Sunday, January 8, 2012

The Noble Path of the Noble Ones...

The Noble Path of the Noble Ones

by Sitagu Sayadaw Ashin Nyanissara

The moral, ethical, psychological, philosophical, practical, and intellectual systems expounded by the Buddha are called the Dhamma. It is more popularly know as Buddhism. Strictly speaking, Buddhism is not a religion, nor a system of faith or worship. Buddhism is rather a course or way that guides a disciple through pure living and pure thinking to achieve supreme wisdom and final liberation from all evil and defilement.

The foundation of Buddhism is the Middle Way, or Noble Path. This path avoids two extremes: one is the search for happiness through pleasure of senses; the other is the search for peace through self-mortification. The Middle Path gives clear vision, the eye of wisdom, and it leads to calmness, peace, happiness, purification of mind, liberation from defilement, and enlightenment.

The Eight-fold Path

The Noble Path, or the Middle Way, is composed of eight factors:

  1. right understanding
  2. right thinking
  3. right speaking
  4. right action
  5. right livelihood
  6. right effort
  7. right mindfulness
  8. right concentration


ငြိမ်းချမ်းဖွယ် ဌာနေများ...

ဆရာတော်များ ၏ website များ....

Friday, December 30, 2011

ထင်ရှားသောဆရာတော်ကြီးများ၏ သြ၀ါဒများ(၁)

၁။သိဦးသောသူသည် မသိပါသေးသောသူကိုကြားစေသတည်း။(ရှင်သာရိပုတ္တရာ၊ရှင်မဟာမောဂ္ဂလာန်)
၂။နှလုံးကနောင်တရှိသည်ကို သူခပ်သိမ်းမသိစေလင့်။(နရသီဟပတော့မင်းဆရာတော်)
၃။ကိစ္စလျပ်လျပ် ပြီးစေအပ်၏။အားလပ်မှသာ မဟူရာတည်း။(ရှင်မဟာရဋ္ဌသာရ)
၎။ပညာသော်ကားအပြစ် အကျိုးကိုခွဲခြားနိုင်ခြင်းဥာဏ်တည်း။(ရှင်မဟာသီလ၀ံသ)
၅။အကျိုးစီးပွားကိုအလိုရှိလျှင် အကျိုးစီးပွားနှင့်စပ်သောစကားကိုသာပြောဆိုပါ။(အရှင်နာကသိန်)
၆။ဘုရားအကဲ့အရဲ့လွတ်အောင်နေ။(ဆရာတော်ဦးဗုဓ်)
၇။တစ်ယောက်တည်းသင့်အောင်နေ။(ရေငုံဆရာတော်)
၈။ကိုယ်မကြိုက်တာမလုပ်နဲ့။(မဏိမဉ္ဇူဆရာတော်)
၉။ကိုယ့်အတွက်သူတပါးစိတ်မညစ်ပါစေနဲ့။(ငါးခုန်ဆရာတော်)
၁၀။ရဲရဲသေ၀ံ့သောအလုပ်ကိုလုပ်ပါ။(သံယုတ်ဆရာတော်)
၁၁။ယခုကြပ်မှ နောင်ချောင်မည်။(ရွှေမြင်တင်ဆရာတော်)
၁၂။သတိလက်ယာ ပညာလက်ဝဲ ယှဉ်အမြဲ။(မန်လည်ဆရာတော်)
၁၃။အမှုပေါက်၍ အကြောက်သန်ပါလျှင် ရန်သာပွားတတ်သည်။(မုံတိုင်ဆရာတော်)
၁၄။အပေါင်းကြည်သာမှ အရာခပ်သိမ်းပြီး၏။(လုံးတော်ဆရာတော်)
၁၅။သန်လျက်ဖြစ်ညား မသွေးထားသော် ချင့်ဓားလိုခါမတုံးတည်း။(ကျီးသဲလေးထပ်ဆရာတော်)
၁၆။အတိတ်ကိုထပ်၍မရသာပြီ။အနာဂတ်ကိုသာ ရည်မှတ်၍ခဲ။(တောင်လေးလုံးဆရာတော်)
၁၇။ဝီရိယနှင့်ဥာဏ်နှစ်ပါးသန်မှ ပါရမီကံ အကျိုးပေးနိုင်လေသည်။(သီးလုံးဆရာတော်)

မျှဝေလိုက်ပါသည်....

