Wednesday, October 19, 2011

စာအုပ္ကမ ၻာ ၃...

  1. ကိုစံ ခန္ဓာငါးပါးပျောက်ဆုံးခြင်းတရား
  2. ကိုတာ တွေးသူများ
  3. ကိုတာ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း
  4. ကိုဘတင် နက္ခတ္တ ဒီပနီကျမ်း
  5. ကင်းဝန်မင်းကြီး နေမိ ရကန်
  6. ကျီးသဲလေးထပ်ဆရာတော် စွယ်စုံကျော်ထင်ကျမ်း
  7. ကြည်ကြည်မာ ဟယ်ရီပေါ်တာနှင့်အက်ဇခါဘန်အကျဉ်းသား
  8. အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း
  9. ခင်ဆွေဦး စစ်ကိုင်းသမီး ဒိုင်ယာရီ

စာအုပ္ကမ ၻာ...

Tuesday, October 18, 2011

မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာ...


 ၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
    ဖြစ်ခဲလှစွာ ၊ လူဆိုတာ ၊ ဖြစ်ကာနေကြပြီ ။

 ၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
     ရှင်ခဲလှစွာ ၊ သက်ဆိုတာ ၊ ရှင်ကာနေကြပြီ ။

 ၃။ တရားတော်ဟာ ၊ နာဖို့ရာ ၊ လွန်စွာခဲယဉ်းသည်။
     နာရခဲစွာ ၊ တရားဟာ ၊ နာကာနေကြပြီ ။

 ၄။ သာသနာဟာ ၊ တွေ့ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
     တွေ့ခဲလှစွာ ၊ သာသနာ ၊ တွေ့ကာနေကြပြီ ။

     အကြောင်းလေးဖြာ ၊ ဆုံဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
     ဆုံခဲလှစွာ ၊ ကြောင်းလေးဖြာ ၊ ဆုံကာနေကြပြီ ။
     အကြောင်းလေးဖြာ ၊ ဆုံခိုက်မှာ ၊ အရိယာမဂ်ဟာ ရသင့်သည် ။

     ကျမ်းကိုး - ထေရီအဋ္ဌကထာ ၊ ၀ိမလာထေရီဝတ္ထု ။
October 16, 2011 ရက် ၊ 4:00pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့အားပြန်လည်မျှဝေလိုက်ပါတယ်...

Monday, October 17, 2011

သောတာပန်ဖြစ်ဖို့အချက်နှစ်ချက်....

"မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိဖြစ်တာ" သောတာပန်လို့ဘုရားရှင်ကဟောပြ
ထားခဲ့ပါတယ်..
တနည်းအားဖြင့် သောတာပန်တည်ချင်လို့ရှိရင် သမ္မာဒိဋ္ဌိဖြစ်မှတည်တယ်
လို့ဆိုပါတယ်..
သမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်ဖြစ်ဖို့ရာကတော့

၁.ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု (စိတ်ရှု၊ဝေဒနာရှု၊ ရုပ်ရှု၊သစ္စာရှု)
၂.ယောနိသောမနသီကာယ ဆိုတဲ့ မှန်ကန်သော နှလုံးသွင်းမှု..
 
   ရှိရမယ်လို့ဘုရားရှင်ကဟောပြထားခဲ့ပါတယ်...
   သတိပဋ္ဌာန်လေးပါးရှိတယ်..
   ဝေဒနာရှု
   စိတ်ရှု
   သစ္စာရှု
   ရုပ်ရှု
    တစ်ခုခုကိုရှုမှတ်ပြီးနှလုံးသွင်းရတယ် လို့ ဘုရားရှင်ကဟောပြထားခဲ့
    ပါတယ်....
  

ဘုရားငါးဆူ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ....

  ကျွန်တော်တို့ ကမ္ဘာမတိုင်မီ အတိတ် လွန်ခဲ့ပြီးသော ၃၁-ကမ္ဘာအထက်တွင် သိခီ,ဝေဿဘူ မြတ်စွာဘုရား
၂-ဆူ ပွင့်တော်မူခဲ့သော မဏ္ဍကမ္ဘာဖြစ်ခဲ့၏။သိခီ,ဝေဿဘူ မြတ်စွာဘုရား၂-ဆူ ပွင့်တော်မူရာ မဏ္ဍကမ္ဘာကြီး
ကုန်ဆုံးပျက်စီးသွားပြီးနောက် ဘုရားပွင့်တော်မူခြင်းမှ ဆိတ်သုန်းသော သုညကမ္ဘာပေါင်း(၂၉)ကမ္ဘာဖြစ်ပေါ်ခဲ့
ပြီး အသီးသီးကုန်ဆုံးပျက်စီးသွားပြီးနောက်တွင် ဖြစ်လာသောကမ္ဘာကား(၁)ကကုသန္ဓမြတ်စွာဘုရား၊
(၂)ကောဏာဂမနမြတ်စွာဘုရား၊(၃)ကဿပမြတ်စွာဘုရား၊(၄)ဂေါတမမြတ်စွာဘုရား၊(၅)အရိမေတ္တေယျ
မြတ်စွာဘုရား ဟူသော မြတ်စွာဘုရား ငါးဆူ ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာပင်ဖြစ်ပါသည်။

ကွန်ပျူတာ connector များအကြောင်း . . .



အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

Sunday, October 16, 2011

ဝိပသနာနှင့် စိတ်အကြောင်း...

ဝိပသနာအကြောင်းနှင့် စိတ်အကြောင်း ကို မိုးကုတ်ဆရာတော်ကြီးနှင့် ပိုင့်လော့ ဆ၇ာတော်ကြီး
တို့၏တရားတော်တို့ကို ebook အဖြစ်ဖတ်ရှုနိုင်စေဘို့တင်ပြပေးလိုက်ပါတယ်..
ဒီမှာဒေါင်းပါ..