Monday, October 31, 2011

ဓမ္မမှတ်စုများ .....

ဗုဒ္ဓဘာသာ နှင့် သက်ဆိုင်သော ဓမ္မ မှတ်စုများ...
(Dhamma Web မှကူးယူမျှဝေပါသည်)
1 ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း နေလင်း
2 လူငယ်နှင့်ကိုးကွယ်မှု ဓမ္မအလင်းရောင်
3 ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင် ဖြစ်သနည်း.... သိပါသလား.... Dhammaransi Group
4 ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း ဦးသာမြတ်
5 ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား ဓမ္မဒူတ အရှင်ပညာဇောတ
6 အမေရိကန်စတိုင်လ်ဗုဒ္ဓဘာသာ ဓမ္မဂင်္ဂါ
7 ဗုဒ္ဓသာသနာပြုခရစ်ယာန်အရင့်အမာကြီး ဓမ္မဂင်္ဂါ
8 မြတ်ဗုဒ္ဓသာသနာတော်၂၅၀၀ ခရီး မောင်ပညာ (မန်းတက္ကသိုလ်)
9 ဗုဒ္ဓဘာသာ ငါးမျိုး အရှင်ဇောတိသာရ(စဥ့်ကူး)
10 လုပ်ကြံမှု့များကြားက ဗုဒ္ဓဘာသာ အရှင်ဝရသာမိ
11 ဗုဒ္ဓ၏ အယူဝါဒ (၁) သရ၀ဏ်
12 ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား ဓမ္မဒူတ အရှင်ပညာဇောတ
13 ဗုဒ္ဓ၀ါဒနှင့် စဉ်စားဝေဖန်မှု (၁) အရှင်ပညာနန္ဒ- M.A
14 ဗုဒ္ဓဘာသာနှင့် အမျိုးသမီးများ အရှင်ကိတ္တိသာရ
15 ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်
( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
သီတဂူ ဆရာတော်
16 လုပ်ကြံမှုများကြားကဗုဒ္ဓဘာသာ အရှင်ကုသလသာမိ (ပျော်ဘွယ်)
17 မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာရောက်ရှိပြန့် ပွားလာပုံ http://lokachantha.blogspot.com
18 အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း အရှင်ဉာဏဒီပ (ဓမ္မရတနာ)
19 ကိုးကွယ်တယ်ဆိုတာ ဘာလဲ အရှင်သီလာနန္ဒာဘိဝံသ
20 သာသနာ့အလံ တီထွင်သူ အမှန် အရှင်သုနန္ဒာလင်္ကာရ
21 ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း http://myakyunthar.blogspot.com

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း....


ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။
ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
 

သရဏဂုံဆောက်တည်ရခြင်း နှင့်အကျိုးကျေးဇူးများ....



Dhamma Web..မှ အရှင်ဥက္ကံသ(ဖားအောက်တောရ) ဆရာတော်၏ မပြတ်ပွားများ သရဏဂုံတရား
 ကိုပြန်လည်ကူးယူမျှဝေပါသည်...

 သရဏဂုံဆိုသည်မှာ “သရဏဂမန”ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သရဏ- ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့် ဂမန- ဆည်းကပ်ခြင်းကို “(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။
သရဏ
ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု မှတ်ယူပါ။

အဘယ်ကြောင့်ဆိုသော်---
၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကောင်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။
၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။
၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်ဖြစ်ပါစေ)ကို ပြုကြကုန်သော သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။
ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။


Friday, October 28, 2011

ဝိပဿနာတရားတော်များ (ပိုင့်လော့ဆရာတော်)

 ၁ ဗျာပါဒပယ်ရန်အရှုံးအမြတ်တွက်နည်းDownload
၂စင်ကြယ်မှုကိုတန်ဖိုးထား၍အားထုတ်နည်းDownload
၃ဟီရိသြတ္တပ္ပ အရှက်အကြောက်နှင့်ယှဉ်၍ရှုမှတ်နည်းDownload
၎ကြွေးဟောင်းကြေ၍ ကြွေးသစ်မလာသော အမြင်နှင့်ရှုမှတ်ရန်Download
၅လမ်းစဉ်တရားနှင့်ကျင့်စဉ်တရားDownload
၆မကောင်းမှုအတိုင်းအတာနှင့်လမ်းခင်းခြင်းတရား Download
၇စိတ်အစာမှားခြင်းနှင့်ဒိဋ္ဌိကြိုးအတိုးအလျော့တရားDownload
၈ကာမိစ္ဆန္ဒဗျာပါဒတရားDownload
၉ချမ်းသာခံစားလေလေ ဆင်းရဲထင်ရှားလေလေတရားDownload
၁၀ညနေအလုပ်ပေးတရားDownload
၁၁ဒိဋ္ဌိကြိုးနှင့်အလုပ်ပေးတရားတော်(၁)Download
၁၂ဒိဋ္ဌိကြိုးနှင့်အလုပ်ပေးတရားတော်(၂)Download
၁၃ဒိဋ္ဌိကြိုးနှင့်ပဋိသန္ဓေတရားDownload
၁၄ဆီဖြည့်ခွက်ဥပမာတရားDownload
၁၅အကြောင်းနှင့်အကျိုးတရားDownload
၁၆စိတ်သုံးမျိုးနှင့် လမ်းသုံးသွယ်တရားDownload
၁၇ဘုရားရှင်သိတော်မူသော သိနိုင်ခဲသောအကျင့်Download
၁၈အရဉာဏ်အကြောင်းDownload
၁၉မျက်မြင်အထည်ခန္ဓာနှင့် ဉာဏ်သဘောခန္ဓာDownload
၂၀တရားအစဉ်တန်းပုံနှင့်ဖြတ်ပုံDownload
၂၁ကုသိုလ်နှင့်အကုသိုလ်Download
၂၂၀ဋ်သုံးပါးတရားတော်Download
၂၃သစ္စာလေးချက်Download
၂၄၀ိပဿနာနှင့်ဈာန်Download
၂၅မဂ်အကြောင်းDownload
၂၆ပါရမီဆယ်ပါးကျင့်စဉ်Download
၂၇ကိလေသာသံယောဇဉ်ဆယ်ပါး Download 

ထေရ၀ါဒဗုဒ္ဒသာသနာ ပြန့်ပွါးပြီ (အာဖရိကသို့..)


အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။

ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက

Thursday, October 27, 2011

တချိန်တွင်စကြဝဠာတခုလုံး ကိုးကွယ်ကြမည့် "ဗုဒ္ဓဘာသာ"

 (ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး - ဒေါက်တာ အဲလ်ဘတ်စ်အိုင်းစတိုင်း) က

"နောင်တချိန်တွင် စကြဝဠာတခုလုံး ကိုးကွယ်ကြသည့် ဘာသာတရားတခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မည်။ ဤအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ပေးနိုင်မည့် ဘာသာတရားတခုသာ ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်" ဟုပြောဆိုခဲ့ဖူးပါတယ်....

Good Questions, Good Answers - part 3

ဗုဒ္ဓ ၏ စွယ်တော် (သွား) ဆိုတာ....

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏ စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း

နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ

သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက

ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိ
ချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်
ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...
October 26, 2011 ရက် ၊ 8:06pm တွင် ksw ရေးသားခဲ့သော ဘလော့အားပြန်လည်
မျှဝေလိုက်ပါတယ် ....