Thursday, December 29, 2011

က မှ အ အထိ စာအုပ်များ.....

၂၁ ရာစုအင်္ဂ၀ိဇ္ဖာဆောင်းပါးများ _ ဦးမောင်မောင်သန်း
၃၇ မင်း _ ဦးဖိုးကျား
၁၉၃၀တ၀ိုက်မြန်မာနိုင်ငံရေးသမိုင်း _ သိန်းဖေမြင့်
ကထာဝတ္ထု နိဿယ-၁
ကဗျာရေးနည်း နိသျည်း _ မောင်ဘိုသစ်
ကဗျာ့နန်းတော် _ မဟာဗောဓိမြိုင် ဆရာတော်
ကရင်ရာဇ၀င် _ ဦးပညာ
ကလေးပုံပြင်များ _ မင်းသုဝဏ်
ကာလာမ သုတ်
ကားထဲကမိန်းကလေး _ ဇ၀န
ကုသိုလ်နှင့် အကုသိုလ် _ ဦးရွှေအောင်
ကိုရမ်အဘိဓါန် ၁ _ မြတ်သူ
ကိုရမ်အဘိဓါန် ၂ _ မြတ်သူ
ကင်္ခါမေးခွန်းနှင့်အဖြေ _ ဦးဝိမလ
ကန့်ကူလက်လှည့် _ အောင်သင်း
ကမ္မဋ္ဌါနဒီပနီ _ လယ်တီဆရာတော်
ကမ္မဋ္ဌါန်းကျမ်းကြီး _ လယ်တီဆရာတော်
ကမ္ဘာကို ကိုင်လှုပ်သူများ _ ရဲကောင်းထက်
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ.ဦးသန့် _ တက္ကသိုလ်စိန်တင်
ကမ္ဘာ့စာပေတစေ့တစောင်း _ နတ်နွယ်
ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ , ၀င်းလိုက်ပုံနှိပ်တိုက် , ရန်ကုန် , ၁၉၉၉ ...
ကမ္ဘာမြေအောက်ခရီး _ ဒဂုန်ရွှေမျှား
ကမ္ဘာ့ရက်ကြီးနေ့ကြီးများနှင့် မြန်မာ့နေ့ကြီးရက်ကြီးများ _ ဦးဝမ်ထိန်
ကံနှင့်တမလွန်ဘ၀ _ ချမ်းမြေ့ဆရာတော်
ကုန်းဘောင်ပြင်သစ် _ ရွှေစကြာ
ကုန်းဘောင်ရှင်းတမ်း _ မောင်သန်းဆွေ
ကုန်းဘောင်ရွှေပြည် _ ဒေါက်တာတိုးလှ
ကောင်းကင်များ၏အတ္ထုပ္ပတ္တိ _ ဘလော်ဂါနှင့် ကဗျာဆရာ/မများ
ကောင်းမှုတော်ဘုရားသမိုင်း _ ဦးထွန်းကြည်
ကိုယ်ကျင့်အဘိဓမ္မာ _ အရှင်ဇနကာဘိဝံသ
ကိုယ်တွေ့ စာစီစာကုံးများ _ အောင်သင်း
ကျေးဇူးရှင် _ ဦးနု
ကျေးဇူးရှင်ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်း
ကျောက်ကွင်းအရေးတော်ပုံ
ကျောက်တန်းရေလယ်ဘုရားသမိုင်း _ ဦးကျော
ကျဉ်တုတ်ခံဝံ့ မခံဝံ _ မောင်သာရ
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး _ ဒေါ်အောင်ဆန်းစုကြည်
ကျိုက်ကမာစိန်စေတီတော်သမိုင်း _ အရှင်ပညာဝံသ
ကျိုက်ခမီ ရေလယ်ဘုရားသမိုင်း
ကွန်ပြူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ _ မောင်မောင်မြင့်သိန်း(စက်မှု...
ကွယ်လွန်သူတို့ဝိညာဉ် _ သတိုးတေဇ
ကျွန်တော်နှင့်ဈေးသည်အလွဲများ _ နီကိုရဲ
ကျွန်တော့်လင် _ ဇ၀န
ကျွန်ုပ်တို့အမှန်တကယ်ယဉ်ကျေးကြပြီလောနှင့် ဓမ္မစာစုများ _ ၀င်းသိန်းဦး
ကြွကြွရွရွ ဟာသ _ ငွေကြည်

