Sunday, November 20, 2011

Window 8 နှင့် မြန်မာ Fonts

ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..
32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..
64 Bits Users တွေကတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့သွားချလိုက်ပါ..
Keymagic ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့ချလိုက်ပါ..
အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ .. 

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် .. 

ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. 


အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ကိုနေမင်းမောင် ၏ Post အားပြန်လည်မျှဝေလိုက်ပါတယ်..ကိုနေမင်း ကိုလည်း
ကျေးဇူးတင်ရှိပါသည်.... 

Friday, November 18, 2011

ယောဂီလုပ်မည့်သူ ဆိုတာ.....

မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ ဆုံးမစာ


အလွန်အေးငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကြီးကို မျက်မှောက်ပြု ခံစားလိုသောယောဂီ ဟာသိက္ခာသုံးပါးကျင့်ဖို့ နဲ့  ကျင့်နိုင်အောင် အောက်ပါ အရည်အချင်း ၁၅မျိုး နှင့် ပြည့်စုံသူဖြစ်ရမည်။ မေတ္တာသုတ်ထဲမှာ ပါတယ်လေ ။ ရွတ်သာနေတယ် သေသေချာချာမသိလို့ပါ ။
၁ ။ သက္ကော - ဒီကမ္မဌာန်းအလုပ်ကို အဟုတ်လုပ်နိုင်သူ ဖြစ်ရမည် ။
၂ ။ ဥဇု - ကိုယ်ရောစိတ်ပါ မလိမ်ညာဘဲ မှန်ရာကို ပြောဆိုလုပ်ကိုင်နိုင်သူ ဖြစ်ရမည် ။
တရားလျှောက်ရင်လည်း လိမ်မလျှောက်ရဘူး ၊ ဟန်မလုပ်ရဘူး ။
၃ ။ သုဟုဇု - စိတ်ထဲမှာကိုက ရိုးသားဖြောင်မတ်သူဖြစ်ရမယ် ။ ရိုးတဲ့ဂုဏ်လောက် ကောင်းတာ
လောကမှာ ဘာမျှမရှိဘူး ။
၎ ။ သုဝစော - ပြောဆိုဆုံးမရင် နာလွယ်သူ ၊ နားထောင်တတ်သူ ဖြစ်ရမယ် ။ ပြန်မပြော
နားမထောင်မလုပ်ရဘူး ။ အရှင်သာရိပုတ္တရာ မထေရ်ကြီး က ကိုရင်လေးဆုံးမ
တာတောင် နာယူတယ် ။ ရှင်ရာဟုလာ ငယ်ငယ်က နံနက်တိုင်း သဲတွေ
လက်နဲ့ဆုပ်ပြီး ဒီသဲလုံးလေးတွေလောက် ဆုံးမမည့်သူ ရပါစေလို့
တောင့်တခဲ့တယ်တဲ့ ။
၅ ။ မုဒု - ကိုယ်နှုတ် ၊ နှလုံး သုံးပါးလုံး နူးညံ့ပျော့ပျောင်း သိမ်မွေ့  ယဉ်ကျေးသူဖြစ်ရမည် ။
တနည်းအားဖြင့် အလုပ်ခွင်မှာ သွက်လက်ပေါ့ပါးသူ ဖြစ်ရမည် ။

ပုထုဇဉ်များ ကြိုတင်မသိနိုင်သော အကြောင်းတရားငါးပါး....

“ဇီဝိတံ ဗျာဓိ ကာလောစ ဒေဟနိက္ခေပနံ ဂတိ
ပဉ္စတေ ဇီဝလောကသ္မိံအနိမိတ္တာန န ရယေ”
ဒီဂါထာရဲ့ အဓိပ္ပါယ်က ပုထုဇဉ်လူသားတို့ အနေနဲ့ ကြိုတင်ပြီး နိမိတ်ဖတ် မသိအပ်နိုင်တဲ့ အခြင်းအရာ အကြောင်းတရား ငါးပါးရှိပါတယ်။အဲဒါက ဘာတွေလဲလို့ဆိုတော့
၁။ဘယ်အသက်အရွယ်ရောက်ရင်သေမလဲ။
၂။ဘယ်ရောဂါ ဝေဒနာဖြစ်ပြီးသေမလဲ။
၃။ဘယ်အချိန်ကာလမှာသေမလဲ။
၎။ဘယ်သချုင်္ိင်းမှာခေါင်းချရမလဲ။
၅။သေပြီးရင် ဘယ်ဘုံကိုရောက်မလဲဆိုတဲ့ အခြင်းအရာငါးပါးပါ။ မှန်ပါတယ်။

Virus ဆိုတာ....

လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။မူလရေးသားသူ

ဆရာမျိုးသူရနှင့် ပြုစုပေးသူအားအထူးကျေးဇူးတင်ရှိပါတယ်။
၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...နော်

၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry key
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့နော်... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့နော်... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်..

YeYe(Yekyawphyo) ၏ post အားပြန်လည်မျှဝေပါသည်....

Thursday, November 17, 2011

အင်တာနက်မချိတ်ထားပဲဘယ်လို chat ကြမလဲ....

အခုပြောပြမှာကတော့ သင်တန်းကျောင်းတွေမှာ အများဆုံးသုံးကြပါတယ်. ကွန်ပျူတာ အလုံး 20-30 လောက်ချိတ်ပြီးတော့ Lan Chat လေးတွေ တင်ပေးထားတတ်ပါတယ်. ကိုယ်ဝင်ချင်တဲ့အကောင့်နဲ့ ၀င်ပြီးတော့ အင်တာနက် မရှိဘဲနဲ့ local မှာပဲ ချက်ကြတာလေ မြင်ဖူးကြမယ်လို့ ထင်ပါတယ်.  အောက်မှာ Lan chat အတွက် ဆိုက်တွေပေးလိုက်ပါတယ်. အားလုံး Free version တွေချည်းပါပဲ. သုံးကြည့်လိုက်ပါ. အဆင်ပြေတဲ့ program နဲ့သာ ချက်ကြပါ. အဆင်ပြေ မယ်လို့မျှော်လင့်ပါတယ်.

  1. http://www.fomine.com/lan-chat.html
  2. http://www.leadmind.com
  3. http://www.lanmessenger.com
  4. http://www.winpopup-lan-messenger.com
  5. http://lan-chat.srimax.com
  6. http://www.akeni.com
နိုဝင်ဘာလ 17, 2011 1:05pmတွင်ထူးမြတ်ထွန်း မှတင်ပြသောဘလော့ပို့(စ်)အားပြန်လည်
မျှဝေပါသည်.....ကိုထူးမြတ်ထွန်း ကိုလည်း ကျေးဇူးတင်ရှိပါသည်....

Friday, November 11, 2011

ဇာတိ မလာရေးနှင့် နိဗ္ဗာန် အမြင်(ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ)


ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင်-၁၀ (ပိုင်းလော့ဆရာတော်)

တရားကျင့်မည့်သူတို့ အဓိက သိရန်
---------------------------------------

အရှုခံဖြစ်တဲ့ နံပါတ် (၂) အကွက်သည် ဘုရားရှင် ဉာဏ်တော် နဲ့ အခက်ခဲဆုံး ကျက်စားခဲ့တဲ့ အလုပ် ၊ဒါ ကိုဘုန်းဘုန်းတို့ ဘုရားဟော အတိုင်းပြန်သင်ရမှာ။ ဒီလိုသင်တဲ့အခါ အဘိဓမ္မာကျမ်းကို အခြေခံရတယ်။ အဘိဓမ္မာကျမ်း ဟာ မပါလို့ မရဘူး။
ဘုရားက အမိန့်ရှိပြီးသား။ ဒါဟာ ငါဘုရားကိုယ်စား ထားခဲ့တာလို့နော်။ စာပေ ကျမ်းဂန်ကို လက်လွှတ်လို့မရဘူး။ စာမတတ် လို့လည်းမဖြစ်ဘူး။ တတ်စရာ မလိုဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်ဟာ အမှားပဲ။ အရေးကြီးတယ်နော်။ ဒါတွေဟာ ဘုရားဟောတွေပဲ၊ အဓိက ကျမ်းဂန်တွေကို အခြေခံရတယ်နော်။ ဘုရားရှင်ကိုယ် တော်မြတ်ကြီးကို အာနန္ဒာ မထေရ် က မေးတယ်။ အရှင်ဘုရား… ဘုရားမရှိတဲ့နောက်မှာ (အိန္ဒိယ ဆိုတာ သိတဲ့အတိုင်းပါပဲ )။ ကျင့်စဉ်တွေအများကြီးပေါ်လာ လိမ့်မယ် ဘုရားတဲ့။ ရှုပ်ယှက်ခတ် ကုန်မှာ သိတယ်နော်။

