Sunday, November 6, 2011

ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု....


(၁) အကြောင်းတရာနဲ့အကျိုးတရားတို့ဟာ အမြဲတမ်းထိတွေ့နေတာဖြစ်လို့ အကြောင်းကြောင့် ပျက်စီးတာလည်းပြောလို့ရသလို သူ့အလိုလိုပျက်စီးတာလို့လည်း ပြောလို့ရပါတယ်။ သဘာဝတရားကြီးကိုက ဒီတိုင်းချည်း အမြဲဖြစ်ပျက်နေတယ်လေ။

(၂) ဥပမာ-လက်ကိုင်ပ၀ါအဖြူရောင် တစ်ထည်ကို လက်ထဲမှာဆုတ်ထားလိုက်ပါ။ ဆုတ်ထားတာကြာလာရင် အဲဒီလက်ကိုင်ပ၀ါဟာ ညစ်နွမ်းခြင်း၊ တွန့်ခြင်းစတဲ့ ဖောက်ပြန်ပျက်စီးမှုတွေ ဖြစ်လာတာကို မြင်ရပါလိမ့်မယ်။ ဒါဟာလည်း ပင်ကိုယ်မျက်စိနဲ့ ဖောက်ပြန်ပျက်စီးမှု မြင်လွယ်တဲ့အရာကို ဥပမာပေးလိုက်တာပါ။ အဲဒီလိုမြင်လွယ်တဲ့အရာမို့လည်း မြတ်ဗုဒ္ဓက စူဠပန်မထေရ်ကို လက်ကိုင်ပ၀ါကို ဆုတ်နယ်ခိုင်းပြီး တရားရအောင် လုပ်ခဲ့တာပါ။ လက်ကိုင်ပ၀ါမှမဟုတ်ပါဘူး။ ကျန်တဲ့ဘယ်ရာမဆို သူ့အလိုလို ဖြစ်ပျက်နေကြပါတယ်။ ဘယ်ဟာမှ ပုံမှန်အတိုင်း ရှိမနေကြပါဘူးလေ။ မိမိတို့က ကိုယ်ပိုင်ဉာဏ်နုနယ်သေးတဲ့အတွက်သာ မမြင်လွယ်တဲ့အရာတွေ ရှိနေတာပါ။

တကယ်တော့ လောကကြီးထဲမှာ အာရုံကိုသိတတ်တဲ့သဘောတရားလေးမျှနဲ့ ဖောက်ပြန်တတ်တဲ့ သဘောတရားမျှလေးသာ ရှိပါတယ်။ အထည်ကိုယ်ဒြပ်တွေ၊ အစိုင်းအခဲစတာတွေ မရှိပါဘူး။ ဥပမာ-ပယ်လယ်ထဲခရီးသွားတဲ့အခါ ပယ်လယ်ရေထဲမှာ ရေမြုပ်ကြီးတစ်ခုကို အဝေးကကြည့်လိုက်တဲ့အခါ အစိုင်းအခဲကြီးလို့ ထင်ရပေမဲ့ အနီးသွားရောက်ပြီး လက်နဲ့ထိကြည့်လိုက်တဲ့အခါ အဲဒီရေမြုပ်ဟာ ပျက်စီးသွားသလို လူခန္ဓာကိုယ်အစရှိတဲ့ သက်ရှိသက်မဲ့များဟာလည်း အစိုင်းအခဲမဟုတ်ဘဲ နဲ့ ဖောက်ပြန်တတ်တဲ့ သဘောတရားမျှလေးသာရှိပါတယ်။ ဒါကြောင့်လည်း အချိန်တန်ရင် လက်နဲ့ဆုတ်ကိုင်ပြလို့ရတဲ့အရာတစ်ခုမှမရှိဘဲဖြစ်နေတာပါ။ လောကကြီးထဲမှာ ရေမြုပ်ဥပမာလို၊ ဖောက်ပြန်တတ်တဲ့ သဘောတရားလေးသာရှိတယ်ဆိုတဲ့ တရားသဘောကို သိမြင်မယ်ဆိုရင် လက်နဲ့ဆုတ်ကိုင်ပြလို့ရတဲ့အရာဟာ မရှိဘူးဆိုတာ သိပါလိမ့်မယ်။

ဘုရားရှင် ၀ါကပ်တော်မူခဲ့သောနေရာများ.....


မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးတဲ့အခါ ပဌမဗောဓိလို့ခေါ်တဲ့ ၀ါတော်(၂၀)အတွင်း ကျွတ်ထိုက်တဲ့ဝေနေယျများရှိရာ နေရာအသီးသီးသို့ ကြွရောက်ကာ ၀ါကပ်တော်မူခဲ့ပါတယ်။ ဒါကြောင့် ပဌမဗောဓိဆိုတဲ့ ၀ါတော်(၂၀)အတွင်း ၀ါကပ်တဲ့နေရာဌာနများကို အနိဗဒ္ဓ၀ါဆိုရာဌာနများလို့ ခေါ်ဆိုရပါတယ်။

(၁) ဘုရားရှင်ဟာ ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး၊ ဗာရာဏသီပြည်ကို ဂေါစဂံပြုကာ မိဂဒါဝုန်တောမှာ ပဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။

(၂-၃-၄) ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်မှာ ဒုတိယ၀ါ ၊ တတိယ၀ါ၊ စတုတ္ထ၀ါ ကပ်တော်မူခဲ့ပါတယ်။

(၅) ဝေသာလီပြည်ကို အမှီပြုပြီး မဟာဝုန်တောအုပ် အတွင်းမှာစုလစ်မွန်းချွန် အထွတ်တတ်တဲ့ ကျောင်းတော်မှာ ပဉ္စမ၀ါကပ်တော်မူခဲ့ပါတယ်။

ရှင်အရဟံ ၏ တရားဦး...


ရှင်အရဟံရဲ့ တရားဦးကိုပြောမယ်ဆိုရင် ရှင်အရဟံနဲ့ အနော်ရထာမင်းတို့ တွေ့ဆုံကြပုံ စိတ်ဝင်စားစရာ ကောင်းပါတယ်။ စာဖတ်သူများလည်း ဗဟုသုတဖြစ်အောင် သူတို့နှစ်ဦးတွေ့ဆုံပုံလေးကို အကျဉ်းမျှ ဖေါ်ပြပေးလိုက်ပါတယ်။

အခါတစ်ပါး မြန်မာပြည်မှာ သာသနာထွန်းကားနိုင်ရန်အတွက် အရှင်အရဟံဟာ ပုဂံပြည်သို့ ကြွလာကာ မြို့နဲ့မနီးမဝေး တောအုပ်တစ်ခုမှာ သီတင်းသုံးနေပါတယ်။

လူဝင်စားဆိုတာ.....


ဗုဒ္ဓလူဝင်စားတယ်ဆိုတာ ဗုဒ္ဓ၀ါဒအရ လုံးဝမဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဟာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုတော်မူပြီး ဖြစ်တဲ့အတွက် နောက်တဖန် ဘ၀အသစ် ပဋိသန္ဓေဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် ဗုဒ္ဓလူဝင်စားဟာ လုံးဝမဖြစ်နိုင်ပါဘူး။

လူဝင်စားဆိုတာ ဖြစ်ခဲ့တဲ့ အတိတ်ဘ၀များကို ပြန်လည်အမှတ်ရနိုင်သူပါ၊ မနေ့ကလုပ်ခဲ့ပြောခဲ့တဲ့ အကြောင်းအရာများကို ဒီနေ့ပြန် မှတ်မိနေသလိုမျိုးပါ။ ဒါကို ဘုရားရှင်က ဇာတိဿရဉာဏ်ရရှိသူများလို့ မိန့်တော်မူပါတယ်။

ခန္ဓာငါးပါး ဆိုတာ....


မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရုပ်၊ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်ဆိုပြီး ဒေသနာအစဉ်အားဖြင့်သာ ဟောကြားတော်မူတာပါ။ အာရုံဖြစ်ပေါ်တဲ့အခါ ငါးပါးလုံး အတူတူဖြစ်ကြတယ်လို့ပဲ ဆိုရပါ့မယ်။ ရှင်းပြပါဦးမယ်။ ဥပမာ….အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာသုံးပါဟာ တစ်ခုစီဟောထားပေမယ့် အနိစ္စလက္ခဏာဖြစ်ပြီဆိုလျှင်ကျန်သည့် လက္ခာဏာနှစ်ပါးလည်း ပါဝင်ပြီးဖြစ်တော့သည်။ (ပထ၀ီ အာပေါ တေဇော ၀ါယော၊ ၀ဏ္ဏ ဂန္ဓ ရသ သြဇာ)ဆိုတဲ့ အ၀ိနိဗ္ဘောဂ ရှစ်ပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ တစ်ခုစီခွဲထားပေမယ့်လို့ ဒီရှစ်ပါးဟာ ရုပ်ဝတ္ထုပစ္စည်းတစ်ခုမှာ တပေါင်းတည်း ဖြစ်ကြပါတယ်။ တစ်ခုပီးတစ်ခုဖြစ်တယ်ဆိုပြီး ခွဲလို့မရပါဘူး။ ဝေနယျများ သိစေရန်အတွက်သာ ခွဲခြမ်းပြခြင်းသာဖြစ်တယ်လို့ မှတ်ရမယ်။