Monday, December 26, 2011

မြန်မာလိုဖတ်လို့ရပြီး မြန်မာစာ ရိုက်မရသူတွေအတွက်....



Zawgyi Keyboard Installer for Windows 7 (64-bit)


           
Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို ဒီကနေDownload ပြုလုပ်၍ ထိုဖိုင်ထဲမှ setup ကို install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။ အဆင်ပြေ ကြပါစေဗျား။ ကွန်ပြူတာ အျမိုးစား အလိုက်settings များလဲနိုင်ပါသည် ၊၊
Zawgyi Font Download  ယူနီဆက်

   ဒီဇင်ဘာလ 26, 2011 တွင် 10:29pm အချိန်၌ အရူးလေး ရေးသားခဲ့ သော post အားပြန်လည်မျှဝေလိုက်ပါသည်......                                                                                                                                                              

Thursday, December 22, 2011

သင့်လျှို့ဝှက်ချက်အားလုံး ခိုးယူမှတ်တမ်းတင်မယ့် Key Logger....

key logger ဟာတကယ်တော့သိပ်ကြောက်စရာကောင်းတဲ့ဆော့ဝဲ လို့ပြောချင်ပါတယ်
သင်သုံးသမျှ အချက်လက်လက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်သွားတဲ့လုပ်ဆောင်ချက်တမျိုးပါ
ရှင်းရှင်းပြောရရင်တော့ လူတစ်ယောက် ကွန်ပြူတာမှာ ဘာတွေလုပ်ခဲ့သလည်းဆိုတာ
မှတ်တမ်းယူတဲ့ History လိုဟာမျိုးကို အသေအချာပြန်လည်ပြုပြင်ရေးဆွဲထားတဲ့ဆော့ဝဲပေါ့ဗျာ

ဘယ်လောက်ထိကောင်းသလည်းဆို သင်နှိပ်သမျှ ကီးတွေ ( Gtalk အပါပေါ့ဗျာ) သုံးသမျှ ဆော့ဝဲတွေ
ဝင်သမျှဆိုက်တွေ သင့်လျှို့ဝှက်နံပတ်တွေ အားလုံးကို အချိန် အတိအကျ မှတ်တမ်းတင်ပေးတဲ့ဆော့ဝဲပါ
(သိပ်ကောင်းတဲ့ဆော့ဝဲဆိုရင် ဗီဒီယိုနဲ့ပါ မှတ်တမ်းတင်ထားပြီး ကိုယ်ပို့ခိုင်းတဲ့ မေးကို
( ကွန်ပြူတာ အသုံးပြုနေတဲ့သူမသိရှိစေပဲ)အလိုအလျှောက် ပို့ပေးတဲ့စနစ်ပါရှိပါတယ်

