Monday, January 30, 2012

3G နှင့် 4G ....

Posted: 28 Jan 2012 03:10 AM PST
 

စာဖတ်သူ အားလုံးပဲ့ မင်္ဂလာပါ။ ကျွန်တော်တို့ နေ့စဉ်တိုးတက်နေတဲ့ နည်းပညာတွေကို ကိုယ်တိုင် ကိုယ်ကျ မထွင်နိုင်သေးသလို သူများ ထွင်တဲ့ နည်းပညာတိုင်းကို သိဖို့ ကြိုးစားနေကြတာလည်း မမှီနိုင်သေးတာတော့ စိတ်မကောင်းစရာပါပဲ့ ဒီလိုပါပဲ့ ကျွန်တော်တို့  နည်းပညာ လက်လှမ်းမှီဖို့ တိုးတက်ဖို့ ဘယ်လို ကြိုးစားကြရဦးမယ်ဆိုတဲ့ အသိ လေးတွေကိုတော့ လူတိုင်းရင်ထဲ့စွဲထားစေချင်ပါတယ်ဆိုတာလေးနဲ့ အစပြုပါရစေ..
ကဲ့ ဒီနေ့တော့ ကျွန်တော်တို့ 3 G နဲ့ 4G ကို ကွာခြားချက်တွေကို ပြောပြပေးပါမယ်။ ကဲ့ ဘာတွေ ကွာလည်း မသွားခင်မှာ ဒီ 3G နဲ့ 4G က Phone တွေ Tablet တွက် Mobile internet ဆိုတာကို အရင် သိထားပေးရပါမယ်။ ဒီကနေစလို့ သူတို့ နှစ်ခု ရဲ့ မတူညီတဲ့ ကွဲပြားချက်လေးတွေကို ကျွန်တော် ဖော်ပြရေးသားချင်ပါသေးတယ်။ ဒါတွေကတော့ ….



ပထမ အချက်...

3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။


ဒုတိယ အချက်...

ဒီအချက်အနေနဲ့ကတော့ technologies  ပါပဲ့။3 G မှာ သုံးထားတဲ့ technologies  က widespread ကို အသုံးပြုပေ့မယ် 4G  ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါတယ်။



တတိယ အချက်..

အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။

စတုတ္တအချက်..

နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ  4G    ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။



ဖြည်စွက်ချက်...



3GS ဆိုတာ ရှိပါသေးတယ်။  S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်။



3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ့။ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ် ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာကိုပါ ထည့်ပေးလိုက်ပါတယ်။
 


Generation - Definition - Technologies - Speeds

1G - Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G - Digital narrowband circuit data  (TDMA, CDMA) 9-14.4 kbps
2.5G - Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G - Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G - Replacement for EDGE is (HSPA) 1-3 mbps
4G - Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G - Gigabit per second in a few years (?) 1+ gbps

အောက်မှာ ရှင်းပြထားတဲ့ ဆရာရဲ့ ရှင်းလင်းချက်တွေကိုတော့နားထောင်ကြည့်ပါ။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။


ဒါကတော့ အသံဖိုင်နဲ့ ရှင်ပြထားတဲ့ Mp3 ဖိုင်ပါ။

ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင် အောက်ကလင့်တွေမှာ သွားဖတ်နိုင်ပါတယ်။

ကိုနေမင်းမောင် ရေးသားခဲ့သော post အားပြန်လည်မျှဝေပါသည်....


Sunday, January 22, 2012

အင်္ဂလိပ်စာလေ့လာရန်...

သတိပြုဖွယ်ဆင်တူယိုးမှားစကားလုံးများ...

ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်....

“ရုပ်နာမ်-သင်္ခါရ-အနိစ္စ တရားတော်“
မိမိခန္ဒာ၊ ဥာဏ်ရှု့ကာ၊ ဖြစ်လာပျက်သုဉ်းကြ။
ပြုပြင်ပေါ်ထွက်၊ ပေါ်ပြီးပျက်၊ သက်သက်အနိစ္စ။
အကြောင်းပြုပြင်၊ ကျိုးတင်ထင်၊ အစဉ်ဖြစ်ပျက်ကြ။
ဓမ္မသဘော၊ ငါမနှော၊ လောလောခန္ဒာပြ။
ခန္ဒာပြမှု၊ အစဉ်ရှု့၊ ငါးခုမဂ္ဂင်္ဂ။
ရှု့ကြည့်များတွေ၊ ရွံမုန်းလေ ဆုံးချေနိဗ္ဗန။
ခန္ဒာတစ်ခု၊ ဖြစ်ပျက်ရှု့၊ ရမှုနိရောဓ။
ဒါကာဒါကာမတို့ ကို သင်္ခါရတရားဆိုတဲ့ အချက်ကိုရှင်းပြရမယ် သင်္ခါရတရားဟာဘာလဲဆိုရင်
ပြုပြင်ထားတဲ့တရား ပဲလို့ပထမအကျဉ်းချုပ်ပြီးမှတ်ထားကြရမယ်.....