ထို့အတူ ခန္ဓာငါးပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါ၊၀ိညာဏ်လို့ စီအစဉ်အတိုင်း ခွဲပြထားပေမယ့်လို့ တကယ်တမ်း အာရုံပေါ်တိုင်းမှာ ခန္ဓာငါးပါး ရုပ်နာမ်တရားများဟာ တပြိုင်နက်ဖြစ်ပြီး ချူပ်ပျောက်ကြပါတယ်။ သည်လို ရုပ်နာမ်များ ချူပ်ပျောက်တဲ့နေရာမှာ တောင်မှလက်ဖျစ်တစ်တွက်တွင် ကုဋေတစ်သိန်းချုပ်တယ်ဆိုတာကို မြတ်ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့သာ မြင်တာပါ။ သာမာန်ပုဂ္ဂိုလ်များ မမြင်နိုင်ပေ။ အကယ်၍ ခန္ဓာငါးရဲ့ ဖြစ်စဉ်ကို ခွဲခြမ်းလို့ရတယ်ဆိုဦးတော့ မြတ်ဘုရားရဲ့ အရာတော်သာဖြစ်
တယ်လို့သာမှတ်ယူရပါမယ်....

ဓမ္မစေတီဆရာတော် ဦးကောသလ္လ ၏ တရားတော်များ....


၁။ ထေရ၀ါဒနိဒါန်းတရားတော် ၂။ ထေရ၀ါဒ၏ အနှစ်သာရတရားတော် (၁)
၃။ ထေရ၀ါဒ၏ အနှစ်သာရတရားတော် (၂)
၎။ ထေရ၀ါဒနှင့် မြန်မာပြည် (၁)
၅။ ထေရ၀ါဒနှင့် မြန်မာပြည် (၂)
၆။ အမြတ်ဆုံးဒါနတရားတော်
၇။ အကျိုးကြီးလှ မြတ်ဒါနတရားတော်
၈။ အဘိဓမ္မာဖြင့် ချမ်းသာစွာနေနည်းတရားတော် (၁)
၉။ အဘိဓမ္မာဖြင့် ချမ်းသာစွာနေနည်းတရားတော် (၂)
၁၀။ မခမ်းနားပေမဲ့ ဆန်းပြားသည့်ထေရီမတရားတော်

"ပါရာဇိက" ကျူးလွန်မိရင်....


ပါရာဇိကလေးပါးမှာ တစ်ပါးပါးကို ကျုးလွန်မိတဲ့ ရဟန်းတစ်ပါးအနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးတယ်ဆိုရင် သာမဏေ (ကိုရင်)အသွင်ဖြင့် နေနိုင်ပါတယ်။ ကိုယ်တိုင် ပါရာဇိကကျုးလွန်မှန်းမသိဘဲ ကျုးလွန်ထားတဲ့ရဟန်းဟာ သီးခြား လူထွက်နေစရာမလိုပါ။ ရဟန်းအဖြစ်မှ လူ့အဖြစ်သို့ အော်တိုမစ်တစ်ရောက်ရှိသွားပါတယ်။ တကယ်လို့ ပါရာဇိကကျတဲ့ရဟန်းဟာ လူမထွက်ဘဲနေရင် သေလွန်တဲ့အခါ ငရဲကျခံရမှာဖြစ်ပါတယ်။ တကယ်လို့ ပါရာဇိကကျမှန်းသိတဲ့အတွက် လူထွက်ထားတဲ့သူဟာ လူ့အသွင်နဲ့နေကာ ဒါန၊သီလ၊ဘာဝနာများအားထုတ်လျှင် မဂ်ဖိုလ်နိဗ္ဗာန်တောင် ရောက်နိုင်ပါတယ်။