ဒီဆော့ဝဲလ် ကိုအစပိုင်းမှာ ထောက်လှမ်းရေးအတွက်သာ အသုံးပြုပြီး
နည်းပညာ ပျံ့ပွား လာတဲ့အချိန်မှာ ကုမ္ပဏီများ ဟာ မိမိ ၀န်ထမ်းများ ကွန်ပြူတာသုံးစွဲမှု့
(ကုမ္ပဏီ အတွင်းရေး ပေါက်ကြားစေခြင်း ရုံးချိန်တွင်း ချက်နေခြင်း ဖေ့ဘုတ်သုံးနေခြင်း
ဂိမ်းဆော့နေခြင်း) စတာတွေကို စုံစမ်းရာမှာသုံးစွဲလာကြတဲ့အပြင်....
အိမ်တွင်းမိသားစုများမှလည်း မိမိသားသမီးများ အွန်လိုင်း လိင် သားကောင်အဖြစ်မှကင်းလွတ်အောင်
စုံစမ်းထောက်လှမ်းဖို့ အသုံးပြုလာကြပါတယ်......

ဒီလိုနေရာတွေမှာသာ မဟုတ်ပဲ တခြာသူတဦးဦးရဲ့ ကွန်ပြူတာထဲထည့်လိုက်ခြင်း...
ဆိုင်တွေမှာအသုံးပြုခြင်းစတာတွေလုပ်လိုက် ရင်တော့ မနစ်နာသင့်တဲ့သူတွေနစ်နာကြရမှာပေါ့ဗျာ
( ရှိသမျှ အတွင်းရေး အကုန်ပေါ်ပြီသာမှတ်ပေတော့....)

အဲ.....တချို့ သိပ်နားမလည်တဲ့သူတွေကပြောကြတယ်...ကီးလော့ကာ က အလကားပါကွာ
ထည့်ထားမထား သိချင်ရင်လွယ်လွယ်လေးပါ....Shift+Alt+ ကီးတခုခုပေါ့ဗျာ အဲတာနှိပ်လိုက်
ပေါ်လာလိမ့်မယ်...အလကားပါ...လိုဆိုတဲ့သူကို...သနားတယ်လို့ပြောချင်ပါတယ်ဗျာ....
အဲဒီကီးလော့ကာတွေ က ကလေးကွက်တွေပါ.....သူ့ထက်ကောင်းတာတွေ စွမ်းတာတွေ အများကြီးပါ
Spy တွေသုံးတဲ့ဟာ ဒီလို အလွယ်လေးတွေဘယ်သုံးပါ့မလည်းဗျာ
(ဆော့ဝဲကောင်းတစ်ခုဆိုတာ ပညာရှင်တွေ အများကြီး အဘက်ဘက်ကနေ
အားနည်းချက်တွေ သေချာစဉ်းစားပြီးမှ ရေးဆွဲထားတာပါ)

တကယ်ကောင်းတဲ့ကီးလော့ကာ တချို့ အကြောင်းပြောပြချင်ပါတယ်
သူ့ကိုကွန်ပြူတာထဲမှာ Run ပြီးတာနဲ့ ( ဆော့ဝဲတင်ပြီးတာနဲ့ ) ဘယ်ကီးနဲ့ဖွင့်ချင်လည်း မေးပါတယ်
ကိုယ်ကြိုက်တဲ့ ကီး သုံးမျိုးပေါင်း ထားလို့ရပါတယ်....
( နောက်တမျိုးက cdm Run ဘောက်ထဲမှာ ကိုယ်ကြိုက်တဲ့နာမည်ကို ထည့်ရတာပါ)
အဲဒီလိုလုပ်ဆောင်ပြီးတာနဲ့ အခုစမှတ်တော့မလား ဆိုပြီးမေးပါတယ်
လူလည်းရွေးလို့ရတယ် Administrator နဲ့ဝင်ရင်မမှတ်ဘူး တစ်ခြားအကောင့်နဲ့ဝင်တာနဲ့
စမှတ်မယ်...ဒီလိုပေါ့...အဲလိုလုပ်ပြီးပိတ်လိုက်တာနဲ့ ဆော့ဝဲက ရှာမရတော့ဘူး
ပျောက်သွားပြီ Program Files ထဲမှာလည်းသွားမရှာနဲ့ မရှိတော့ဘူး
Install or Remove Program ထဲမှာလည်းမရှိဘူး