ကောင်းနိုးရာရာ အင်ဂျင်နီယာ စာအုပ်များ...

ဒီနေရာမှာ ရှာလို့ရသမျှ ကောင်းနိုးရာရာ အင်ဂျင်နီရာစာအုပ်တွေကို သူငယ်ချင်းတွေနဲ့အတူတူ မျှဝေချင်ပါတယ်... သူငယ်ချင်းတွေမှာ ရှိတဲ့စာအုပ်တွေကိုလည်း မျှဝေပေးကြမယ်လို့ မျှော်လင့်ပါတယ်...
တခါတလေ ကိုယ်က အကြောင်းအရာ တခုခုကို သိချင်နေပီး.. ဖတ်စရာစာအုပ်ကို ဘယ်မှာ ရှာရမှန်းမသိ ဖြစ်နေလို့ပါ... Download လုပ်၍ မရသည့်တိုင် Links လေးတွေပေးနိုင်မယ် ဆိုရင်တောင် တော်တော် အကျိုးရှိမယ်ထင်ပါတယ်... သွားပီး ဖတ်လို့ရနိုင်တာပေါ့...
အားလုံးပဲ စာအုပ်ထဲမှ ရတနာများကို ရှာဖွေ ခံစားနိုင်ကြပါစေ... :)
http://www.myanmarengineer.org - မြန်မာအင်ဂျင်နီယာအသင်း website ပါ
http://www.books-hive.com/library/login - စာအုပ်ပေါင်း ၁၄၀၀ ကျော်ကို အခမဲ့ Download လုပ်လို့ရအောင် ပြုလုပ်ထားတဲ့ ဗမာပညာရှင်တစ်ယောက်ရဲ့ ဆိုဒ်ပါ.. တော်တော်ကြီးကို ကောင်းပါတယ်... ကျေးဇူးလည်း အရမ်းတင်မိပါတယ်.. *Sign Up လုပ်ဖို့တော့ လိုပါတယ်..*
http://www.box.net/shared/1qpm2tsy23 - All Conversion Excel Sheet - အင်ဂျင်နီယာတွေအတွက် အသုံးဝင်မှာပါ...
http://www.box.net/shared/jeg0dnjvub - Steel manual Handbook.pdf - Civil အတွက် အသုံးကျမှာပါ...
http://www.box.net/shared/dl2kpq6uaa - Word Web- အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်
(သုံးလို့ အရမ်းကောင်းတဲ့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်တစ်ခု မျှဝေပေးလိုက်ပါတယ်.. Install လုပ်ဖို့လိုပါတယ်)
http://www.mediafire.com/file/ujhfjn1mxjj/Design_of_Concrete_Struct... - Design of Concrete Structure 13th Edition (Full Version)
ကွန်နက်ရှင်မကောင်းသူများအတွက် Design of Concrete Structure ကို အောက်မှာ အပိုင်း ၃ ပိုင်း ပိုင်းပေးထားပါတယ်..
http://www.box.net/shared/u99rsgl2bi (Part-1)
http://www.box.net/shared/98xxlyh98n (Part-2)
http://www.box.net/shared/n25smm9y97 (Part-3)

January 20, 2012 ရက် ၊ 4:31pm တွင် yelattkoko ရေးသားခဲ့သော ဘလော့အားပြန်လည်မျှဝေပါသည်....

Tuesday, January 17, 2012

နိဗ္ဗူတာသို့  (အရှင်ပုညာနန္ဒ)