ဒီတော့ဘယ်ကျင့်စဉ်ဟာ ဘုရားဟော အစစ်ဆိုတာကို တပည့်တော် တို့ခံယူရင် ကောင်းမလဲ ဘုရားလို့ အရှင်အာနန္ဒာ မထေရ်က ကြိုမေးထားတယ်။ ဘုရားရှင် က အာနန္ဒာတဲ့ ၊ ဘယ်နေရာ ကလာလာ ၊ဘယ် ကမ္မဋ္ဌာန်းရိပ်သာ ကလာလာ ၊ပြောချင်တာက ဘယ်လောက် နာမည်ကြီး ပစေ ပေါ့နော်။

သူတို့ နိုင်ငံ မှာ အစုံရှိတာကိုး။ ဒီလိုလာပြီး နည်းပေးပါစေ။ သူပေးတဲ့နည်းတွေကို ချက်ချင်းလည်း မငြင်းလိုက်ပါနဲ့။ ချက်ချင်းလည်း လက်မခံလိုက်ပါနဲ့တဲ့။ လက်ခံပြီးတော့လည်း မကျင့်နဲ့။ ငြင်းလည်း မငြင်းနဲ့ အုံးတဲ့။ ငါဘုရားဟောခဲ့တဲ့ ကျမ်းစာတွေ ရှိတယ်။

သုတ္တံရယ် ၊ဝိနည်း နဲ့ အဘိဓမ္မာ ရယ် ရှိတယ်။ ညီတယ် ဆိုရင် ငါဘုရားတရားလို့မှတ်ပြီး ကျင့်ပါတဲ့။ မညီရင် မကျင့်ပါနဲ့တဲ့နော်။ နားလည်ပြီနော် ။ ဝိပဿနာလည်းသည် အတိုင်း မှတ်ရမယ်။ ကျမ်းနဲ့ညီမှ ဝိပဿနာဖြစ်ရမယ်။ မညီ ရင် မမှန်ဘူးလို့မှတ်လိုက်ပါ။ ရဲရဲတင်းတင်းပဲ ကိုင်ရလိမ့်မယ်။

အခု ဘုန်းဘုန်း တို့ကြည့်ရမှာ ကျမ်းနဲ့ အညီ နိဗ္ဗာန် ဆိုတာဘာလဲဆိုတော့ နိ-ဝါန ။ ဒါဟာကျမ်းနဲ့ ညီ ပြီးသား။ သူက တဏှာ မရှိ ခြင်းသဘော ၊တဏှာ မရှိဘူးဆိုတော့ တဏှာ မရှိအောင်လည်း ရှေ့မှာပေါ်တဲ့ အာရုံအသိမှာ စိတ်-စေတသိတ် ရုပ်တွေ ပေါင်းစပ်ထားတယ် ဆိုတာ သိရင် ဒီ အာရုံအပေါ်မှာ အမှန်သိရင် တဏှာ မရှိဘူး။
အမှန်သိဘို့ အရေးကြီးတယ်။ အဲဒါကို သမ္မာဒိဋ္ဌိခေါ်တယ်။ မဂ္ဂင် ခေါင်းဆောင်ဆိုတာ အမြင်မှန်ကိုပြောတာ။ တစ်နည်းအားဖြင့် ဒီ ငါး ခုဟာ ဝိဉာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ ၊ဝေဒနာ အဲဒီ ငါးခုကို တစ်နည်းအားဖြင့် ခန္ဒာငါးပါးလို့ခေါ်တယ်။ ဘယ်လိုခေါ်လဲ ခန္ဓာ ငါးပါး ပါဘုရား။ ) အဲဒီ ခန္ဓာငါးပါး ဆိုတဲ့ စကား မှာပဲလည်တော့တာပဲ။ ခန္ဓာ ဆိုတဲ့စကားရှေ့မှာခံထားတော့ လူတွေ မျက်စိလည် နေကြတယ်။
********************************************************************

ဓမ္မ Websites များ....