ဒီတော့စောစောကပြောသလို ဘယ်ကီး နဲ့ဘယ်ကီး တွဲပြီးနှိပ်လိုက်ပါ ကွာပေါ်လာလိမ့်မယ်ဆိုတဲ့
ပုံသေ ဆော့ဝဲတစ်ခုမြင်ဘူးတာနဲ့ အဟုတ်မှတ်နေတဲ့သူတွေ ကိုသနားတယ်ဗျာ...
(ဘယ်ကီးနှိပ် နှိပ်မပေါ်ဘူး cdm (Run Box) မှာ ကိုယ်စိတ်ကြိုက်မှတ်ထားတဲ့ နာမည်ကို
ထည့်လိုက်မှ ပေါ်လာတာပါ )....ဒီတော့ တော်၇ုံနားမလည်တဲ့သူတွေ ဒီဆော့ဝဲ တင်ပြီးရင်
ဆော့ဝဲကိုပြန်ပေါ်လာအောင်မလုပ်တတ်လို့ သုံးမရတဲ့သူတွေအများကြီးပါ

ဒီထက်ကောင်းတာလည်းရှိသေးတယ်...အဲတာကတော့ Portable Key Logger ပါ
ဆော့ဝဲတခုလုံးကို စတစ်ထဲမှာပဲ Run ထားတယ် ကွန်ပြူတာထဲမှာ txt ဖိုင်လေးတစ်ခုပဲကျန်တယ်
ကိုယ်လိုချင်တဲ့ကွန်ပြူတာမှာ..ဒီစတစ်လေးကိုထည့်ပြီး Run လိုက် ပြီးရင်ပြန်ဖြုတ်လိုက် ရပြီ
အဲဒီကွန်ပြူတာမှာဘာမှရှာမရတော့ဘူး ကီးတွေဝေးလို့ cdm နဲ့ရှာတောင်မရှိဘူး

ဟဲဟဲ...ကိုယ်လိုချင်တဲ့အချိန်ကျမှ အဲဒီကွန်ပြူတာထဲကို စတစ်လေးထည့်လိုက်
ပြီးရင် အဲဒီဆော့ဝဲဖိုင်ကိုဖွင့်ပြီး တစ်ချက်ကလစ်တာနဲ့ သွားသမျှဆိုက်နဲ့ ၀င်သမျှ password အကုန်ရတယ်
အဲ....အားနည်းချက်တော့ရှိတယ်...မြန်မာစာတော့မပေါ်ဘူးဗျာ ကွက်ရှင်မတ်လေးတွေပဲပေါ်တယ်
အဲစာတော့ အင်္ဂလိပ်လို ဘာမှ သွားမရေးလိုက်နဲ့ အကုန်မှတ်တမ်းယူထားတာ
(ကွန်ပြူတာနားလည်တဲ့ ဘာသာစကားတော့ အကုန်သိပါတယ်)

(ဆော့ဝဲလေးတစ်ခုနှစ်ခုလောက် စမိးသုံးပြီးတော့ လွယ်ပါတယ်ကွာ Task Manager ခေါ်ပြီး
ဘယ်ဖိုင် ဘယ်ဖိုင်တွေပါရင် ကီးလော့ကာပါတယ် ဖျက်လိုက်ရင်ရပြီ ဆိုပြီး
ကလေးကွက်တွေတော့လာမပြောနဲ့ဗျာ
သနားတယ် ဖျက်လိုက်ရင် ၀င်းဒိုးပါပြုတ်ကျသွားတဲ့ ဖိုင်တွေရှိတယ်နော်
လုပ်ထားပုံပြောပါတယ်ဗျာ)
ဆော့ဝဲရေးတဲ့သူတွေကလည်း ...ဒါတွေကြိုမြင်ပြီးသားပါ...ပြီးတော.့
ဖိုင် စနစ်နဲ့ နာမည်တွေမတူကြဘူးလေ ဘယ်သိနိုင်မလည်းနော်