တရားကိုကြိုးစားအားထုတ်ဖို့  လုံ့ လ၀ီရိယတွေကို သန်သန်ထွားထွားမွေးပြီး ကိုယ်အဓိဋ္ဌာန်ထားတဲ့ တစ်နာရီအတွင်းမှသက်တောင့်သက်သာလေးနဲ့  အရှုခံလေးတွေရဲ့ ပရမတ်သားပေါ်မှာ ဥာဏ်အမြင်လေးတွေနဲ့ ကောင်းစွာသိပြီး ဆန်းစစ်ရင်းရှုတတ်အောင်သင်ပေးမှာပါ၊
ကိုယ့်ရဲ့ပေါ်ရာအာရုံမှာပဲရှုရှု၊ နှာသီးဝအာရုံလေးမှာပဲ ကြည့်ကြည့် အရှုခံတရားတွေဟာ အရှုဥာဏ်အောက်မှာသိစရာအာရုံရယ်၊ သိတာရယ် အရှုခံမှန်သမျှက သိစရာအာရုံချည်းပဲ၊ အရှုဥာဏ်က သိသွားတာ ဒီနှစ်ပဲရှိတယ်၊ သိစရာအာရုံကို သိတဲ့အလုပ်နဲ့ ကြီုးစားနေကြတာ၊ ကိုယ်ရှုနေကျ အရှုခံအာရုံလေးကို နှာသီးလေးဝလေးမှာ ထားတော့ ရှူသွင်းခိုက် မှာ တိုးတာ အေးတာ၊ ရှူထုတ်ခိုက်မှာ တိုးတာ နွေးတာ၊ကိုယ်ပေါ်မှာ အာရုံစိုက်တော့နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတယ်လို့  ကိုယ့်နဲ့ စပ်ပြီးသိတာ ထင်ရှားတဲ့ အရှုခံရုပ်ကို အလေးပေးရှုတော့ ကာယနုပသါသတိပဋ္ဌာန် ဖြစ်တာပဲ၊
ဒီအပေါ်မှာ အာရုံအဖြစ်နဲ့ ထားပြီးတော့ ၀မ်းသာတဲ့သဘော၊၀မ်းနည်းတဲ့သဘောကောင်းတယ်၊ မကောင်းဘူးလို့ မသုံးသပ်တော့ဘဲနဲ့ အလယ်အလတ် ခံစားတဲ့သဘောရယ်လို့ ဝေဒနာကလည်း သုံးမျိုးပဲရှိတာ၊ အဲဒီဝေဒနာကိုကြီုးစားပြီးရှုနိုင်တဲ့ပုဂ္ဂိုလ်ကလည်း ဝေဒနာနုပသါသတိပဋ္ဌာန်ဖြစ်သွားတာပဲ၊
ဒါတွေပေါ်မှာလိုက်လိုက်ပြီးသိသိသွားတဲ့ သိတတ်တဲ့သဘောစိတ်ကိုအာရုံပြုရှုတော့လည်း ရှေ့ အသိစိတ်လေးကို နောက်အသိစိတ်က အစားထိုးပြီး အကဲခတ်တိုင်း အကဲခတ်တိုင်း မှာ ရှေ့ အသိစိတ်အာရုံလေးကို နောက်အသိစိတ် အာရုံလေးက ပြန်ပြီးကြည့်တာပဲ၊ရှေ့ စိတ်ကို နော် စိတ်နဲ့ အကဲခတ်နေတာပဲ၊ အဲဒီလိုစိတ်လေးတွေပေါ်တိုင်း ပေါ်တိုင်းရှုသွားရင် စိတ္တာနှပသါသတိပဋ္ဌာန် ဖြစ်တာပဲ၊
ရုပ်ဝေဒနာ စိတ်ရယ်လို့ ကောင်းစွာသိလို့ အရှုခံလေးတွေမှာ ရုပ်ပေါ်လည်း ရုပ်ကကိုကောင်းစွာရှုနိုင်တယ်၊ ဝေဒနာပေါ်လည် ဝေဒနာကိုကောင်းစွာရှုနိုင်တယ်ပေါ်ရာအရှုခံလေးတွေကို လိုက်လိုက်ပြီး ရုပ်ပေါ် နာမ်ပေါ် ပေါ်ရာအရှုခံမှာ အာရုံပြု ရှုနိုင်ရင် ဓမ္မနုပသါသတိပဋ္ဌာန်ဖြစ်တာပဲ၊
ဘယ်သတိပဋ္ဌာန်ကိုပဲ ရှုရှု ကိုယ့်စရိုက်၊ကိုယ့် ကမ္မဋ္ဌာန်းညီဖို့ အရေးကြီးတယ်၊ သတိပဋ္ဌာန်းလေးပါးမှာတစ်ပါးပါးကိုရှုနိုင်ရင် နိဗ္ဗာန်ရောက်တာပဲ၊နိဗ္ဗာန်ရောက်အရေးမှာကိုယ့်မှာဘာစရိုက်ရှိလဲ၊ အဲဒီရှိတဲ့စရိုက်နဲ့ အခု အရှုခံအာရုံအဖြစ်ပြမယ့်ကမ္မဋ္ဌာန်းလေးမျိုးထဲက တမျိုးမျိုးကိုရွေးရမှာ၊ အဲဒီလိုရွေးဖို့ ကကိုယ့် ရဲ့စိတ်မှာကိုယ်ဘာစရိုက်ရှိတယ်ဆိုတာအသိဆုံး၊ ကိုယ့်မှာက လိုချင်ရမက်ကြီးမယ်၊ ဥာဏ်ကလည်းနုတယ် ဆိုရင် ကိုယ့်နဲ့ စပ်ပြီးထင်ရှားတဲ့ ရုပ်အရှုခံ ကာယနုပသါသတိပဋ္ဌာန်ကို ရှုပါ၊ လိုချင်ရမူအားကြီးတယ်၊ ငါစွဲလည်းကြီးတဲ့ ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်၊ ငါစွဲလည်းအားကြီးတယ်ဥာဏ်ကလည်းနုံတယ် အဲဒီပုဂ္ဂိုလ်အတွက်က
စိတ္တာနှပသါသတိပဋ္ဌာန်ရှုပါ၊ စိတ်ကိုအလေးပေးရှုပါ၊

