Saturday, October 15, 2011

စုံလင်လှပါသော စာအုပ်ကမ္ဘာ.....

စုံလင်လှတဲ့ ဒီနေရာလေး မှစာအုပ်ပေါင်းများစွာကို နှစ်သက်ရာ ရွေးချယ်ဖတ်ရှုနိုင်မယ့်နေရာလေး
တစ်ခုပါ..
စာပေကိုဖတ်ရှု ရတာဝါသနာပါသူတွေအတွက်ကတော့ရသပေါင်းစုံ ဖတ်ရှုရနိုင်မယ့်Website လေး
ပါပဲလို့....
ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
အောက်တိုဘာလ 5, 2011 3:08pmတွင်Δℓωαʏƨβʏɛ မှတင်ပြသောဘလော့ပို့(စ်)အားပြန်လည်မျှဝေပေးလိုက်ပါတယ် Δℓωαʏƨβʏɛ ကိုလဲကျေးဇူးပါ....

The Circle Of Deathlessness....

 သံသရာမှလွတ်မြောက်ကြောင်းတရား( လွတ်လမ်းစက်ဝိုင်း)...

ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သံသရာမှ လွတ်လမ်းစက်ဝိုင်း အား English ဘာသာဖြင့်
ရေသားထားသည့်အတွက် တိုင်းတပါးသားတို့အနေဖြင့်
"ဗုဒ္ဓ " ၏ တရားတော်တို့ကို သိခွင့်ရရှိမှာဖြစ်သည့်အတွက် တနည်းအားဖြင့်
ဓမ္မ ဒါနမြောက် Post တခုဖြစ်တင်ပြလိုက်ပါတယ်....


Friday, October 14, 2011

၂၄ ပစ္စည်းအကျဉ်း.....

ဟေတုပစ္စယော

ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း-- ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌-- မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)

ဒိဋ္ဌိမဖြစ်လိုသော်.....

ဒိဌိမဖြစ်လိုသော်(သို့) လူနှင့်တိရိစ္ဆာန်..


       အဘိဓမ္မာသဘောအရမှာ....ခန္ဓာ(၅)ပါး ရဲ့ အနက်သဘောကို ဘယ်လိုဖွင့်သလဲ...ဟုဆိုလျှင်........----

            ငါ၊သူတစ်ပါး၊ယောကျာင်္း၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တ၀ါ....ဟူသော သညာ=ပညတ်ခံ နာမ မှန်သမျှသည် ခန္ဓာ(၅)ပါး ----ရုပ်နာမ် အစုအဝေး နှင့်သာ တည်ဆောက်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်..။

            ခန္ဓာ(၅)ပါး ဆိုသည်မှာ----

(၁)။ ရူပက္ခန္ဓာ=ဖောက်ပြန်တတ်သော ရုပ်တရား အစု။(မတည်မငြိမ် ဖြစ်နေသော ခန္ဓာ..။)

(၂)။ဝေဒနာက္ခန္ဓာ=ခံစားတတ်သော တရားအစု။(ခံစားမှု့ကို  သိသောခန္ဓာ..။)

(၃)။သညာက္ခန္ဓာ=မှတ်တတ်သော တရားအစု။(သူပဲ၊ငါပဲ၊ဟိုဟာပဲ၊ဒီဟာပဲ မှတ်တတ်တဲ့ခန္ဓာ..။)

(၄)။သင်္ခါရက္ခန္ဓာ=ပြုပြင် စီရင်တတ်သော နာမ်တရားအစု..။(တခဏ အချိန်အတွင်း အမျိုးမျိုးပြောင်းလဲ ဖြစ်ပျက်နေသော ခန္ဓာ..။)

(၅)။ဝိညာဏက္ခန္ဓာ=သိတတ်သော နာမ်တရားအစု။(ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်သော သိစိတ်ခန္ဓာ..။)


Thursday, October 13, 2011

ငါ့ရင်ခွင်ကို (အစ္စနီ) ၂....


တစ်နေရာတည်းမှာ အစုံတွေ့ရမယ့်.....

ဒီနေရာလေးမှာတော်တော်လေးစုံတယ် လို့ပြောရမှာပါ..ဒီလင့်လေးကိုနှိပ်ပြီးသွားကြည့်လိုက်ပါ..
နှစ်သက်ရာကိုဝင်ရောက်ကြည့်ရှု နိုင်ပါတယ်..
သက်နှင်း က မေလ 12, 2011 နေ့ 8:10am မှာ  FM လမ်းညွှန်ခေါင်စဉ်နဲ့ရေးသားခဲ့တဲ့ Post ကိုပြန်
လည်မျှဝေပေးလိုက်ပါတယ်...

ဓမ္မ နှင့် တရားမှတ်စုများ...

မိုးကုတ်ဆရာတော်ကြီး၏ သံသရာမှလွတ်လမ်း စက်ဝိုင်းကို ဓမ္မ ဒါနအဖြစ်တင်ပေးလိုက်ပါတယ်...