ကျနော်လည်းရေးသာရေးရတာ ခံရတဲ့သူတွေနဲ့ သိချင်နေတဲ့သူတွေအတွက်ပါ
ကိုယ့်ရှုး ကိုယ်ပတ်မှာတော့ ကြောက်တယ်ဗျာ....သိချင်ရင်တော့ကိုယ်တိုင်ဒေါင်းယူလိုက်ကြဗျာ
အလကားတကယ်ပေးပြီး တကယ်ကောင်းတာတွေရှိ ပေမယ့် မပေးရဲပါဗျာ
(များသောအားဖြင့်က သိတဲ့အတိုင်း အလကားလိုလိုနဲ့ နောက်ဆုံးတော့ ပိုက်ဆံတောင်းကြတယ်လေဗျာ)
သေချာဖတ်ပြီးမှလုပ်ကြဗျို့...ကျနော်ကတော့ရှင်းပြပေးမှာမဟုတ်ပါဘူး...
(ပြောပြရင်လည်း မကြိုက်တဲ့သူတွေများမယ်ထင်ပါတယ်နော်)
တော်ကြာကိုယ့်ပါအမှုလာပတ်နေမှဒုက္ခ..

ကီးလောကာများဒေါင်းရန်...(အခုပေးထားတဲ့ဆိုက်က အားလုံးဒေါင်းလို့ရပါတယ်
ဘာမလည်းမမေး ဘာမှလည်းဖြည့်စရာမလိုပါဗျာ)
ဆိုက်တွေတော့အများကြီးရှိပါတယ်..ပေးလိုက်ရင်း...ပိတ်လိုက်ရင်းဖြစ်နေလို့ဗျာ...
တကယ့်ကောင်းတာတွေတော့မပေး၇ဲဘူးဗျာ.....ကိုယ့်စက်မှာတော့ထည့်ထားတယ်...
တခြားသူ ဒီလိုလုပ်လို့မရအောင်.......

( အရမ်းကြီးလည်း ကြောက်စရာမလိုပါဘူး ဒီလိုမခံရအောင် ကိုယ့်စက်ကို
ဒီ့ဖရီး အုပ်ထားပေါ့ဗျာ( Deepfreeze software 'ဒီမှာယူလိုက်ဗျာ) ပေါ့...
ဆိုင်တွေမှာအင်တာနက်သုံးနေတဲ့သူတွေကလည်း Deepfreeze အုပ်ထားတဲ့စက်ကိုပဲသုံးပြီး
ကိုယ်ပြန်ရင်စက်ကို Restart ချခဲ့လိုက် ရပြီဗျာ..
(Tools ဘားညာဘက်ဒေါင့်(ကွန်ပြူတာရဲ့ညာဘက်အောက်ထောင့်)မှာ ၀က်ဝံ ခေါင်းပုံလေး
ပါနေတဲ့ဟာ....နီမနေရဘူး ကြက်ခြေခတ် ဖြစ်မနေတဲ့ဟာ...)
ဆော့ဝဲလ်ဆိုင်တွေမှာ မေးဝယ်လို့ရပါတယ် ....
ဆော့ဝဲကို ရန်းရင် C စီ (Window ၀င်းဒိုးဘက် အခြမ်း) အသုံးပြုပါ အုပ်ပါ
ကိုယ်မှတ်စရာရှိတာတွေကို ကျန်တဲ့ အပိုင်း D တို့ E တို့မှာပဲမှတ်ပါ
Anti Virus တောင်မလိုလောက်တော့ဘူးဗျာ
(အခြားဆော့ဝဲတွေလည်းရှိပါတယ်....လူသိများတာပြောတာပါ )

ဒီဇင်ဘာလ 22, 2011 1:09amတွင်moe kyaw thu မှတင်ပြသောဘလော့ပို့(စ်)ပြန်လည်မျှဝေလိုက်ပါတယ်....