January 17, 2012 တွင်2:30am တွင် myonainghtoon ရေးသားခဲ့သောဘလော့ အားပြန်လည်
မျှဝေလိုက်ပါသည်...

Sunday, January 15, 2012

အင်္ဂလိပ်စာ အတွက် သင်ခန်းစာများ...

English Conversation Lessons (Greeting a visitor/ Apologizing for a delay/ Asking about the journey) (new)
မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ ( Travel, Trip, Voyage or Journey, Look and Watch) (new)
-
House စကားလုံး အီဒီယံ အသုံးအနှုန်းများ
"You're hired" ဗီဒီယိုဇာတ်လမ်းတွဲ - အပိုင်း (၉)
-
ထိရောက်စွာ ဆွေးနွေးတင်ပြခြင်း (Present Yourself Effectively by Guy Perring)
-
နှစ်သစ်အကြို အီဒီယံအသုံးအနှုန်းများ
-
Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
-သင်ယူမှုအတတ်ပညာ(စာဖတ်နည်း scanning နှင့် skimming)
- အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (There again/Let's face it/Quite frankly/I hope so)
- အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Buts/Chance/Cheer/Day/Fool)
-
You're Hired - အပိုင်း (၈)
-
Full stop အသုံးပြုခြင်းနဲ့ ကွင်းခတ်ခြင်း
-
ကော်မာကလေး
-
စာဟန်ပေဟန်နဲ့လား၊ စကားပြောဟန်နဲ့လား (Informal or what? by Guy Perring)
-
You're Hired - အပိုင်း (၇)
-
Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
နားလည်သလို ပြန်ပြောခြင်းနှင့် ထပ်တူလိုက်ပြောခြင်း (Paraphrasing and Echoing by Guy Perring)
- You're Hired - အပိုင်း (၆)
-
Future tense လို့လာပြောရင် မယုံနဲ့ (Have No Faith in the Future by Tom Hayton)
-
Window စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
-
Sale အီဒီယံစကားလုံး အသုံးအနှုန်းများ
-
အင်္ဂလိပ်ဘာသာလေ့လာသူများ အတွက်ရှောင်ရန် ၉ ချက်
-
မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ
-
Why has English been adopted as an international language?
-
အင်္ဂလိပ်စာ သင်ယူမှုဆိုင်ရာ အခမဲ့ အွန်လိုင်း Website များ
-
You're Hired - အပိုင်း (၅)
-
You're Hired - အပိုင်း (၄)
- Hand စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများ  
- Some common English idioms
- ဒီနေ့အတွက် အင်္ဂလိပ်စာ
- Cover letter ရေးပုံရေးနည်း
- You're Hired - အပိုင်း (၃)
- Using the Verb to be  
- Strike စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ  
- You're Hired - အပိုင်း (၂)
- အသုံးဝင်သော စကားအသုံးအနှုန်းများ (On/Remember/Tell/ About/With/Without)
- Easy way to speak English (5)
- အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (famous/absolutely/day/ die/give)
- Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)  
- You're Hired - အပိုင်း (၁)
- အသုံးဝင်သော စကားအသုံးအနှုန်းများ (Breath/Know/Like/Roll/Same)

အင်္ဂလိပ်စာ နှင့် စကားကိုနှစ်သက်ပါသောကြောင့် အထက်ပါ Link များကို Myanmar Network ထဲမှကူးယူဖေါ်ပြထားပါသည်..