးတိုင်း address bar ကိုတစ်ချက်ကြည့်ပါ။..

Gmail>setting >mail setting မှ always use https ကိုေ၇ွးပြီး save change နှိပ်ပါ။

သီချင်းဖိုင်၊ဓာတ်ပုံဖိုင်၊ဗီဒိုယိုဖိုင်များမဖွင့်မီ...တွင် file types ကိုတစ်ချက်စစ်ဆေးပါ။

ှုဥပမာ သီချင်းအတွက်... yonelay.mp3 ဆိုလျှင် file types သည် mp3ဖြစ်သည်။

yonelay.exe ဆိုလျှင် သီချင်းလည်းနားဆင်ရမည်ဖြစ်သလို...ဟက်ကင်းဖိုင်ဖြစ်သည်အတွက်

မိမိပတ်စဝေါ့ပါသွားနိုင်သည်။ မိမိ၏အကောက်နှင့်ပတ်စဝေါ့ပေးရသော ဟက်ကာ ဆော့ဝဲမျိုးကိုမစမ်းသပ်မိပါစေနှင့်..

မိမိကသူများကိုမဟက်ပဲ မိမိသာပြန်အဟက်ခံရတတ်သည်။ FTP နည်းမျှသာစမ်းသပ်မှအဆင်ပြေမည်။...

အမြဲတမ်းစစ်ဆေးဖို့.. အတွက် ဘလော့ပို့များတွင် archives ကိုနှိပ်ပြီး မိမိအကောက်တကယ်ပဲအဟက်

ခံနေရပြီးလား ဘလော့ပို့စ်ကိုတစ်ချက်ပြန်စစ်ဆေးပါ....

ဇန်န၀ါရီလ 29, 2012 9:33amတွင်♥♥ဒသ♥♥ မှတင်ပြသောဘလော့ပို့(စ်)အားပြန်လည်မျှဝေပါသည်.....